မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 20 January 2015

ဗိုက်ဆာပျောက်အောင် ကော်ရှူကြသည်

The Irrawaddy (Burmese Version)'s photo.

The Irrawaddy (Burmese Version)'s photo.The Irrawaddy (Burmese Version)'s photo.




ဧရာဝတီ
အေပီသတင်းထောက် ဒေါ်အေးအေးဝင်းနဲ့ ဓာတ်ပုံဆရာတို့ဟာ ရန်ကုန်မြို့ လှိုင်သာယာက လမ်းပေါ်က ကလေးငယ်တွေရဲ့ ဘဝကို မှတ်တမ်းတင် ဓာတ်ပုံတွေနဲ့ သတင်းပေးပို့ခဲ့တာ ဖတ်ရှုရတာ ကြေကွဲတုန်လှုပ်စရာပါ။ သူတို့ဟာ အခြေခံပညာ မသင်ရ၊ နေ့စဉ်စားသောက်ရေး အဆင်မပြေ၊ သူတို့မိသားစုတွေ နေထိုင်တဲ့ ကျူးကျော်တဲတွေကလည်း စည်ပင်အာဏာပိုင်တွေနဲ့ မြေပိုင်ရှင်တွေက ငှားရမ်းထားတဲ့ လူမိုက်တွေရဲ့ လာရောက်ဖျက်ဆီးတာကို အချိန်မရွေး ခံရနိုင်သေး။ ဆင်းရဲမွဲတေမှုနဲ့ အစိုးရရဲ့ ဥပေက္ခာပြုမှုတွေဟာ သူတို့ကို လမ်းမတွေပေါ် ပရမ်းပတာဖြစ်လာစေခဲ့တယ်။ ပြည့်တန်ဆာ၊ လောင်းကစားကနေ မူးယစ်ဆေး သုံးစွဲမှုနဲ့ လူအုပ်ဖွဲ့ ရမ်းကားမှုထိ ဖြစ်လာစေတယ်လို့ အိုးအိမ်မဲ့ကလေးတွေကို ကူညီနေတဲ့ ဦးအောင်ကျော်မြင့်က
အေပီသတင်းဌာနကို ပြောပြတယ်။ အမှိုက်ပုံမှာ၊ လမ်းဘေးမှာ ကလေးတွေကို တနေ့တခြား ပိုမြင်တွေ့လာရတယ်တဲ့။ တနေ့ကို ၂ ထောင် ၃ ထောင်လောက် ဝင်ငွေကို သူတို့ ရှာနိုင်ပြီး တဝက်ကို မိဘတွေဆီ ပြန်ပေးပြီး တဝက်ကို ကော်ရှူပစ်ကြသတဲ့။ "ကော်ရှူရင် ဗိုက်ဆာတာ ခဏပျောက်သွားတယ်။ ကျနော် မလုပ်နိုင်တာတွေလည်း စိတ်ကူးလို့ ရတယ်" လို့ အသက် ၁၁ နှစ်သား မောင်သန့်ဇော်ဦးက အေပီသတင်းဌာနကို ပြောပြခဲ့တယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်