မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 20 January 2014

မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်ဟောကိန်းနှင့် ထိုင်းနိုင်ငံရေး

နိုင်ငံရေးမှာ သွေးထွက် သံယိုဖြစ်ရပ်တွေ ရှိလာလိမ့်မယ်ဆိုတာ မြန်မာနိုင်ငံက အလွန်နာမည်ကြီးတဲ့ မိုင်းဖုန်းဆရာတော်နဲ့ အကြား အမြင် ဆရာမ အီးတီတို့ က မနှစ်ကတည်းက ကြိုတင်ဟောကိန်းထုတ်ထား ခဲ့ပါတယ်။ 





ငယ်ရွယ်စဉ်ကတည်းက အများရဲ့ ကြည်ညိုလေးစားခံရတဲ့ မိုင်းဖုန်းဆရာတော်ဟာ ယခင် မြန်မာစစ်အစိုးရ က ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရလို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစုလောက် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှာ ဂူအောင်းပြီး တရား ကျင့်ကြံ နေထိုင်ခဲ့တဲ့ ဆရာတော်တပါးလည်း ဖြစ်ပါတယ်။ 
မိုင်းဖုန်းဆရာတော်ဟာ မနှစ်က နိုဝင်ဘာလကပဲ ထိုင်း-မြန်မာချစ်ကြည်ရေး တံတား ဖြစ်တဲ့ မယ်ဆိုင်နဲ့ တာချီလိတ်မြို့ ဖြတ်ကူးတံတားကတဆင့် ပြည်တော်ပြန်ဝင်ခဲ့တာပါ။ 
ပြည်တော်ပြန်ပြီးနောက် မိုင်းဖုန်း ဆရာတော်က ထိုင်းနိုင်ငံရေးမှာ အကြပ်အတည်းတွေရှိနိုင်ပြီး သွေးထွက် သံယိုကိစ္စ တွေပါဖြစ်နိုင် တယ်လို့ မနှစ်က နိုဝင်ဘာလက မိန့်ကြားခဲ့တယ်ဆိုပြီး ထိုင်းရုပ်သံ ဆွေးနွေးပွဲတွေ မှာ ထိုစဉ်က ဖော်ပြခဲ့ကြပါတယ်။
မိုင်းဖုန်းဆရာတော်ရဲ့ သက်တော် ၅၀ ပြည့် ရွှေရတုမွေးနေ့ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့ကပဲ မြန်မာ
နိုင်ငံ၊ တာချီလိတ်မြို့နယ် မိုင်းဖုန်းဒေသမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာပါ။ 
အဲဒီ မွေးနေ့ပွဲအပြီး မိုင်းဖုန်း ဆရာတော်ဟာ ထိုင်းနိုင်ငံဘက်က ဒကာ၊ ဒကာမတွေရဲ့ ပင့်ဖိတ်မှု အရ ထိုင်းနိုင်ငံကို ဇန်န၀ါရီလ ၈ ရက်နေ့ကပဲ သွားရောက်ပြီး သတင်းသုံးနေပါတယ်။ မည်မျှကြာ ထိုင်းနိုင်ငံမှာ သတင်းသုံးနေထိုင်မယ် ဆိုတာ သေချာ မသိရသေးပါဘူး။ 
ဒီအပြင် မြန်မာပြည်က အကြားအမြင်ရသူလို့ နာမည်ကြီးတဲ့ အီးတီ (ဒေါ်ဆွေ ဆွေဝင်း) ကလည်း ထိုင်းနိုင်ငံ မှာ  နိုင်ငံရေး တင်းမာမှုတွေဖြစ်ကာ သွေး ထွက်သံယိုတွေဖြစ်မယ်လို့ မနှစ်ကတည်းက ဟောကိန်းထုတ် ခဲ့ တဲ့ အကြောင်း ထိုင်းတီဗွီတွေက ထုတ်လွှင့်ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။
ယခင် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကိုလည်း ပြည်ပခရီးစဉ်သွားခိုက် အာဏာသိမ်းခံရမယ်ဆိုတာ အီးတီက ဟောကိန်းထုတ်ခဲ့ဖူးတာကြောင့် သက်ဆင်အပါအ၀င် ထိုင်းနိုင်ငံသားတော်တော်များများ လည်း မြန်မာပြည်က အကြားအမြင် ဆရာမ အီးတီ ရဲ့ ဟောပြောမှုတွေကို ယုံကြည်ကြပါတယ်။ 
ထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး မြန်မာပြည်က အထင်ကရ နာမည်ကျော် မိုင်းဖုန်းဆရာတော်နဲ့ အကြားအမြင် ဆရာမ  အီးတီးတို့ရဲ့ ဟောပြောချက်တွေက အခုတော့ မှန်ကန်နေပြီလို့ ပြောလို့ ရမယ် ထင်ပါတယ်။ 
အခုရက်ပိုင်း ဘန်ကောက်မြို့ဆန္ဒပြပွဲတွေ အတွင်း သေနတ်ပစ်ခတ်မှု၊ ပေါက်ကွဲမှု ဖြစ်စဉ်တွေကြောင့် ဒဏ်ရာရ သူ ၄၀ ဦး ထက် မနည်း ရှိနေပြီး ဒီအထဲက တဦးဟာ သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်း မီဒီယာတွေ မှာ ဖော်ပြကြပါတယ်။ 


အိမ့်သံစဉ် ~

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်