မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 29 October 2013

ဒီသူတွေ မကြီးပွား မချမ်းသာလျှင် ဘယ်သူတွေ ---------- ရှိမလဲ

 

အုပ်ချုပ်ရေးအာဏာဖြင့် ဘာသာ-သာသနာစော်ကား၊ ဒီသူတွေ မကြီးပွား
မချမ်းသာလျှင် ဘယ်သူတွေ ---------- ရှိမလဲ
         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ခေတ်အဆက်ဆက်မှ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး
ပုဂ္ဂလိက  မီးလင်းရေးကော်မတီအဖွဲ့အစည်းပါဝင်သူအားလုံး မြို့နေလူထုများ လျှပ်စစ်မီးသုံးစွဲလိုလျှင် အသုံးပြုသူ
ထံမှ မည်သည့်ရပ်ကွက်တွင်နေထိုင်သည်ဖြစ်စေ ဘတ် (၈၅၀၀ ) ကောက်ခံပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့
ကျပ်(၇၀၀၀၀)၊ကျပ်ခုနှစ်သောင်းသာပေးသွင်းရပါသည်၊  ထိုကောက်ခံပြီးရသည့်ခြားနားငွေများ ဘယ်သူ့ဆီရောက်
သွားပါသနည်း၊  သုံးစွဲမီတာတစ်ယူနစ်လျှင်(၆)ဘတ်နှုန်းဖြင့် ပေးဆောင်နေရပါသည်၊ ပေးဆောင်နေရသောဈေးနှုန်း
မှာ ကြီးမားနေပါသည်၊ ပိုလျှံသော အမြတ်ငွေများမှာ
လူထုအတွက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထိုက်ထိုက်တန်တန်
မည်သည့်နေရာတွင် သုံးစွဲနေပါသလဲ ၊ နိုင်ငံတော်၏အကူအညီမပါဘဲ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေသည့်ကျေး
ရွာများသို့ ဘာတွေများကူညီပံ့ပိုးခဲ့ပါသနည်းဟု   တာချီလိတ်ပြည်သူများကိုယ်စား တာဝန်ရှိသူများကိုမေးမြန်းလိုက်
ပါရစေ။
     ချို့တဲ့ကျေးရွာများ မီးသုံးစွဲလိုလျှင်လည်း နိုင်ငံခြားသား အင်ဂျင်နီယာဖြင့်တွက်ချက်ပြီး ကျသင့်ငွေကို အတိအကျ
ပေးချေမှသာ ကျေးရွာအရောက်မီးသွယ်တန်းရေးကိစ္စကိုဆောင်ရွက်ပေးပါသည်၊ မြို့မီးလင်းရေးဟုဆိုသောသူများနှင့်
သဟဇာတ သင့်သော အပေးအယူတည့်သည့် နိုင်ငံခြားသားများကိုသာ လာရောက်လုပ်ကိုင်ခွင့်ပြုထားပါသည်၊နိုင်ငံ
ဝန်ထမ်း လျှပ်စစ်ဝန်ထမ်းများမှာ အသုံးမ၀င် အရေးမပါသကဲ့သို့ ဘေးကိုဖယ်ထားခြင်းခံနေရပါတယ်၊    ကိုယ့်လူမျိုး
ကိုယ့်ဝန်ထမ်းတွေ တန်ဖိုးထားခြင်းမရှိသဖြင့် အမျိုးဂုဏ်ဇာတိဂုဏ်တွေပျောက်ကွယ်နေပြီလား၊သမ္မတကြီးဖေါ်ဆောင်
နေတဲ့ ခေတ်စနစ်ကဘဲ ဒီလိုလား၊ ဒါမှမဟုတ် အုပ်ချုပ်ရေးတွေကဘဲ ကဗျောင်းကဆန်လုပ်နေတာလားလို့လည်းမေး
ချင်ပါသေးတယ်၊ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ချို့တဲ့သော လွယ်တော်ခမ်းစုပေါင်းဂိတ်အနီးနေပြည်သူများက
မီးရရှိရေးအတွက် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌကြီးနှင့်စေ့စပ်ညှိနှိုင်းဆွေးနွေးသည့်အခါ ဘာသာရေးဘုန်တော်ကြီး
