မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 26 September 2014

`၀´ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နားယောင်းဒေသနေ ဘင်္ဂါလီလူမျိုးများတွေ့ရှိ


`၀´ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နားယောင်းဒေသနေ ဘင်္ဂါလီလူမျိုး ဦးမာလစ်နေအိမ်နှင့် နားယောင်းဈေး တွင် စက်တင်ဘာ ၂၅ ရက်နေ့၌ နယ်မြေခံပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ရာ တရားမ၀င်နေထိုင်သော ဘင်္ဂါလီလူမျိုးများအား ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ မိုင်းဆတ်ရဲစခန်း၊ နယ်မြေခံအစိုးရ တပ်နှင့် UWSA `၀´ အဖွဲ့ မိုင်းဆတ်ဆက်ဆံရေးတာဝန်ခံ ကျော်လွင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

``ဦးမာလစ်နေအိမ်ကို ၀င်ရှာတော့ ဧည့်စာရင်းမတိုင်ထားဘဲ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေ တွေ့တာပါ၊ စုစုပေါင်း(၇)ယောက်ရှိပေမယ့် အစ္စလာမ်ဘာသာဝင်(၅)ဦးကိုပဲ ရဲစခန်းကို စစ်မေးဖို့ ခေါ်သွားပါတယ်´´ ဟု ရဲမှူး အောင်ကျော်မြင့်က ပြောသည်။

အဆိုပါပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေခဲ့သော ဦးမာလစ်၊ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာကိုးကွယ်သူသည် တာချီလိတ်ဘက်မှတစ်ဆင့် ဘင်္ဂါလီများကို လမ်းစရိတ်ပေးပြီး ၀င်ခိုင်းနေကြောင်း သတင်းကျော်စောသူဖြစ်ပြီး ယခုကဲ့သို့ နေအိမ်၌ အလုပ်သမားအဖြစ် ဘင်္ဂါလီများကို နေထိုင်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းပူးပေါင်းအဖွဲ့သည် နေ့လယ် ၁၂ နာရီမှ ၂ နာရီခွဲအချိန်ထိ နားယောင်းဈေးရှိ ဈေးဆိုင်ခန်းများ အား ဆက်လက်စစ်ဆေးခဲ့ရာ မှတ်ပုံတင်မပြနိုင်သော ဘင်္ဂါလီ ၅ ဦးကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့သော အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုး ၅ ဦးမှာ ဒေါ်နှင်းမိုးခိုင်(၃၂)နှစ်၊ ဒေါ်သန္တာအောင်(၃၀)နှစ်၊ ဦးသက်အောင်(၃၇)နှစ်၊ ဦးစိုးမင်းထွန်း(၂၉)နှစ်၊ မဇာဇာမင်း(၁၈)နှစ်တို့ ဖြစ်ကြောင်း လ၀ကဦးစီးအရာရှိက ပြောသည်။

အဆိုပါဘင်္ဂါလီများအား မိုင်းဆတ်ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီ UWSA `၀´ နယ်မြေတွင် အခြေချ နေထိုင်နိုင်အောင် တရားမ၀င်ဝင်ရောက်လာမှုကို ခွင့်ပြုထားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား စုံစမ်း ဖော်ထုတ်မည်ဖြစ်ပြီး `၀´ ဒေသတွင် ဘင်္ဂါလီများ၏ ၀င်ရောက်မှုမှာ မည်မျှများပြားနေပြီကို မခန့်မှန်းနိုင် ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသွားသည်။

စိုင်းဇော်ရှိုင်း

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်