မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday, 10 October 2013

မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကို ရိုက်နှက်

Thursday, October 10, 2013
5 Seriesရုပ်သံလိုင်းတွင် ပြသမည့် လက်သန်းပြတ်တစ်ချောင်းရဲ့ ရာဇ၀င် ရုပ်သံဇာတ်လမ်းရိုက်ကူးစဉ်ပြဿနာဖြစ်၍ သရုပ်ဆောင်မင်းရာဇာ က အမျိုးသမီးသရုပ်ဆောင်အသစ် အိမ့်နိုင်းဟန်ကို ရိုက်နှက်ပြုလုပ်
ခဲ့ကြောင်း အိမ့်နိုင်းဟန်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

“အမှုကို မကြီးချင်ဘူး။ ရိုက်ကွင်းမန်နေဂျာက လျော်ကြေး လာပေးတယ်။ လျော်ကြေးကို မမက်ပါဘူး။ အခြားဘယ်ကိုမှလည်း မတိုင်ထားပါဘူး။ ရုပ်ရှင်အစည်းအရုံးကဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု သရုပ်ဆောင်သစ်ဖြစ်သူ အိမ့်နိုင်းဟန်က ပြောကြားသည်။

ရုပ်ရှင်ရိုက်ကွင်းတွင် မင်းရာဇာ၏ ဆဲဆိုမှုကြောင့် ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး ရှုတင်အဖွဲ့သားများ၏ ဖျန်ဖြေမှုကြောင့်ပြဿနာပြန်လည်ငြိမ် သက်နေချိန်တွင် မင်းရာဇာ၏ မိန်းမဆိုသူက သရုပ်သစ် အိမ့်နိုင်းဟန်ကို ပါးရိုက်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်ကြောင့် သရုပ်ဆောင် အိမ့်နိုင်းဟန်က
မင်းရာဇာ၏ မိန်းမကို ပါးပြန်လည်ရိုက်နှက်ခဲ့မှုကြောင့်မင်းရာဇာက လူအုပ်ကြားထဲမှ ထွက်လာပြီး သရုပ်ဆောင်သစ် အိမ့်နိုင်းဟန်ကို ပါးနှင့် မျက်နှာတစ်ဝိုက်ကို ပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၎င်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

“လက်ခုပ်ဆိုတာ တစ်ဖက်ထဲ တီးလို့မရပါဘူး၊ ဒီနေ့ မနက်မှာပဲ နှစ်ဖက်စလုံးလာတိုင်သွားတယ်၊ ဒီကိစ္စကိုအောက်တိုဘာ ၁၅မှာ ကျွန်တော် တို့ စပြီးတော့ စစ်ပေး မှာပါ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးခင်မောင်ချင်းက People Powerသတင်းစာကို
ပြောကြားသည်။

အနုပညာလောကတွင် အဆိုပါ ဖြစ်စဉ်မျိုးသည် မကြာခဏဖြစ်ပွားတတ်ပြီး အစည်းအရုံးအနေဖြင့် မှန်သည်ဘက်မှရပ်တည်ပြီး တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ သရုပ်ဆောင် မင်းရာဇာသို့ ဆက်သွယ်မေးမြန်းရာ
တယ်လီဖုန်း စက်ပိတ်ထားသည်။

ရေးသားသူ - အေးငြိမ်းသူ
People power (ညနေခင်းသတင်းစာ)

Thursday, October 10, 2013
5 Seriesရုပ်သံလိုင်းတွင် ပြသမည့် လက်သန်းပြတ်တစ်ချောင်းရဲ့ ရာဇ၀င် ရုပ်သံဇာတ်လမ်းရိုက်ကူးစဉ်ပြဿနာ
ဖြစ်၍ သရုပ်ဆောင်မင်းရာဇာ က အမျိုးသမီးသရုပ်ဆောင်အသစ် အိမ့်နိုင်းဟန်ကို ရိုက်နှက်ပြုလုပ်
ခဲ့ကြောင်း အိမ့်နိုင်းဟန်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

“အမှုကို မကြီးချင်ဘူး။ ရိုက်ကွင်းမန်နေဂျာက လျော်ကြေး လာပေးတယ်။ လျော်ကြေးကို မမက်ပါဘူး။ အခြားဘယ်ကိုမှလည်း မတိုင်ထားပါဘူး။ ရုပ်ရှင်အစည်းအရုံးကဖြေရှင်းပေးနိုင်မယ်လို့

ထင်ပါတယ်”ဟု သရုပ်ဆောင်သစ်ဖြစ်သူ အိမ့်နိုင်းဟန်က ပြောကြားသည်။

ရုပ်ရှင်ရိုက်ကွင်းတွင် မင်းရာဇာ၏ ဆဲဆိုမှုကြောင့် ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး ရှုတင်အဖွဲ့သားများ၏ ဖျန်ဖြေမှုကြောင့်ပြဿနာပြန်လည်ငြိမ် သက်နေချိန်တွင် မင်းရာဇာ၏ မိန်းမဆိုသူက သရုပ်သစ် အိမ့်နိုင်းဟန်ကို ပါးရိုက်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်ကြောင့် သရုပ်ဆောင် အိမ့်နိုင်းဟန်က
မင်းရာဇာ၏ မိန်းမကို ပါးပြန်လည်ရိုက်နှက်ခဲ့မှုကြောင့်မင်းရာဇာက လူအုပ်ကြားထဲမှ ထွက်လာပြီး သရုပ်ဆောင်သစ် အိမ့်နိုင်းဟန်ကို ပါးနှင့် မျက်နှာတစ်ဝိုက်ကို ပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၎င်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

“လက်ခုပ်ဆိုတာ တစ်ဖက်ထဲ တီးလို့မရပါဘူး၊ ဒီနေ့ မနက်မှာပဲ နှစ်ဖက်စလုံးလာတိုင်သွားတယ်၊ ဒီကိစ္စကိုအောက်တိုဘာ ၁၅မှာ ကျွန်တော် တို့ စပြီးတော့ စစ်ပေး မှာပါ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးခင်မောင်ချင်းက People Powerသတင်းစာကို
ပြောကြားသည်။

အနုပညာလောကတွင် အဆိုပါ ဖြစ်စဉ်မျိုးသည် မကြာခဏဖြစ်ပွားတတ်ပြီး အစည်းအရုံးအနေဖြင့် မှန်သည်ဘက်မှရပ်တည်ပြီး တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ သရုပ်ဆောင် မင်းရာဇာသို့ ဆက်သွယ်မေးမြန်းရာ
တယ်လီဖုန်း စက်ပိတ်ထားသည်။

ရေးသားသူ - အေးငြိမ်းသူ
People power (ညနေခင်းသတင်းစာ)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်