မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 24 September 2014

"တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်ကို ဖီဆန်ကြပြီလား"

The Irrawaddy (Burmese Version)'s photo.The Irrawaddy (Burmese Version)'s photo.


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်ကို ဖီဆန်ကြတာလား။ ဆင်းရဲသား နင်းပြား တောင်သူ လယ်သမားတွေကို လိမ်လည်လှည့် ဖျားတာလား။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒေသခံတောင်သူ လယ်သမားများနှင့် ပြေလည်အောင် ဆွေးနွေးညှိနှိုင်းရန် သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့များထံ ညွှန်ကြား ထားကြောင်း သိရသော်လည်း၊ ဒေသခံကျေးရွာသူကျေးရွာသားများ ပိုမိုဒုက္ခရောက်စေရန် သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့များက တမင်ကြံရွယ်လုပ် ဆောင်နေသည်မှာ ထင်ရှားလှသည်။ အမှတ် (၁) ခဲယမ်းမီးကျောက် တပ်သည် ပဲခူးမြို့၊ သာယာကုန်းကျေးရွာ အုပ်စုမှ ကျေးရွာတောင်သူ လယ်သမားများပိုင် လယ်ယာမြေဧက (၅၈၀၀) ကျော်ကို အဓမ္မသိမ်းဆည်း ထားပြီးနောက် ပြန်မပေးသေးသည့် အပြင်၊ သုံးမိုင်နီးပါး အရှည်ရှိသည့် အုတ်တံတိုင်း စည်းရိုး ကာရံလိုက်သဖြင့်
ကျေးရွာသူကျေးရွာ သားများ အလွန်ဒုက္ခရောက်လျက် ရှိပါသည်။ အုတ်တံတိုင်း စည်းရိုးသည် ကျေးရွာအ၀င် အထွက်လမ်းများအားလုံးကို ပိတ်ဆို့ လိုက်သည်ဖြစ်၍၊ အမျိုးသမီးများနှင့် ကလေးငယ်များ သာမက၊ ကျောင်းသူကျောင်းသား များပါ အုတ်တံတိုင်း စည်းရိုးကို ၀ါးလှေကားဖြင့် ခက်ခက်ခဲခဲ ကျော်ဖြတ် သွားလာနေရပါသည်။ အဆိုပါ ၀ါးလှေကားလေး ကိုပင် မကြာခန လာရောက် ခုတ်ဖြတ် ဖျက်ဆီးလေ့ ရှိသေးသည်။ သုံးမိုင်နီးပါး အရှည်ရှိသည့် ထိုအုတ်တံတိုင်း စည်းရိုးကြောင့် ကျောင်းသား ငယ်လေးများသည် အဆိုပါ အုတ်တံတိုင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့် အပြင်၊ နှစ်မိုင်နီးပါးဝေးသော မူလတန်းကျောင်းလေးသို့ နှစ်နာရီကြာမျှ ခြေလျင်လျှောက်၍ နေ့စဉ်ကျောင်းတက်နေရ ပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် တာဝန်ရှိသလို အမြန်ဆုံး အရေးယူဆောင်ရွက်ပေး သင့်ပါသည်။ ကျမတို့ မြန်မာနိုင်ငံတောင်သူ လယ်သမား သမဂ္ဂအနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ မကြာမီတွင် တရားဝင် တင်ပြတောင်းဆို သွားမည်ဖြစ်ပါသည်။

Su Su Nway / Facebook မှ ပြန်လည် မျှဝေပါတယ်

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်