မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 15 February 2015

တရုတ်စစ်သားတစ်ယောက် မြန်မာပြည်ထဲ ခြေတစ်လှမ်းကျွံတာနဲ့ ယူနန်ပြည်နယ် ရေအောက်ရောက်စေရမယ်

.
လ ဝင်း ထွန်း's photo.လ ဝင်း ထွန်း's photo.
လ ဝင်း ထွန်း's photo.
 
 
တရုတ်စစ်သားတစ်ယောက် မြန်မာပြည်ထဲ ခြေတစ်လှမ်းကျွံတာနဲ့ ယူနန်ပြည်နယ် ရေအောက်ရောက်စေရမယ်
တရုတ်အစိုးရ ဆက်ပြီးလူပါးဝလာပါပြီ။ MPC နဲ့ပေါင်းပြီး MNDAA နဲ့ မြန်မာ့တပ်မတော် ငြိမ်းချမ်းရေးယူဖို့ ကြားဝင်စေ့စပ်ပေးမယ်လို့ ပြောလာပါပြီ။ Reason ကတော့ ကိုးကန့်ပြည်သူများကို စာနာထောက်ထားလို့ပါတဲ့။ အမှန်က အဲ့လိုမဟုတ်ပါဘူး။ သူတို့သစ္စာခံ စီချွမ်တရုတ်လူမျိုး ဖုန်ကြားရှင်ရဲ့ MNDAA တပ်ထဲထိုးထည့်ထားတဲ့ တရုတ်စစ်တပ် Special Force က Rangers တွေ မြန်မာ့တပ်မတော် လက်ချက်နဲ့ ရာနဲ့ချီပြီး ခွေးသေဝက်သေမသာပေါ်နေလို့ပဲ ဖြစ်ပါတယ်။ ဖုန်ကြားရှင်တပ်တွေကို လောက်ကိုင်ထိုးစစ်မှာ ယူနန်ပြည်နယ်
ကျင်းခန်းကနေ ၁၀၅ မမ နဲ့ ပစ်ကူ ပေးခဲ့ပါတယ်။ ဖုန်ကြားရှင်တပ်ထဲကို ကိုးကန့်အသွင်ယူပြီး ဝင်ရောက်တိုက် ခိုက် ပေးနေတဲ့ လူအင်အား ၃၀၀၀ ကျော် တရုတ်လူမျိုးကြေးစားဆိုသူတွေ ကလည်း တရုတ်စစ်သားတွေပါပဲ။ တရုတ်မြန်မာနယ်စပ်မှာလည်း စစ်ရေးအခြေအနေတင်းမာနေပြီဖြစ်ပါတယ်။ တရုတ်စစ်တပ်က နယ်စပ်မှာ ချထားတဲ့ Special Force အင်အား ၂၀၀၀၀ ကိုလည်း နောက်ထပ် အင်အား တိုးမြှင့် လိုက်ပြီ ဖြစ်ပြီး တင့်ကားတပ်တွေပါ တပ်ဖြန့် နေရာယူပြီး မြန်မာနိုင်ငံကို ရည်ရွယ်တဲ့ စစ်ရေးပြင်ဆင်မှုတွေ ယူနန်ပြည်နယ် ထဲမှာ လုပ်ဆောင်နေပါပြီ။ မြန်မာ့တပ်မတော်အနေနဲ့ လိုက်စစ်ဆင်နေတဲ့ တပ်မ ၃၃ ယူနန်ထဲ ကျွံဝင်သွားခဲ့သည်ဖြစ်စေ အခန့်မသင့်လို့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဖြစ်စေ တရုတ်နဲ့ ထိပ်တိုက် တွေ့လာနိုင်ပါတယ်။ အင်အားကြီးမားတဲ့ ယူနန်ပြည်နယ်က တရုတ်စစ်တပ်ကြီးကို အနိုင်တိုက်ခိုက်ဖို့ မြန်မာ့တပ်မတော် အနေနဲ့ နည်းလမ်းတစ်ခုသာ ရှိပါတယ်။ အဲ့ဒါကတော့ ယူနန်ပြည်နယ် အထက်ပိုင်း China's Nu River ပေါ်မှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့ အကြီးဆုံးစာရင်းဝင် ယူနန်ရေကာတာကြီးကို တာဝေးပစ် ဒုံးတွေ အမြောက်တွေနဲ့ ဖောက်ချ ဖျက်ဆီးပစ်လိုက် ဖို့ပါပဲ။ ရေကာတာကြီး ကျိုးတာနဲ့ တစ်ပြိုင် နက်ထဲ ယူနန်ပြည်အောက်ပိုင်း မြို့တွေ အကုန်လုံး ၃ နာရီအတွင်း ရေအောက်မြို့တော် ဖြစ်သွားမှာပါ။ ယူနန်မှာ တပ်စွဲထားတဲ့ တရုတ်စစ်တပ်ကြီးလည်း မရှုမလှ မသာပေါ်ဖို့ ၉၉ % သေချာပါတယ်။ တရုတ်က ယူနန်မှာ စစ်ပြင်ပြီ ဆိုမှတော့ မြန်မာ့တပ်မတော် ဒုံးတပ်ဖွဲ့တွေ အမြောက်တပ်ဖွဲ့တွေလည်း ယူနန်က ရေကာတာကြီး ဖောက်ချဖို့ ပစ်မှတ် မှတ်ပုံတင်တွေ ချိန်ထားဖို့ပဲ လိုပါတယ်။ ပြည်သူတွေအနေနဲ့
မြန်မာ့တပ်မတော်ကို ရေအောက်ယူနန်ပြည်နယ် တက်သိမ်းဖို့ လှေတွေ လှူဒါန်းဖို့သာ ပြင်ထားပါ။ ပျော်ပျော်ပါးပါး လှေလှော်ပြီး ရေပေါ် ပေါလောပေါ် တရုတ်ခွေးတွေကို MA-1 နဲ့ လက်စတုံးပေးပါ့မယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်