မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 26 January 2015

အီဂျစ်ဆန္ဒပြမှုများအတွင်း ရဲများအပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံး

Myo Min Thant's photo.Myo Min Thant's photo.
တနင်္လာ၊ ဇန်နဝါရီ ၂၆၊ ၂၀၁၅
Myo Min Thant's photo.
Myo Min Thant's photo.
၁). တနင်္ဂနွေနေ့က အီဂျစ်ဆန္ဒပြမှုများအတွင်း ရဲများအပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးသည်။ ၎င်းမှာ သမ္မတ အဗ္ဗဒယ်လ် ဖာတာ စီစီ အာဏာရပြီးနောက်ပိုင်း ပထမဆုံးသော လူအသေအပျောက်အများဆုံး နှိမ်နင်းမှုဖြစ်သည်။
၂). တနင်္ဂနွေနေ့က အလယ်အာဖရိကနိုင်ငံမြို့တော် ဘန်ဂူအီတွင် လူငယ်နှင့် အားကစားဝန်ကြီး အာမယ်လ် နင်ဂါတိုလိုယမ်ကို အမည်မသိလူတစ်စုက ပြန်ပေးဆွဲသွားသည်။ ဘန်ဂူအီမှ မြောက်ဖက် ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) ဝေးသော ကာဂါ ဘန်ဒိုရိုတွင်လည်း ပြန်ပေးဆွဲသမားများက ပညာရေးဝန်ကြီး အီလိုအီ အန်ဂူအီမိတ်ကို ပြန်ပေးဆွဲရန်ကြိုးစားခဲ့သေးသည်။ သို့သော် ဝန်ကြီးလွတ်မြောက်သွားခဲ့ပြီး ကန်ဂါ ဘန်ဒိုရိုမြို့တော်ဝန်၊ ဝန်ကြီးကိုယ်ရေးအရာရှိ နှင့် ကားဒရိုင်ဘာတို့ အဖမ်းခံခဲ့ရသည်။ ယခုအပတ်ထဲမှာပင် ကုလသမဂ္ဂဝန်ထမ်း ပြင်သစ်လူမှုကူညီရေးဝန်ထမ်းအမျိုးသမီးတစ်ဦးလည်း ပြန်ဖမ်းဆွဲခံခဲ့ရသေးသည်။
၃). ပြီးခဲ့သည့် စက်တက်ဘာက အယ်လ်ဂျီးယားအရှေ့ပိုင်း၌ ပြင်သစ်ကမ္ဘာလှည့်ခရီးသွား ဟာဗေး ဂေါ်ဒယ်လ်အား ပြန်ပေးဆွဲခေါင်းဖြတ်ခဲ့သော အယ်လ်ကိုင်ဒါလက်ခွဲ အယ်လ်ဂျီးရီးယားစစ်သွေးကြွအုပ်စု ခါလီဖိတ်မှ စစ်သွေးကြွတစ်ဦးအား ဖမ်းဆီးလိုက်ပြီဟု မော်ရိုကိုအာဏာပိုင်များက တနင်္ဂနွေနေ့က ကြေငြာသည်။ စစ်သွေးကြွများက ဂေါ်ဒယ်လ် အယ်လ်ဂျီးရီးယားတောင်တန်းပေါ် တက်နေစဉ် ပြန်ပေးဆွဲခဲ့ကာ နောက်ပိုင်းတွင်
၎င်းအားခေါင်းဖြတ်သတ်သော ဗွီဒီယိုကို ပြသခဲ့ပြီး ပြင်သစ်၏ အီရတ်တွင် အစ္စလမ္မစ်များအား ဆင်နွှဲသောစစ်ဆင်ရေးများအတွက် လက်စားချေခြင်းဟု ဆိုခဲ့သည်။ အခြားတစ်ဦးနှင့်အတူ ထွက်ပြေးနေသော ၎င်းတရားခံကို မော်ရိုကိုနိုင်ငံ၊ အော့ဂျဒါစီးတီးအနီးရှိ ဘီနီ ဒီရာ၌ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
၎). ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လက်ရှိဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနား နှင့် အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာတို့ကြား နိုင်ငံရေးတည်ငြိမ်မှုများကြား လတ်တလောဆူပူအုံကြွမှုများဖြစ်ပွားပြီး အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရသည်။
၅). တနင်္ဂနွေနေ့က ဘိုကိုဟာရာမ်စစ်သွေးကြွများက နိုင်ဂျီးရီးယားနိုင်ငံ၊ မဟာဗျူဟာအရ အချက်အခြာကျသော ဘော်နိုပြည်နယ်မြို့တော် မိုင်ဒူဂါရီသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နိုင်ဂျီးရီးယားစစ်တပ်မှ ပြန်လည်တွန်းလှန်နိုင်လင့်ကစား အနည်းဆုံး လူ ၂၀၀ သေဆုံးသည်။
၆). တနင်္ဂနွေနေ့က ဖိလစ်ပိုင်တောင်ပိုင်း ကျေးရွာတစ်ရွာ၌ မိုရိုအစ္စလမ္မစ်သူပုန်တို့၏ ထောင်ချောက်အတွင်းသို့ ကျရောက်ပြီး ဖိလစ်ပိုင်စစ်တပ်နှင့် အစ္စလမ္မစ်သူပုန်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားရာ အနည်းဆုံး ဖိလစ်ပိုင် ကွန်မန်ဒို အယောက် ၃၀ သေဆုံးသည်။ ယင်းမှာ ဖိလစ်ပိုင်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဆုံးရှုံးမှုဖြစ်သည်။
၇). အီရတ်မြို့တော် ဘဂ္ဂဒက်၌ ဗုံးနှစ်လုံးပေါက်ကွဲပြီး သာမာန်အရပ်သားပြည်သူ ၁၀ ဦး သေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်