မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 26 September 2014

“မွန်တိုင်ရင်းသား၁၇ဦး MOUဖြင့်အလိမ်ခံရ”

အဘ ကိုဖြိုး သစ်ဆန်း's photo. 
 
 
 
 
 
 
 
   
စက်တင်ဘာ ၂၆|ခရမ်းသားလေး
မွန်ပြည်နယ် အပေါင်မြို့နယ်၊ ဇင်ကျိုက်ရွာမှ မွန်လူငယ် ၁၇ဦးထံမှ မေ၀င်ကုမ္ပဏီက ကျပ်ငွေ သိန်းတစ်ရာ ကျော်ယူဆောင်ထားပြီး အလုပ်မလုပ်ရသေးပဲ မဟာချိုင် မိသားစုများထံတွင်သောင်တင်နေသဖြင့် ယနေ့ ဘန်ကောက် MOEAF ရုံးသို့ သွားရောက် အကူညီတောင်းခဲ့ကြကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ ၂၀၁၄ ခု စက်တင်ဘာ ၁၅ ရက်နေ့က ၀င်လာသည်။ အလုပ်သမားတစ်ရာကျော် ၀င်လာသည်ဟုဆိုသည်။
အလုပ်သမား ၁၇ဦး(ကျား၆ဦး+မ၁၁ဦး) တို့က ၄၈သိန်းပထမတစ်ကြိမ်ပေးသည်။ နောက်ထပ်၅ သိန်း ထပ်ပေး သည်။ နောက်ထပ်၂သိန်း(စုစုပေါင်း ၅၅သိန်းစရံပေးခဲ့ရသည်။) မြ၀တီရောက်သည့်နေ့တွင်(ကျပ်ငွေ ၄၇သိန်း ထပ်မံပေးရပါသည်) ထို့နောက် ဘတ်ငွေ၂၀,၀၀၀ မဟာချိုင် ဆွေမျိုးများထံမှ ပို့ပေးခဲ့ရသည်။ (မေ၀င့်ကိုယ်စားလှယ် မင်းထက်နိုင်အား ပေးပို့ခဲ့ရသည်။ ဦးမြင့်အောင် ကို ပေးရသည်ဟု
အလုပ်သမားများက ဆိုသည်) ကထုန်ဘန်ကော်ဗူးရုံဟု ခေါ်လာခဲ့သည်ဟုဆိုသည်။ မဟာချိုင် ရောက်သည့်အခါ တစ်ဦးလျှင် ဘတ်ငွေ၂,၅၀၀နုန်းဖြင့် (၄၂,၅၀၀) ထပ်၍ပေးရသည်။
အလုပ်သမား၁၇ဦး စုစုပေါင်းပေးထားရသည့် ကျပ်ငွေ=၁၀၂ သိန်း နှင့် အလုပ်သမား၁၇ဦး စုစုပေါင်း ပေးထား ရသည့်ဘတ်ငွေ= ၆၂,၅၀၀(ကျပ်သိန်း၂၀ခန့်) စုစုပေါင်းကုန်ကျငွေ ၁၂၂သိန်း ကုန်ကျ နေပြီဖြစ်ပါ သည်။(တစ်ဦးလျှင် ၇သိန်းနှစ်သောင်းခန့်) ကုန်ကျသည်။
ရန်ကုန်မြ၀တီ မိမိစရိတ်ဖြင့်လာခဲ့၊စားခဲ့ရသဖြင့် စုစုပေါင်း ကျပ်ငွေဆယ်သိန်းခန့် ကုန်ကျခဲ့ပြီဖြစ်ကြောင်း အလုပ်သမားများက ပြောပါသည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ အကျင့်ပျက် အေဂျင်စီတွေ အချက်အလက်တွေကို ကျနော်တို့ ရသမျှကို မြန်မာအလုပ်သမားဝန်ကြီးဌာနကို သတင်းပို့ပါတယ်။ တိုင်ကြားတာတွေအများကြီးပါ။ MOEAF ကတော့ အေဂျင်စီတွေကိုကာကွယ်ရမယ်လို့ပြတ်ပြတ်ပြောတယ်။ အေဂျင်စီတွေကို အရေးယူရမယ့်ကိစ္စ က အလုပ်သမားဝန်ကြီးဌာနဖြစ်တယ်။ အလုပ်ခေါ်စာမှန်သလား၊ ဒီအလုပ်သမားတွေ ခေါ်လာတဲ့နေရာမှာ ရှိရဲ့ လားဆိုတာ ဘန်ကောက် အလုပ်သမားသံအရာရှိမှာ တာဝန်ရှိတယ်။ ကျနော်တို့လည်း MOU အလုပ်သမားနဲ့ မပတ်သက်ချင်ဘူး။ အလုပ်သမားတွေက MATရုံးကိုလိုက်လာတဲ့အဆင့်ဖြစ်နေတော့ မကူညီလို့ငြင်းမရဖြစ် နေတယ်။ မေ၀င့်ကုမ္ပဏီ လုပ်ရပ်အမှားတွေ၊ လူတွေရာပေါင်းများစွာဆီက ပိုက်ဆံတွေယူထားပြီး မပို့ပဲထား တာတွေ ကျနော်တို့ အလုပ်သမား ၀န်ကြီးဌာနကို VDO ရိုက်ပြီး တင်ပြခဲ့ပေမယ့် ဘာမှမဖြစ်ဘူး။ ခုလည်းဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ စောင့်ကြည့်”ဟု ထုတ်ဖေါ်ဖွင့်ဆိုသည်။
မေ၀င့်ကုမ္ပဏီသည် ယခင်ကလည်း အလုပ်သမားလေးရာကျော် တို့ထံမှ တစ်ဦးလျှင် ကျပ်ငွေ သုံးသိန်းခွဲစီယူဆောင်၍(ကျပ်ငွေသိန်းတစ်ထောင်ကျော်) ယူ၍ မပို့ခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပါ။ ထို့အပြင် စာချုပ်ပါ နေရာနှင့်အလုပ်မဟုတ်ပဲ ထိုင်းတစ်နိုင်ငံလုံးကို ပို့ဆောင်ထားသည်များကို MAT အဖွဲ့က ကြိမ်ဖန်များစွာတင်ပြခဲ့ဖူးသော်လည်း မေ၀င့်ကုမ္ပဏီမှာ အလုပ်သမားတင်ပို့ ခွင့်ရမြဲရလျှက်ရှိကြောင်း သိရှိရသည်။
MOU ဖြင့် လာရောက်သည့်အလုပ်သမား အလိမ်ခံရမှုများအနက် မွန်တိုင်းရင်းသား လူငယ်၁၇ဦးအလိမ်ခံရမှုမှာ ပထမဦးဆုံးဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။
အလုပ်သမားများ၏ ပတ်စပို့အမျိုးအစားမှာ PV ဖြစ်ပြီး ပတ်စပို့နံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ၀င်းကို=MA663272
၂။ ခိုင်စိုး=MA603415
၃။ ခွန်စော=MA658093
၎။ မင်းသိန်းစန်း=MA663300
၅။ ရဲမင်းထွေး=MA658089
၆။ မင်းထွန်းနိုင်=MA 666619
၁။ မစုမွန်=MA658098
၂။ မဟန်သီမွန်=MA667993
၃။ မဝေေ၀ခိုင်=MA658206
၎။ မခွန်လင်း= MA666617
၅။ မနီလာအေး=MA666620
၆။ မအေးသင်္ကြန်မွန်=MA658097
ရ။ မအေးသင်ဇာဦး=MA658096
၈။ မမြင့်အေး=MA663269
၉။ မအေးသန်း=MA663268
၁၀။ မဇင်ဇင်ထိုက်=MA666614
၁၁။ မအေးမြင့်=MA658087 တို့ဖြစ်ကြသည်။
ဘန်ကောက် MOEAF ရုံးတွင် ခေတ္တ တာဝန်ခံ လူကြီးက မေ၀င့်ကုမ္ပဏီပိုင်ရှင်အား ခေါ်ထားသည့် နောက်နေ့ တွင် ထပ်မံ၍ အလုပ်သမားများအား လာရောက်၍ ပို့ဆောင်ပေးရန်မှာကြားလိုက်ကြောင်း သိရှိရသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်