မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 27 January 2015

ဘတ်သန်း(၃၉၀၀)ကုန်ကျမည့် ချစ်ကြည်ရေးတံတားသစ်

နာရေးကူညီမှုအသင်း ဘန်ကောက်'s photo.နာရေးကူညီမှုအသင်း ဘန်ကောက်'s photo.
နာရေးကူညီမှုအသင်း ဘန်ကောက်'s photo.နာရေးကူညီမှုအသင်း ဘန်ကောက်'s photo.

မဲဆောက်-မြ၀တီ ဒုတိယမြောက်ချစ်ကြည်ရေးတံတား တည်ဆောက်မဲ့နေရာကို ထိုင်းနိုင်ငံလမ်းပန်းဆက်သွယ်ရေးဝန်ကြီး နိုင်ပရာကျင် ကျန်တောင် မနေ့က သွားရောက်ကြည့်ရှုပြီး ဒီတံတားသစ်တည်ဆောက်ဘို့အတွက် ထိုင်းဘတ်ငွေ သန်း(၃၉၀၀) ကုန်ကျမယ်လို့ဆိုပါတယ်။
ဒီကုန်ကျမှုက တံတားသစ်အတွက် သီးသန့်ဖြစ်ပြီး မဲဆောက်အထူးစီးပွားရေးဇုန် နဲ့မဆိုင်ဘူးလို့သိရပါတယ်။
ဘတ်ငွေသန်း(၃၉၀၀) ကို ထိုင်းအစိုးရကချပေးတာနဲ့ဒီတံတားသစ်ကို
တနှစ် အတွင်း အပြီးတည်ဆောက်သွားမယ်လို့လည်းပြောပါတယ်။
လောလောဆယ်မှာတော့ ဒီငွေတွေကို ထိုင်းအစိုးရကချပေးတာမရှိသေး ဘူးလို့ လည်း သိရပါတယ်။
ထိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးကတော့ ဒီနှစ်စက်တင်ဘာ- အောက်တိုဘာ လလောက်မှာ အစိုးရက ဘတ်ဂျက်ငွေတွေ ချပေးဘို့ရှိပြီး ဖြစ်ခဲ့ရင်တော့ တံတားစီမံကိန်းကို ချက်ခြင်းလုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။
အသစ်တည်ဆောက်မဲ့ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားက လက်ရှိ တံတား ထက်ကို ကြီးမှာဖြစ်ပြီး နေရာကတော့ လက်ရှိတံတားရဲ့မြောက်ဖက် ၃ ကီလိုမီတာအကွာ ထိုင်းဖက်ခြမ်း ၀မ်တခင်းရမ်း ရပ်ကွက် (၇) နေရာမှာဖြစ်ပြီး မြန်မာဘက်ကတော့
မြ၀တီအမှတ် ၅ ရပ်ကွက်အပိုင်မှာပါတဲ့ ရေပူနေရာ လို့သိရပါတယ်။
အခုတင်ထားတဲ့ပုံတွေကတော့ တံတားသစ်ဆောက်မဲ့ထိုင်းဖက်ကနေရာကို ထိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးမနေ့က လာကြည့်သွားတဲ့ပုံတွေနဲ့ တံတားသစ်စီမံကိန်းမှာပါတဲ့ ထိုင်းနဲ့မြန်မာဘက်ခြမ်းပုံစံတွေ ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)25.1. 2015

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်