မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 29 January 2015

အိန္ဒိယကို ရောက်နေတဲ့ အမေရိကန်သမ္မတ အိုဘားမားက

BBC Burmese's photo.BBC Burmese's photo.
အိန္ဒိယကို ရောက်နေတဲ့ အမေရိကန်သမ္မတ အိုဘားမားက နှစ်နိုင်ငံ ဆက်ဆံရေးဟာ သဘာဝအားဖြင့် ကောင်းနေပြီးသား ဖြစ်ပေမယ့် အကောင်းဆုံး မိတ်ဖက်တွေ ဖြစ်သင့်တယ်လို့ဆိုပါတယ်။ သမ္မတအိုဘားမားဟာ အိန္ဒိယခရီးစဉ် နောက်ဆုံးနေ့အဖြစ် ဒေလီမြို့ကလူငယ်တွေကို တွေ့ဆုံမိန့်ခွန်း ပြောတဲ့အချိန်မှာ အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှု ကျန်းမာရေးနှင့် အခြေခံအဆောက်အဦပိုင်းတွေမှာ တိုးတက်ကောင်းမွန်ရန်အတွက် အမေရိကန်အနေနဲ့ အိန္ဒိယကို
ကူညီသွားချင် တယ်လို့ လည်း သမ္မတအိုဘားမား ကပြောပါတယ်။ နောက်ပြီး အိန္ဒိယနိုင်ငံ အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရေးကိုလည်း ထောက်ခံသွားမယ်လို့ဆိုပါတယ်။ သမ္မတ အိုဘားမားဟာ အဓိကအားဖြင့် နှစ်နိုင်ငံစီးပွားရေးမြှင့်တင်နိုင်ရန်အတွက် အိန္ဒိယကို ၃ ရက်ကြာရောက်နေတာဖြစ်ပါတယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်