မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 21 January 2014

မင်္ဂလာဒုံ ဘီအိုစီဆီဆိုင် ဆီသိုလှောင်ကန်မှာ မီးလောင်နေ


ယနေ့ ညနေ ခြောက်နာရီ ခုနှစ်မိနစ်မှာ မင်္ဂလာဒုံ ဆေးရုံကြီးမရောက်မီ လေတပ်ရိပ်သာနဲ့ မျက်နှာ ချင်းဆိုင်မှာ ရှိတဲ့ ဓာတ်ဆီဆိုင်မီးလောင်ပါတယ်။
ဓာတ်ဆီဆိုင်နေရာဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ခြံဝင်းနဲ့ ထိစပ်နေလို့ ပြည်တွင်း ၊ ပြည်ပ လေယာဉ်များဆင်းသက်မှုကို ခေတ္တဆိုင်းငံ့ထားကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနက သိရှိရပါတယ်။
ခြောက်နာရီခွဲနောက်ပိုင်းမှာတော့ မီးညွန့်ကျိုးသွားကြောင်း၊ ဆက်လက်ငြိမ်းသတ်နေကြောင်း တင်ပြအပ်ပါတယ်။
ကောင်းလက်ဖက်ရည်ဆိုင်ဘေးက ဓာတ်ဆီဆိုင် ဖြစ်ကြောင်းနဲ့ အခု လေယာဉ်ကွင်းကို ပြန်ဖွင့်လိုက်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထပ်မံသတင်းရရှိပါတယ်။

ဦးရဲထွဋ် (ပြန်ကြားရေး ဒုဝန်ကြီး - Facebook)

မင်္ဂလာဒုံ ဘီအိုစီ ဆီဆိုင်ဆီသိုလှောင်ကန်မှာ
မီးလောင်နေတယ် လို့ သိရပါတယ်။လောင်တာများပြီးခုထိလောင်နေဆဲပါ။ မင်္ဂလာဒုံမီးကမငြိမ်းသေးဘူးလို့ သိရပါတယ်။

Author မိုးအိဖြိုး
Kumudra

မင်္ဂလာဒုံ တပ်မတော် (လေ) စစ်သားစုဆောင်းရေးတပ် (ဘီအိုစီ)ဝင်းအတွင်းက လေယာဉ်ဆီတွေ သိုလှောင်ထားတဲ့နေရာမှာ ဒီနေ့ညနေ ၆နာရီ ၁၅ကစတင်ပြီး မီးလောင်ခဲ့ပါတယ်။
ဆီတွေပေါက်ကွဲမှုကြောင့် မီးလောင်မှုပြင်းအားများတာကြောင့် ဘီအိုစီက လမ်းပိုင်းကို ယာယီပိတ်ထားတယ်လို့ ကမာရွတ်သတင်းထောက်က ဆိုပါတယ်။ မီးလောင်ပေါက်ကွဲနေတဲ့ လေယာဉ်ဆီ သိုလှောင်တဲ့နေရာဟာ ဓာတ်ငွေ့ပိုက်လိုင်းနဲ့နီးကပ်နေတာကြောင့် မီးကူးစက်မှာကို စိုးရိမ်တကြီးရှိနေကြတယ်လို့ မီးသတ်အရာရှိတွေကို ကိုးကားပြီး သတင်းပေးပို့ထားပါတယ်။

Kamayut Media


မင်္ဂလာဒုံလေတပ် အရာရှိ ရိပ်သာရှေ့  ပြည်လမ်းမပေါ်က Terminal Punk ဆီဆိုင်ရဲ့ ဆီသိုလှောင်ကန်မီး လောင်နေပါတယ်။ terminal punkဆိုင်က max ရဲ့နာမည်ခွဲဆိုင်တစ်ခုပါ။


0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်