မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 1 February 2015

ဂျပန်ဓားစာခံခေါင်းဖြတ်အသတ်ခံရ ဖေဖော်ဝါရီ ၁၊ ၂၀၁၅ (တနင်္ဂနွေ)


ယခုအသစ်ထွက်ရှိလာသော အိုင်ဆစ် (ISIS) မှ ဖြန့်ချီသော ဗွီဒီယို၌ ဓားစာခံဂျပန်လူမျိုး သတင်းသမား ကင်ဂျီ ဂိုတို (Kenji Goto) ၏ ခေါင်းပြတ်ခန္ဓာကိုယ် နှင့် ခေါင်းပြတ်ကြီးကို ပြသထားပေသည်။ အင်္ဂလိပ်ဘာသာပြန်ကိုမူ မျက်နှာဖုံးစွပ်ထားသော အိုက်ဆစ်အဖွဲ့ဝင် "ဂျီဟာ့ဒ်သမား ဂျွန်" (Jihadi John) မှ ဂျပန်ပြည်သူများကို ပြောကြားခဲ့သည်။
၆၇ စက္ကန့်ကြာသော ထိုဗွီဒီယိုကို အိုင်ဆစ်မီဒီယာလက်ခွဲ အယ်လ် ဖူကန် မီဒီယာ (Al Furqan Media) မှ ထုတ်လွှင့်ခဲ့သည်။
ဒီ စက်ဆုပ်စရာ အောက်တန်းကျလှတဲ့ အကြမ်းဖက်မှုကြောင့်
အတော့်ကို ကြေကွဲရပါတယ်။ ကျွန်တော်တို့ အပြင်းထန်ဆုံးအနေထားနှင့် ကန့်ကွက်ပါတယ်" ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဗေးမှ ပြောကြားခဲ့သည်။ "အကြမ်းဖက်သမားတွေကို သူတို့ရဲ့ လုပ်ရပ်တွေအတွက် ကျွန်တော်တို့ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ပါဘူး"
ဂျပန်အနေဖြင့် အိုင်ဆစ်ကြောင့် သွေးမြေကျရသည့် ဒုက္ခရောက်နိုင်ငံများကို ဆက်လက်ကူညီသွားမည့်အကြောင်း အာဗေးမှ ပြောကြားသည်။
ဂိုတို၏မိခင် ဂျူနို အိုင်ရှီဒို (Junko Ishido) က စစ်ပွဲမရှိသော ကမ္ဘာကြီး ဖြစ်စေချင်သည်ဟု ပြောကြားခဲ့သည်။
ဆီးရီးယား၌ အိုင်ဆစ်တို့ ဖမ်းထားသော ဂျော်ဒန် လေယာဉ်မှုး မူတာ အယ်လ်ကာဆာဗာဟ် ၏ ကံကြမ္မာမှာမူ မရှင်းလင်းသေးပါ။ ၎င်း၏ နာမည်ကိုမူ ဗွီဒီယိုထဲ၌ ထည့်ပြောကြားခြင်း မရှိပါ။
အိုင်ဆစ်တို့က ဂျော်ဒန်တို့ ဖမ်းထားသော အမျိုးသမီး အကြမ်းဖက်သမား ဆာဂျီဒါ အယ်လ်ရီရှာဝီ (Sajida al-Rishawi) နှင့် လေယာဉ်မှုးကို လဲလှယ်ရန် တောင်းဆိုခြင်း ဖြစ်သည်။ မလဲလှယ်ခဲ့လျှင် ပထမ အယ်လ်ကာဆာဗာဟ်ကို သတ်ပစ်မည်။ နောက် ဂိုတိုကို သတ်ပစ်မည်ဟု အိုက်ဆစ်က ဆိုခဲ့သည်။
ဂိုတိုသည် အိုင်ဆစ်တို့သတ်ခဲ့သော ဒုတိယမြောက် ဂျပန်လူမျိုးဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က အိုင်ဆစ်တို့တင်သော ဗွီဒီယို၌ ဂိုတိုမှ ၎င်းနှင့်အတူ ဖမ်းဆီးခံထားရသော ဂျပန်လူမျိုးအဖော် ဟာရူနာ ယူကာဝါ (Haruna Yukawa) ၏ အလောင်းကို ကိုင်လျက်အနေအထားနှင့် ထွက်ပေါ်လာခဲ့သည်။
အသက် ၄၇ နှစ် အရွယ် ဂိုတိုသည် ပြီးခဲ့သည့် ဆောင်းဦးရာသီကမှ ဂျပန်က ထွက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းထွက်လာချိန်က ၎င်း၏သမီးလေးမှာ ၃ ပတ်သားမျှသာ ရှိသေးသည်။ ၎င်း၏ဇနီး ရင်ကို (Rinko) သည် ဂိုတို အဖမ်းခံထားရကြောင်းကို ၎င်းအားဖမ်းဆီးထားသူများထံမှ ဒီဇင်ဘာ ၂ ရက်နေ့က စတင်ကြားသိခဲ့ရသည်။
http://edition.cnn.com/…/middle…/isis-japan-jordan-hostages/

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်