မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 18 January 2015

MPT ကို စိတ်ပျက်သွားကြပြီလား . . .



မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ သမိုင်းတစ်လျှောက် သုံးစွဲသူများအပေါ် အမြတ်ထုတ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အစီအစဉ် အသစ်များမှာ ထူးခြားမှု မရှိဟု အများစုက ဝေဖန်ခဲ့ကြကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စာနယ်ဇင်းရှင်းလင်းပွဲ မတိုင်မီက သုံးစွဲသူများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လျှော့ချသတ်မှတ်မည့် နှုန်းထားများအပေါ် အလွန်စိတ်ဝင်တစား ရှိခဲ့သော်လည်း အမှန်တကယ် ထွက်ပေါ်လာချိန်တွင်
ယင်းအစီအစဉ်သစ်များကို အလွန်အမင်း စိတ်ပျက်မိကြောင်း သုံးစွဲသူများက ဖွင့်ဟခဲ့ကြသည်။ ယင်းပွဲမတိုင်မီက MPT အနေဖြင့် ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ၁၅ ကျပ်အထိ လျှော့ချမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးကြောင်း သိရသည်။
MPT က ဇန်နဝါရီ ၁၂ တွင် စတင်မည့် ဆွေသဟာ အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး စတင်သုံးစွဲရန် မက်ဆေ့ခ်ျပို့ရမည် ဖြစ်သည်။ ထို့နောက် မည်သည့်ဖုန်းသို့မဆို တစ်မိနစ်လျှင် ၃၅ ကျပ်၊ သတ်မှတ်ဖုန်းနံပါတ် သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်၊ မည်သည့်ဖုန်းသို့မဆို SMS ပို့ခမှာ တစ်စောင်လျှင် ၁၅ ကျပ်ဖြစ်ပြီး အင်တာနက် အသုံးပြုခြင်းမှာ မိနစ်အလိုက် ကောက်ခံသည့်ပုံစံမှ Data Based ဖြင့် ကောက်ခံသည့်ပုံစံသို့ ပြောင်းလဲကောက်ခံမည်ဟု သိရသည်။ ပုံမှန် အင်တာနက် အသုံးပြုခြင်းအတွက် 1 MB လျှင် ၁၅ ကျပ် ကောက်ခံမည်ဖြစ်ပြီး ယင်းနှုန်းထားမှာ လက်ရှိ ဆက်သွယ်ရေးအော်ပရေတာ သုံးခုအနက် နှုန်းထားအကြီးမြင့်ဆုံး ဖြစ်နေကြောင်း သိရသည်။
မန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ သမိုင်းတစ်လျှောက် သုံးစွဲသူများအပေါ် အမြတ်ထုတ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အစီအစဉ် အသစ်များမှာ ထူးခြားမှု မရှိဟု အများစုက ဝေဖန်ခဲ့ကြကြောင်း သိရသည်။.
news-eleven.com

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်