မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 20 October 2013

ကျပ်သိန်း ၉၀၀ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ထိုင်းဘတ်ငွေစက္ကူ အတုများ ဖမ်းဆီးရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲသတင်း



အောက်တိုဘာလ ၂၀ရက်၊ ည ၆နာရီ ၄၅ မိနစ်အချိန်က တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၁)ရပ်ကွက်၌  မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျပ်သိန်းပေါင်း ၉၀၀ ခန့်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀ တန် ငွေစက္ကူအတုများအား ဖမ်းဆီးရမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဦးဆန်းxxxx အား မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ကွင်းဆက်ဖော်ထုတ်နိုင်ရန်အတွက် စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။


ထိုသို့ စစ်ဆေးမေးမြန်းရာတွင် တရားခံဖြစ်သူ ဦးဆန်းxxxx မှ ၎င်းထံမှ သိမ်းဆည်းရမိသည့် အိုက်စ်(ရေခဲ)များမှာ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ "နွဲ့လင်းထွန်း"မိုတယ်တွင် တည်းခိုနေထိုင်လျက်ရှိသူ အိုက်xxxx မှ လာရောက်ပို့ဆောင်ပေးထားသော
ပစ္စည်းများဖြစ်ကြောင်း ထွက်ဆိုလာသည့်အတွက် ပူးပေါင်းအဖွဲ့တို့မှ အောက်တိုဘာလ ၂၀ရက်၊ ည ၉နာရီအချိန်က အိုက်xxxx တည်းခိုနေထိုင်လျက်ရှိသော အခန်းအား စစ်ဆေးရှာဖွေရာ အိုက်xxxx မှာ တိမ်းရှောင်လျှက်ရှိပြီး အဆိုပါ အခန်းအတွင်းမှ အဖြူရောင် ပလပ်စတစ်ဖြင့် ထည့်လျှက် ကျပ်ငွေ ၄၉သိန်းခန့် တန်ဖိုးရှိသည့် အိုက်စ်(ရေခဲ) အလေးချိန် ၂၄၅ ဂရမ်ခန့်အား ထပ်မံသိမ်းဆည်းရမိသည့်အတွက် တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၃၄/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေး ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

Tachileik Online News
web: www.tachileik.net

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်