မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 21 January 2015

ဆယ်ကျော်သက် ဘောလုံးပရိသတ် ၁၃ ဦးအား အိုင်ဆစ် (ISIS) မှ သုတ်သင်

Myo Min Thant's photo.Myo Min Thant's photo.

အစ္စလမ္မစ်များ ထိန်းချုပ်ခံမြို့ မိုဆူးလ်တွင် အီရတ် နှင့် ဂျော်ဒန်ဘောလုံးပွဲအား ရုပ်မြင်သံကြား၌ ကြည့်ရှုနေကြသော ဆယ်ကျော်သက် ဘောလုံးပရိသတ် ၁၃ ဦးအား အိုင်ဆစ် (ISIS) မှ သုတ်သင်
ဇန်နဝါရီ ၁၉၊ ၂၀၁၅။ ။ပြီးခဲ့သည့်အပတ်က အီရတ် နှင့် ဂျော်ဒန်တို့ ယှဉ်ပြိုင်နေသည့် အာရှဖလားဘောလုံးပွဲအား ကြည့်ရှုသည့်အတွက် ဆယ်ကျော်သက် ဘောလုံးပရိသတ် ၁၃ ဦးအား အိုင်ဆစ်မှ ကွပ်မျက်လိုက်သည်။
အစ္စလမ္မစ်များထိန်းသိမ်းထားသော အီရတ်မြို့တော် မိုဆူးလ်၌ လူငယ်ဘောလုံးပရိသတ်များ ရုပ်မြင်သံကြား၌ ဘောလုံးပွဲကြည့်နေကြသည်ကို မိသွားခြင်းဖြစ်သည်။
ဆယ်ကျော်သက်များကို တန်းစီခိုင်းပြီး သေနတ်ကိုင်တပ်ဖွဲ့တစ်ခုမှ လူအများရှေ့၌ စက်သေနတ်များဖြင့် ပစ်ခတ်ပြီး သုတ်သင်ပစ်လိုက်ခြင်း ဖြစ်သည်။
မိုဆူးလ်မြို့၊ အယ်လ်ယာမောက်ရပ်ကွက်၊ လူအများရှေ့၌ ဆယ်ကျော်သက် ၁၃ ဦးကို အိုင်ဆစ်စစ်သွေးကြွများက
သုတ်သင်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ မသုတ်သင်မီ ကောင်လေးများကျူးလွန်သည့်ပြစ်မှု "ရှာရီယာဥပဒေအား ဆန့်ကျင်၍ ဘောလုံးပွဲကြည့်ခြင်း" ကို လော်စပီကာဖြင့် ကြေငြာခဲ့သည်။
ဆယ်ကျော်သက်များသည် သြစတေးလျနိုင်ငံ၊ ဘရစ်စဘိန်းမြို့၌ ဇန်နဝါရီ ၁၂ ရက်နေ့က အီရတ် နှင့် ဂျော်ဒန်တို့ ယှဉ်ပြိုင်နေကြသော အာရှဖလား ဘောလုံးပွဲကို ကြည့်ရှုနေကြခြင်း ဖြစ်သည်။
ယင်းထိတ်လန့်တုန်လှုပ်ဖွယ်သုတ်သင်မှုသည် မိုဆူးလ်မြို့တွင် အိုင်ဆစ်မှ လူနှစ်ဦးကို မျှော်စင်ထိပ်မှ တွန်းချသတ်သည့် ဗွီဒီယို ထုတ်လွှင့်ခဲ့ပြီး ရက်ပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တရားခံများအပေါ်တင်ထားသည့် စွဲချက်များကို မျက်နှာဖုံးတပ်ထားသော အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့ဝင်တစ်ဦးမှ လက်ကိုင်ရေဒီယိုငယ်တစ်လုံးကို အသုံးပြု၍ ကြေငြာခဲ့သည်။
ထိုသူနှစ်ဦးမှာ လိင်တူချင်းဆက်ဆံခဲ့သည့်အတွက် အစ္စလမ္မစ် ရှာရီယာဥပဒေအရ သေဒဏ်အပြစ်ပေး
သင့်သည်ဟု ၎င်းက ကြေငြာခဲ့သည်။
သြစတေးလျနိုင်ငံ၊ ဘရစ်စဘိန်းမြို့၌ ကျင်းပသော အာရှဖလား၊ အီရတ်-ဂျော်ဒန်ပွဲစဉ်၌ အင်္ဂလန်တတိယတန်းဘောလုံးအသင်း ဆွင်ဒန်တောင်း၏ ကစားသမား ယာဆာ ကာဆင် သွင်းယူပေးသော တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အီရတ်မှ ၁-၀ ဖြင့် အနိုင်ရခဲ့သည်။

http://www.dailymail.co.uk/…/ISIS-execute-13-football-fans-…

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်