မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 29 October 2013

ကျိုင်းတုံမှ တဆင့် တရုတ်ပြည်သို့ တရားမ၀င်ခိုးရောင်းရန် သယ်ဆောင်လာသည့် သစ် ၁၈ တန်ကျော် ဖမ်းဆီးရမိ

သတင်းရက်စွဲ: Tuesday, October 29, 2013 // , ,
၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၈ရက်၊ နံနက် ၄နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ တဆင့် မိုင်းလားသို့  ကျွန်း နှင့် ပိတောက်သားများ တရားမ၀င်သယ်ဆာင်လာသော ကားနှစ်စီးအား ယန်းလှပူးပေါင်းဂိတ်၌ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


ကျိုင်းတုံမှ မိုင်းလားသို့  သစ်များအား တရားမ၀င်သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သစ်တောဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး နှင့် မြို့နယ်ဦးစီးမှူးတို့ အပါအ၀င် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ
စောင့်ဆိုင်းနေကြစဉ် နံနက် ၄နာရီအချိန်ခန့်၌ သတင်းရရှိထားတာနှင့်အညီ ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော သစ်များတွင် ဆယ်ဘီးကားထဲမှ ပိတောက်သစ်ခွဲသား ၂၈ချောင်း ( ၀.၃၄၂၂ တန်)၊ ပိတောက်သစ်လုံး ၂လုံး ( ၀.၁၉၆၈ တန် )၊ ကျွန်းသစ်ခွဲသား အချောင်း ၅၀ ( ၀.၂၂၆၄ တန် )၊ ပိတောက်ဓါးရွေး ၁၃၉ ချောင်း ( ၃.၄၈၉၂ တန် )၊ ပိတောက်တိုင် ၁၀၇ချောင်း ( ၁.၉၂ )တန် တို့အား တွေ့ရှိရပြီး ဆယ့်နှစ်ဘီးကားပေါ်တွင် ပိတောက်သစ်လုံး ၂၈လုံး ( ၆.၄၃၇ တန် )၊ ပိတောက်သစ်ခွဲသား ၂၆ ချောင်း ( ၄.၀၅၈ တန်)၊ တမလန်းသစ်လုံး ၁၅ လုံး ( ၁.၉၁၁ တန် )၊ ပိတောက်တိုင် ၄ တိုင် ( ၀.၂၁၉ တန် )၊ တမလန်းတိုင် ၁ တိုင် ( ၀.၀၁၂၀ တန် ) တို့အား သိမ်းဆည်းရမိပြီး စုစုပေါင်း တန်ချိန်မှာ ၁၈တန်ကျော် ရှိကြောင်းသိရသည်။

"ကားနှစ်စီးပေါင်းကို ၁၈ တန်ကျော်တယ်ဆိုတော့ ရှမ်းအရှေ့မှာတော့ မြို့ထဲမှာ သစ်ဖမ်းမိတဲ့ ဖြစ်ရပ်တွေထဲမှာ ဒီဖြစ်စဉ်ကတော့ တန်ချိန်အများဆုံးပဲ"ဟု ကျိုင်းတုံမြို့နေ သစ်တောနှင့် နီးစပ်သူ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"ယာဉ်မောင်း နဲ့ ကားထဲက သစ်တွေကိုတော့ ဖမ်းဆီးသိမ်းဆည်းရမိတယ်၊ ပိုင်ရှင်ဘယ်သူဆိုတာတော့ မသိရသေးဘူး၊ သတင်းပေးတဲ့လူရှိလို့ သစ်တောဦးစီးဌာနက လူကြီးကိုယ်တိုင် တစ်ညလုံး သွားစောင့်ဖမ်းတာ မနက် ၄နာရီလောက်မှ ဖမ်းမိတယ်လို့ ကြားပါတယ်"ဟု ကျိုင်းတုံသား တစ်ဦးမှ တာချီလိတ်အွန်လိုင်း သို့ ပြောပြသည်။

Tachileik Online News
web: www.tachileik.net

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်