ကျောင်းများပါဝင်နေသည့်အတွက် ဈေးလျှော့ပေးသကဲ့သို့ ဘုန်းတော်ကြီးကျောင်းများကို ခွင့်ပြုပေးမည်ဟုနှုတ်ကတိ
ပြုခဲ့သော်လည်း ယခုမီးသွယ်တန်းစဉ် လျှော့ပေးခြင်းမရှိဘဲ ကျေးရွာနေဘုန်းတော်ကြီးကျောင်းများမှာတရားမ၀င်သည့်
ဘုန်းတော်ကြီးကျောင်းများဖြစ်တယ်၊ စစ်တပ်မြေကိုကျူးကျော်တည်ဆောက်သတင်းသုံးနေတာဖြစ်တယ်ဟုပြောဆိုပြီး
လျှော့ပေးရန်မလိုကြောင်း တာဝန်ရှိ လူကြီးတစ်ဦးမှ ပြောဆိုခဲ့တာဟာလည်း နိုင်ငံတော်သံဃာ့မဟာနာယက ဆရာ
တော်ကြီးများ၏ ခွင့်ပြုမိန့်ရရှိနေခြင်းကို မျက်ကွယ်ပြု မသိကျိုးနွံပြုကာ ပြောဆိုသုံးနှုန်းမှုတွေဟာလည်း    ဘာသာ
တရားကိုစော်ကားလိုက်သည့်အတွက် ယနေ့ကျောင်းထိုင်ဆရာတော်ကြီးများ စိတ်နှစ်လုံးမချမ်းမြေ့ဘွယ်ဖြစ်နေရပါ
သည်။
     ယနေ့ပွင့်လင်းမြင်သာသော ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ အများကောင်းကျိုးလုပ်ဆောင်သူကိုလည်း အသိအမှတ်
ပြု၍ မြင့်မြတ်သည့်နေရာမှန်ကိုလည်း ပို့ဆောင်၏၊ အများနှင့်သက်ဆိုင်သောလုပ်ငန်း ၊ငွေကြေး၊ အမြတ်ထုတ်မှုများ
ရှိပါက တရားဥပဒေ၏ သမိုင်းမှာ ကဗျည်းမော်ကွန်းတင်စမြဲပါလို့လည်းပြောလိုပါတယ်။
     နိုင်ငံတော်အကြီးအကဲနှင့် မိဘပြည်သူများ သိရှိစေရန် ရည်ရွယ်ပြီး ပြည်သူလူထု၏ တာဝန်ကိုထမ်းမည့်ပြည်သူ့
ဝန်ထမ်းလား၊ ပြည်သူက ထမ်းနေရသည့် ၀န်ထမ်းတွေလားဆိုတာ လျှပ်စစ်မီးထရစဖော်မာအိုးများ တစ်ဖက်ထိုင်းနိုင်
ငံက ၀ယ်ယူတင်သွင်းသည့်အခါ  ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုတာမျိုးဖြစ်သည့်အလျှောက် နိုင်ငံတော်မှအခွန်အခ
များကင်းလွတ်ခွင့်ပြုသော်လည်း ဒေသအာဏာပိုင်များမှ ခွင့်ပြုမိန့်စာထုတ်ပေးသည့်အခါတိုင်း အကျိုးအမြတ်များရယူ
နေကြောင်း မီးလင်းရေးကော်မတီဝင်တစ်ဦးက ပြောပြချက်အရသိရပါတယ်၊     မြို့တွင်းလမ်းများ လမ်းမီးတိုင်မရှိခြင်း၊
လမ်းသွယ်များ ပျက်စီးနေခြင်း၊ လောင်းကစားဝိုင်းများ ထူပြောခြင်း၊ မူးယစ်သေစာများ တရားမ၀င်ရောင်းချနေမှုများ
ပေါများနေခြင်း  လူငယ်များ၏ အနာဂါတ်စာရိတ္တပိုင်းများ ထိခိုက်လာနိုင်စေသဖြင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်သူ
အုပ်ချုပ်ရေးမှူးများမဟုတ်ကြောင်း လေးစားစွာတင်ပြလိုက်ရပါတယ်။

                                              ပြည်သူလူထုဗဟိုပြုကိုလေးစားသူများ

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်