မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 18 October 2013

facebook မှာ ကိုယ်မျှော်နေတဲ့ သူငယ်ချင်း online ပေါ် တက်လာတဲ့အခါ .. အချက်ပြ သတိပေးမယ့် app ဖြစ်ပါတယ်

Facebook Stalker

facebook မှာ ကိုယ်မျှော်နေတဲ့ သူငယ်ချင်း online ပေါ် တက်လာတဲ့အခါ ..
အချက်ပြ သတိပေးမယ့် app ဖြစ်ပါတယ်။ facebook app ကိုဖွင့်ကြည့်ပြီး ..
မျှော်လင့်နေသောသူ ရောက်နေပြီလား .. မရောက်သေးဘူးလား ကြည့်နေစရာ မလိုတော့ပါဘူး။ Facebook Stalker ကို ဖုန်းထဲ ထည့်ထားလိုက်ပါ။ ကိုယ်မျှော်နေတဲ့သူ facebook သုံးနေရင် Noti တက်လာပြီး ချက်ချင်း အသိပေးပါမယ်။ မရောက်သေးဘူးဆိုရင်လဲ
သူ online ဖြစ်တာနဲ့ အသိပေးပါမယ်။ တကယ် အသုံးဝင်တာလေးဗျ။

အသုံးပြုပုံကတော့ ..
ကိုယ့် friend list ထဲမှ အသိပေးစေချင်တဲ့သူကို ရွေးချယ်ပေးရုံပါပဲ။
တစ်ခုသတိထားရမှာက friend ရွေးချယ်ပြီးတဲ့အခါ Facebook Stalker ကို
minimize လုပ်ပေးထားပါ။ Back key နှိပ်ပြီး app ကို မပိတ်ပစ်ပါနဲ့။
minimize လုပ်ထားမှသာ ကိုယ်ရွေးထားသူတွေ online ဖြစ် မဖြစ်
စောင့်ကြည့်ပေးမှာဖြစ်ပါတယ်။ အသိပေးတဲ့အခါ Noti တက်လာမှာဖြစ်ပြီး
Noti ကို တစ်ချက်နှိပ်လိုက်တာနဲ့ facebook app နဲ့ ချိတ်ဆက်ပေးပြီး
facebook ကို သုံးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် online မှာ
လုပ်ချင်တာလုပ်နေလို့ရပါပြီ။ မျှော်တဲ့သူ ရောက်လာရင်
Facebook Stalker ကနေ အသိပေးပါလိမ့်မယ်။

Tips - ဒါကတော့ ကျွန်တော့် စိတ်ကူးပါ။ ကိုယ် facebook သုံးနေတာလဲ ..
တစ်ခြားသူတွေ မသိစေချင်ဘူး .. မျှော်နေတဲ့သူ facebook သုံး၊ မသုံးလဲ
သိချင်တယ်ဆိုရင် official facebook app မှာ မိမိ chat ကို ပိတ်ထားလိုက်ပါ။ ဒါဆို ကိုယ် online ဖြစ်နေမှန်း တစ်ခြားသူ မသိတော့သလို၊ Facebook Stalker ကနေပြီး ဘယ်သူတွေ online ဖြစ်နေလဲဆိုတာကိုလဲ အသိပေးပါလိမ့်မယ်။
ဟဲဟဲ .. ပေါက်တယ်နော်

download - (1MB)

dropbox - https://www.dropbox.com/s/5lahivpm0pq6j9n/Mr.AD%20-%20Facebook%20Stalker.apk

copy - https://copy.com/8ytgG0xq4Cl8

ပျော်ရွှင်ပါစေ။

Credit>>Mr.AD

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်