မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 25 October 2013

'' ရွှေမော်ဓေါ စေတီ တော်ကြီး ရွှေ ဘယ်လောက်ချချ ဘာကြောင့် မည်းသွားရတာလည်း။''

ဒီအကြောင်းကို မပြောခင် တစ်ခုလောက် ၀န်ခံထားပါရစေ။ မောဓေါရှင်စေတီတော် နဲ့ ပက်သက်ပီး အကိုးအကားရှာဖွေတဲ့အခါ မှာကျမ်းကိုးကားရှိသလို ပါးစပ်သမိုင်းအရ ဗဟုသုတ ဖြစ်အောင် ကျွန်တော့် အဘိုးအဘွားများ ကိုမေးခဲ့ ဖူးတာတွေ ကိုပြန် ပြောပြချင်းဖြစ်ပါတယ်။
   
  ဗသုသုတအဖြစ် မောဓေါရှင်မှာ ဌာပနာထားတဲ့ အရာတွေ ကို ပြောပြပါ့မယ်။(ကျမ်းကိုး-၀ိကိပိဒိယ)

စေတီတော်ကြီးတွင်ဌာပနာတိုက်ပေါင်း ၁၄၅ တိုက်ပြုသည်။ (၁)။ရွှေသွန်း ဆင်းတု ၃၆ဆူ။ (၂)ရွှေ ခတ်ဆင်းတု ၁၆၈ဆူ (၃)ငွေသွန်းဆင်းတု ၃၄၅၁ ဆူ(၄) ငွေခတ်ဆင်းတု ၃၇၅၁ဆူ (၅) ခဲဆင်းတု ၁၉၃၆၁ဆူ (၆)နံသာဆင်းတု ၃၀ ဆူ (၇) ကျောက်ဆင်းတု ၈၃၂၉၁ဆူ  (၈) မြေဆင်းတု ၁၅၇ဆူ  (၉) ဖန်ဆင်းတု ၇ ဆူ  (၁၀) ပန်းပေါင်းဆင်းတု ၂ဆူ (၁၁) ဆင်ဆွယ်ဆင်းတု  ၁၄ဆူ (၁၂)ပယင်းဆင်းတု ၁၀၆ဆူ (၁၃) မြဆင်းတု ၁ဆူ  (၁၄) မိုးကြိုးဆင်းတု ၂ဆူ (၁၅)သစ် ဆင်းတု  ၃၄ဆူ (၁၆)ကရမက်ဆင်းတု ၆ ဆူ (၁၇) ပြသားသေဆင်းတု ၆ဆူ  (၁၈) ကြေးဆင်းတု  ၁၉၈၃ ဆူ(၁၉)ကျောက်စိမ်းဆင်းတု ၉ဆူ။
(၂၀) ရွှေအုပ် ၂၅ ချပ် (၂၁) ငွေအုပ် ၂၅ ချပ် (၂၂)ခဲအုပ် ၅၆၂ ချပ် (၂၃) ကြေးအုပ် ၄၃၆ ချပ် (၂၄)အင်္ဂတေအုပ် ၈၂၉ ချပ် (၂၅) သန်တာကျောက် ၃၇ လုံး (၂၆) ရာဇူးကျောက် ၇၁၉ (၂၇) ရွှေလက်စွပ် ၅၂ ကွင်း (၂၈) ငွေ လက်စွပ် ၃၂၄ ကွင်း 
(၂၉) ဘုရားရဟန်းဓါတ်တော် ၁၁၂၄၁ ဆူ ကို မြေအောက် ဌာပနာတိုက်မှာ ငှာပနာတော် မူပါတယ်။မြေပြင်နှင့်အညီ အင်္ဂတေ ထု ၂ ပေ ၄ လက်မ နဲ့ ပိတ်ပါတယ်။ ဘိုးတော် ဘုရားလက်ထက်တော် မှာပါ။

