မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 20 January 2015

ယနေ. ကော့ကရိတ်မြို့နယ်က ဗိုလ်မှူးကြီးဆန်းအောင်ရဲ.သတင်းစာရှင်းလင်းပွဲ

==================================================
အဖိနှိပ်ခံလူတန်းစားများအတွက် အသက်နှင့်ခန္ဓာ ပေးဆပ်ရန်အသင့်ဟု ဗိုလ်မှူးကြီးဆန်းအောင် ပြောကြား
....................................................................................................................
ယနေ့နံနက်က ကော့ကရိတ်မြို့နယ်တွင် တနာရီနီးပါးကြာ သတင်းစာရှင်းလင်းပွဲ
ကျင်းပခဲ့ အပြီး တွင် ဗိုလ်မှူးကြီးဆန်းအောင်က ကရင်အမျိုးသားများနှင့် အဖိနှိပ်ခံ
လူတန်းစားများအတွက် အသက်နှင့်ခန္ဓာ ပေးဆပ်ရန် အသင့်ရှိပြီး ဆက်လက်
တိုက်ပွဲဝင်သွားမည်ဟု ကရင်အမျိုးသား (မီဒီယာ)ကို သီးသန့်ပြောကြားခဲ့သည်။

ယခင် DKBA တပ်မှူးဟောင်းဖြစ်သည့် စောဆန်းအောင်သည် ကော်သူးလေ
တပ်မတော်(KAF) ၏ ဗျူဟာမှူးတာဝန်ကို မကြာသေးမီက ခန့်အပ်ခံရပြီးနောက် ပထမဆုံးလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။

ကျိုက်မရောကိစ္စနှင့်ပတ်သက်၍ ပြောကြားရာတွင် အလွတ်သတင်းထောက်
ကိုပါကြီးမှာ မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး ကျိုက်မရော
ပစ်ခတ်မှု ပြသနာမှာလည်း မြန်မာစစ်တပ်မှ စတင်ခဲ့သည့် ပြသနာဖြစ်သည်ဟု
ဆိုသည်။

ယနေ့သတင်းစားရှင်းလင်းပွဲကို သတ်မှတ်ချိန်အတိုင်း မကျင်းပနိုင်ဘဲ နံနက် ၁၀
နာရီမှစတင်ကာ တနာရီနီးပါးကြာ ကျင်းပခဲ့ပြီး ရန်ကုန်နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အခြေစိုက် သတင်းဌာန များမှ သတင်းထောက် ၂၀ ခန့် တက်ရောက် သတင်းယူခဲ့ကြသည်။

သတင်းစားရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကော့ကရိတ်မြို့ခံတဦးက
"သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေမေးသမျှ တနာရီကြာကြာ
နှစ်နာရီကြာကြာ ဖြေဖို့ဘဲ။ ဒါပေမဲ့ ရွာသားတွေ သတင်းလာပို့တာက မြန်မာ
စစ်တပ်နဲ့ BGF တွေ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ တပ်စခန်းနားကို ချဉ်းကပ်
လာတယ် ဆိုလို့ မလိုလားအပ်တာတွေ မဖြစ်စေချင်တဲ့အတွက် အချိန်ကို
ကန့်သတ်လိုက်ရ တာဖြစ်တယ်" ဟု ပြောသည်။

သတင်းစာရှင်းလင်းပွဲအသေးစိတ်အချက်အလက်များကို တက်ရောက်လာ
သည့် သတင်းဌာနများမှ သတင်းထုတ်ပြန်ရန်ရှိသည်ဟု သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

အဖိနှိပ်ခံလူတန်းစားများအတွက် အသက်နှင့်ခန္ဓာ ပေးဆပ်ရန်အသင့်ဟု ဗိုလ်မှူးကြီးဆန်းအောင် ပြောကြား
ယနေ့နံနက်က ကော့ကရိတ်မြို့နယ်တွင် တနာရီနီးပါးကြာ သတင်းစာရှင်းလင်းပွဲ
ကျင်းပခဲ့ အပြီး တွင် ဗိုလ်မှူးကြီးဆန်းအောင်က ကရင်အမျိုးသားများနှင့် အဖိနှိပ်ခံ
လူတန်းစားများအတွက် အသက်နှင့်ခန္ဓာ ပေးဆပ်ရန် အသင့်ရှိပြီး ဆက်လက်
တိုက်ပွဲဝင်သွားမည်ဟု ကရင်အမျိုးသား (မီဒီယာ)ကို သီးသန့်ပြောကြားခဲ့သည်။

ယခင် DKBA တပ်မှူးဟောင်းဖြစ်သည့် စောဆန်းအောင်သည် ကော်သူးလေ
တပ်မတော်(KAF) ၏ ဗျူဟာမှူးတာဝန်ကို မကြာသေးမီက ခန့်အပ်ခံရပြီးနောက် ပထမဆုံးလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။
ကျိုက်မရောကိစ္စနှင့်ပတ်သက်၍ ပြောကြားရာတွင်
အလွတ်သတင်းထောက်
ကိုပါကြီးမှာ မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး ကျိုက်မရော
ပစ်ခတ်မှု ပြသနာမှာလည်း မြန်မာစစ်တပ်မှ စတင်ခဲ့သည့် ပြသနာဖြစ်သည်ဟု
ဆိုသည်။
ယနေ့သတင်းစားရှင်းလင်းပွဲကို သတ်မှတ်ချိန်အတိုင်း မကျင်းပနိုင်ဘဲ နံနက် ၁၀
နာရီမှစတင်ကာ တနာရီနီးပါးကြာ ကျင်းပခဲ့ပြီး ရန်ကုန်နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အခြေစိုက် သတင်းဌာန များမှ သတင်းထောက် ၂၀ ခန့် တက်ရောက် သတင်းယူခဲ့ကြသည်။
သတင်းစားရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကော့ကရိတ်မြို့ခံတဦးက
"သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေမေးသမျှ တနာရီကြာကြာ
နှစ်နာရီကြာကြာ ဖြေဖို့ဘဲ။ ဒါပေမဲ့ ရွာသားတွေ သတင်းလာပို့တာက မြန်မာ
စစ်တပ်နဲ့ BGF တွေ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ တပ်စခန်းနားကို ချဉ်းကပ်
လာတယ် ဆိုလို့ မလိုလားအပ်တာတွေ မဖြစ်စေချင်တဲ့အတွက် အချိန်ကို
ကန့်သတ်လိုက်ရ တာဖြစ်တယ်" ဟု ပြောသည်။
သတင်းစာရှင်းလင်းပွဲအသေးစိတ်အချက်အလက်များကို တက်ရောက်လာ
သည့် သတင်းဌာနများမှ သတင်းထုတ်ပြန်ရန်ရှိသည်ဟု သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်