မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 26 September 2014

အဉ္စနနဒီ: အလိမ်ပေါ်သွားလို့ ရှက်ရမ်းရမ်းသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်


မြေပုံမြို့နယ်ရှိ ခိုးဝင်ဘင်္ဂလီများအား ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်/ပြုခွင့် စီစစ်ခွင့်ပြုသည်ဆိုရာ၌ အဆင်းလေးဆင့်သတ်မှတ်ကာ / ပဏာမပြည့်စုံရမည့် အချက်လေးချက် ပြည့်စုံမှသာလျှင် နိုင်ဖြစ်/နိုင်ပြု လက်ခံနိုင်မည်ဟု အစိုးရနဲ့ရထိုင်လူထုများ သဘောတူခဲ့ကြပါသည်
အဆိုပါ ကိစ္စရပ်များအား သဘောတူအဆင့်ဆိုသော်လည်း နိုင်ဖြစ်/နိုင်ပြု၏ အဓိကပြည့်စုံရမည့် အချက်များနှင့် သက်သေအထောက်အထားများ မပြနိုင်သည့်အပြင် ထိုအချက်လေးချက်ဆိုရာ၌ . . . တိုင်းရင်းသားစကားပြောတတ်ခြင်း / အသက် ( ၁၈ ) နှစ်ပြည့်ပြီးသူဖြစ်ခြင်း / မိဘ ( ဘိုးဘွားအမည် ) ကို ပြောပြနိုင်ခြင်း ( ဗဟိုစစ် ) / ၁၉၄၈ ခုနှစ်ကပင် နေထိုင်ခဲ့မှု သက်သေ အထောက်အထားပြဆိုခြင်းဟု သတ်မှတ်ထားခဲ့ပါသည် ။
သို့သော်လည်း မြို့နယ်စီစစ်ရေးကော်မရှင် / ခရိုင် / ပြည်နယ်နှင့် ဗဟိုစီစစ်ရေးကော်မရှင်တို့၏ အဆင့်ဆင့်စီစစ်ပြီးမှသာ လက်ခံရမည်ဟု ပါရှိပေမယ့် မြို့နယ်အဆင့်မှ အတည်မပြုသည့်