 ကျွန်တော် ငယ်ငယ်က ခဏခဏ မေးဖူးတယ် ရွှေမော်ဓေါ စေတီတော်ကြီး ဘာကြောင့် မည်းမည်းနေရတာလည်း လို့။ ကျွန်တော် အဘိုးအဘွားတွေ က ပြောပြတာပါ။ ရွှေမောဓေါ ကုန်းတော် ဖြစ်တဲ့ သုဒသ၁န ကုန်းတော် ပေါ်မှာ အရင်က မှော်ကန်ကြီးရှိတယ်တဲ့ အဲမှော်ကန်ကြီးကို ဖို့ပြီးတော့ ရွှေမော်ဓေါ စေတီတော် ကြီးကို တည်ထားခြင်းဖြစ်ပါတယ်တဲ့။ ပြောရရင်တော့ ကုန်းတော်ပေါ်မှာ မှော်တွေ နဲ့ ဖုန်းနေတဲ့ စိမ့်စမ်းတွေ ရှိတယ်။ အဲနေရာကို မြေတွေ ဖို့ပြီးတည်ခဲ့ တယ်။ဒါ့ကြောင့် စေတီတော်အတွင်း မှ ရေခိုးရေငွေ တွေ အေးစိမ့်တဲ့ ဓါတ်ကြောင့် မောဓေါ ရှင်စေတီတော်ကြီး ရွှေဘယ်လောက်ချချ ရေညှိ တွေ တက်တက်နေရတာပါ။ ရွှေတိဂုံစေတီတော်ကြီး နဲ့ ယှဉ်ရင် မောဓေါရှင် စေတီတော်ကြီး အမြဲ ရေညှိတွေ တက်နေတာကို သိကြမှာပါ။ အဲကန် ကို အစွဲပြုပြီး ရွှေမော်ဓေါ(၀ါ) ရွှေမှော်တော လို့ ခေါ်ကြ ခြင်းပါ ခင်ဗျာ။ (ပါးစပ် သမိုင်း)

မျိုးမင်းမိုး(ပဲခူး အင်းဝင်သား)