အချက်အလက်ပါ မှတ်ချက်များကို ဗဟိုကော်မရှင်က စီစစ်ပြီးလက်မှတ်ထိုးလိုက်သယောင်ယောင် ပြုလုပ်ကာ ဗဟိုအဆင့်၏ ဆန္ဒသဘောထားနစ်ခုတည်းဖြင့် ခွင့်ပြုရာ ရောက်နေပါတော့သည် ။
အစကနဦးကပင် လိမ်လည်အကွက်ရိုက်ချင်သည့်အတွက် သုံးထပ်သားဝက်သားကို ဒလှိမ့်ထိုးစားရသလိုမျိုး ရေကန်အသင့် ကြာအသင့်ဖြစ်သွားခဲ့သည် ။ အမှုကိစ္စတစ်ခုကို ကျွမ်းကျင်ရာလိမ်မာဆိုရာ၌ မပြုမီကပင် ဖြစ်ပေါ်လာမည့်ကောင်း/ဆိုးကို တွက်ခြေကိုက်အောင် ချင့်ချိန်ဖို့လိုအပ်ပါသည် ။ ယခုကဲ့သို့ စီစစ်ရေးလုပ်ငန်းများ အလိမ်အတွတ်များမှုကြောင့် မြို့မိမြို့ဖနှင့် မြေပုံမြို့ခံများ မကျေမနပ်ဖြစ်ကြပြီး ဦးမောင်မောင်အုန်းနဲ့အစိုးရအဖွဲ့ကို ကြိုဆိုမည့်သူပင်မရှိပါဘဲ တစ်မြို့လုံး အိမ်တံခါးပိတ် ဆန္ဒပြခဲ့ကြသည် ။
၎င်းကို ဒေါမာန်ပွကာ အစိုးရနဲ့ထိပ်တိုက်တွေ့မည်ကို ရှောင်ရှားကြရန် ဦးမောင်မောင်အုန်းက သတိပေးစကားပြောလိုက်ပြီး သူတို့ ကလဖန်ထိုးလိုက်သော အလိမ်ပေါ်လာတော့သောကြောင့် မြို့နယ်လဝကဦးစီးမှူးကို သူရောက်လာခါစဖြစ်၍ ဘာမှနားမလည်ဘူးဟုဆိုကာ အပြောင်းအရွေ့လုပ်ပြီး လဝကခေါင်းပေါ်ကို ပုံချလိုက်လေသည် ။ မြို့နယ်စီစစ်ရေးအဖွဲ့နှင့် ဗဟိုအဆင့်ကြားတွင် နားလည်မှုလွဲမှား၍မဟုတ်ပါ ။
မြို့နယ်အဆင့်မှ အတည်မပြုရသေးသော စီစစ်ချက်များကို ဗဟိုအဆင့်က ( စီစစ်/အတည်ပြုပြီး ) ဟု လက်မှတ်ထိုးထားသော မူလစာရွက်စာတမ်းများကို နိုင်ဖြစ်ခွင့် / ပြုခွင့် စီစစ်အတည်ပြုဆိုပြီး ပြောင်းလဲကာ ဉာဏ်နီဉာဏ်နက်နဲ့ လှည့်စားခွင့်ပြုလိုက်ခြင်းဖြစ်သည် ။ ဤနေရာ၌ မြို့နယ်စီစစ်ရေးကော်မရှင်များအနေနဲ့ ဘာမှမတတ်နိုင်တော့ပဲ ရေငုံနှုတ်ပိတ် နေလိုက်ရခြင်းပါ ။
အဆိုပါကိစ္စရပ်အား မြို့နယ်အဆင့်က အတည်မပြုလိုက်ပါဘဲ ဗဟိုအဆင့်က စိတ်ထင်ရာလျှောက်လုပ်လိုက်ခြင်းသာဖြစ်နေသောကြောင့် နိုင်ငံတော်သမ္မတထံ အစီရင်ခံစာ တင်ရာ၌ ချေပစာနဲ့တကွ တင်ပြသွားဖို့ လုပ်ဆောင်နေကြပါသည် ။ ကျွန်မအနေနဲ့ သုံးသပ်ရရင်တော့ အဆိုပါချေပလွှာကို နိုင်ငံတော်က လက်ခံပါမည်လော ။ သမ္မတမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်သို့ တိုက်ရိုက်လွှဲပြောင်းပေးထားခဲ့သော အမိန့်အာဏာဖြစ်၍ အဆိုပါကိစ္စရပ်များအား နိုင်ငံတော်မှ မြေပုံကိစ္စအား အားလုံးအတည်ပြုပြီးသားဖြစ်နေအောင် ကြံရွယ်လုပ်ဆောင်ထားသောကြောင့်ပင်တည်း ။
နောက်တစ်ခုက ယခုကဲ့သို့ အငိုက်မိသွားသည့်ကိစ္စအား ပြည်နယ်အတွင်း၌ မည်သို့လုပ်ဆောင်ကြမည်ကို အဖြေရှာသင့်ပါသည် ။ အလိမ်ခံရတာကို နောက်နောင်အလိမ်မခံရအောင် သတိထားဆောင်ရွက်ခြင်းထက် ယခုလိမ်လည်မှုကိုပင်လျှင် အဓိကထားပြီး ရခိုင်အဖွဲ့အစည်းများနဲ့တိုင်ပင်ဆွေးနွေး အဖြေရှာ လုပ်ဆောင်သင့်သည်ဟု ရှု့မြင်ပါသည် ။

နန်းတွင်းမိညို

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်