ဒီအကြောင်းကို မပြောခင် တစ်ခုလောက် ၀န်ခံထားပါရစေ။ မောဓေါရှင်စေတီတော် နဲ့ ပက်သက်ပီး အကိုးအကားရှာဖွေတဲ့အခါ မှာကျမ်းကိုးကားရှိသလို ပါးစပ်သမိုင်းအရ ဗဟုသုတ ဖြစ်အောင် ကျွန်တော့် အဘိုးအဘွားများ ကိုမေးခဲ့ ဖူးတာတွေ ကိုပြန် ပြောပြချင်းဖြစ်ပါတယ်။
ဗသုသုတအဖြစ် မောဓေါရှင်မှာ ဌာပနာထားတဲ့ အရာတွေ ကို ပြောပြပါ့မယ်။(ကျမ်းကိုး-၀ိကိပိ
ဒိယ)
စေတီတော်ကြီးတွင်ဌာပနာတိုက်ပေါင်း ၁၄၅ တိုက်ပြုသည်။ (၁)။ရွှေသွန်း ဆင်းတု ၃၆ဆူ။ (၂)ရွှေ ခတ်ဆင်းတု ၁၆၈ဆူ (၃)ငွေသွန်းဆင်းတု ၃၄၅၁ ဆူ(၄) ငွေခတ်ဆင်းတု ၃၇၅၁ဆူ (၅) ခဲဆင်းတု ၁၉၃၆၁ဆူ (၆)နံသာဆင်းတု ၃၀ ဆူ (၇) ကျောက်ဆင်းတု ၈၃၂၉၁ဆူ (၈) မြေဆင်းတု ၁၅၇ဆူ (၉) ဖန်ဆင်းတု ၇ ဆူ (၁၀) ပန်းပေါင်းဆင်းတု ၂ဆူ (၁၁) ဆင်ဆွယ်ဆင်းတု ၁၄ဆူ (၁၂)ပယင်းဆင်းတု ၁၀၆ဆူ (၁၃) မြဆင်းတု ၁ဆူ (၁၄) မိုးကြိုးဆင်းတု ၂ဆူ (၁၅)သစ် ဆင်းတု ၃၄ဆူ (၁၆)ကရမက်ဆင်းတု ၆ ဆူ (၁၇) ပြသားသေဆင်းတု ၆ဆူ (၁၈) ကြေးဆင်းတု ၁၉၈၃ ဆူ(၁၉)ကျောက်စိမ်းဆင်းတု ၉ဆူ။
(၂၀) ရွှေအုပ် ၂၅ ချပ် (၂၁) ငွေအုပ် ၂၅ ချပ် (၂၂)ခဲအုပ် ၅၆၂ ချပ် (၂၃) ကြေးအုပ် ၄၃၆ ချပ် (၂၄)အင်္ဂတေအုပ် ၈၂၉ ချပ် (၂၅) သန်တာကျောက် ၃၇ လုံး (၂၆) ရာဇူးကျောက် ၇၁၉ (၂၇) ရွှေလက်စွပ် ၅၂ ကွင်း (၂၈) ငွေ လက်စွပ် ၃၂၄ ကွင်း
(၂၉) ဘုရားရဟန်းဓါတ်တော် ၁၁၂၄၁ ဆူ ကို မြေအောက် ဌာပနာတိုက်မှာ ငှာပနာတော် မူပါတယ်။မြေပြင်နှင့်အညီ အင်္ဂတေ ထု ၂ ပေ ၄ လက်မ နဲ့ ပိတ်ပါတယ်။ ဘိုးတော် ဘုရားလက်ထက်တော် မှာပါ။
ကျွန်တော် ငယ်ငယ်က ခဏခဏ မေးဖူးတယ် ရွှေမော်ဓေါ စေတီတော်ကြီး ဘာကြောင့် မည်းမည်းနေရတာလည်း လို့။ ကျွန်တော် အဘိုးအဘွားတွေ က ပြောပြတာပါ။ ရွှေမောဓေါ ကုန်းတော် ဖြစ်တဲ့ သုဒသ၁န ကုန်းတော် ပေါ်မှာ အရင်က မှော်ကန်ကြီးရှိတယ်တဲ့ အဲမှော်ကန်ကြီးကို ဖို့ပြီးတော့ ရွှေမော်ဓေါ စေတီတော် ကြီးကို တည်ထားခြင်းဖြစ်ပါတယ်တဲ့။ ပြောရရင်တော့ ကုန်းတော်ပေါ်မှာ မှော်တွေ နဲ့ ဖုန်းနေတဲ့ စိမ့်စမ်းတွေ ရှိတယ်။ အဲနေရာကို မြေတွေ ဖို့ပြီးတည်ခဲ့ တယ်။ဒါ့ကြောင့် စေတီတော်အတွင်း မှ ရေခိုးရေငွေ တွေ အေးစိမ့်တဲ့ ဓါတ်ကြောင့် မောဓေါ ရှင်စေတီတော်ကြီး ရွှေဘယ်လောက်ချချ ရေညှိ တွေ တက်တက်နေရတာပါ။ ရွှေတိဂုံစေတီတော်ကြီး နဲ့ ယှဉ်ရင် မောဓေါရှင် စေတီတော်ကြီး အမြဲ ရေညှိတွေ တက်နေတာကို သိကြမှာပါ။ အဲကန် ကို အစွဲပြုပြီး ရွှေမော်ဓေါ(၀ါ) ရွှေမှော်တော လို့ ခေါ်ကြ ခြင်းပါ ခင်ဗျာ။ (ပါးစပ် သမိုင်း)

မျိုးမင်းမိုး(ပဲခူး အင်းဝင်သား)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်