မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 15 February 2015

ကုလသမဂ္ဂ အရာရှိတစ်ဦးရေးတဲ့စာ

Kyaw Swar Myint's photo.

Kyaw Swar Myint's photo.

Kyaw Swar Myint's photo.
 
 
  
စစ်သားမဟုတ်တော့ စစ်တို့ရဲ့ သဘောတရားကို နားမလည်ဘူး။
ဒါပေမဲ့ အာဖရိကက စစ်ဖြစ်ရာ ဒေသတွေမှာ ကုလသမဂ္ဂ အရာရှိ လုပ်ခဲ့ဘူးတော့
ပြည်တွင်းစစ်တွေ နယ်စပ် ဖြတ်ကျော်စစ်ပွဲတွေ ကိုယ်တွေ့ကြုံခဲ့ Dealing လုပ်ခဲ့
ရဘူးလို့ ကိုယ်သိတာ ကိုယ်ပြောမယ်။

ဖုန်ကြားရှင်တပ်တွေဟာ တရုတ်ပြည်ဘက်က ဝင်လာတယ်ဆိုရင် အိမ်နီးချင်း နိုင်ငံ
တစ်ခုကို တိုက်ခိုက်ဖို့ မိမိမြေကို အသုံးပြုခွင့်ပေးတာဟာ အပြည်ပြည်ဆိုင်ရာ
သဘောတူညီချက် တစ်ဒါဇင်လောက်နဲ့ နယ်နမိတ်စာချုပ်များ အိမ်နီးချင်းကောင်း
တို့ရဲ့ ကျင့်ဝတ်များကို ဖောက်ဖျက်တာပဲ။ ဒါကို အထောက်အထား ခိုင်မာသက်သေ
ရှိရင် တရုတ်အစိုးရကို တရားဝင်ကန့်ကွက်ပါ။ တရုတ်သံအမတ်ကို ဆင့်ခေါ်
သတိထောက်လွှာ ပေးပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြပါ။ သံတမန်
စစ်မျက်နှာတစ်ခု ဖွင့်လိုက်ပါ။
တရုတ်မြေကို သုံးခွင့်မရ တရုတ်ထောက်ကူမရတော့ရင် ကိုးကန့် မကလို ဆယ်ကန့်
လဲ နာပြီပဲ။ တရုတ်က နားမထောင်ရင်တဆင့် တက်ပြီး ကုလသမဂ္ဂလုံခြုံရေး
ကောင်စီ ရဲ့ Pressure သုံးပါ။ အနောက်နိုင်ငံတွေ ရဲ့ ထောက်ခံမှုယူပါ။ မြန်မာပြည်
တွင်းရှိ တရုတ်စီမံကိန်းတွေ စီးပွားရေးတွေ ရပ်ဆိုင်းလိုက်ပါ။ တရုတ်တွေ လုပ်ကို
လုပ်ပေးရမယ်။ တရုတ်ရဲ့ အသက် သွေးကြော တစ်ချောင်းလို့ တင်စားနေကြတဲ့
ကျောက်ဖြူ ရေနံ ပိုက်လိုင်းကြီး ကိုယ့်လက်ထဲ မှာ ရှိတာ တရုတ်က ကိုယ့်ကို ကြောက်
ရမှာ ကိုယ်ကတရုတ်ကို ပြန်ကြောက်နေရတာ ရှင်းရှင်း ပြောရင် ကိုယ်တွေ
အသုံးမကျလို့ပဲ။
အာဖရိကက ဘာမဟုတ်တဲ့ ဆူဒန်နိုင်ငံတောင် ဒါမျိုးလုပ်ပြီး တောင်ဆူဒန် သူပုန်
တွေကို ကူညီနေတဲ့ ယူဂန်ဒါကို ပိတ်ဆို့ ပြည်တွင်းစစ်ကို ထပ်ပြီး ဆွဲဆန့်
သွားတာ နှစ်၂၀ ကျော်။ အမေရိကန်တွေသာ ခိုးပြီး မကူညီရင် တောင်ဆူဒန်
ဒီနေ့ထိ လွပ်လပ်ရေး မရဘူး။
ဖုန်ကြားရှင်တပ်မှာ အခြားအပစ်ရပ် အဖွဲ့တွေပါ ပူးပေါင်းတယ် ပြောကြတယ်။ ဒါဟာ
အပစ်ရပ် ငြိမ်းချမ်းရေး စာချုပ်တွေကို ဖောက်ဖျက်တာပဲ။ ကိုယ်ကဦးအောင် သတင်းစာ ရှင်းလင်းပွဲလုပ် သက်ဆိုင်ရာ အဖွဲ့တွေကို သတိပေး။ မရရင်တော့ ဆော်ပေတော့။
သူတို့ဘက်က စဖောက်ဖျက်တာ အထောက် အထားရှိရမယ်။
ဖုန်ကြားရှင်တို.ရှမ်းတရုတ် ပူးပေါင်းတပ်တွေ ဆေးရုံတွေ စာသင်ကျောင်း တွေကို
တိုက်ခိုက်တယ် ကြားရတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပေါင်း
များစွာကို ချိုးဖောက်တာပဲ Red Cross တံဆိပ်တပ်ထားတဲ့
ဆေးရုံကို တိုက်ခိုက်
တာဟာ အကြီးမားဆုံး စစ်ရာဇဝတ်မှုပဲ။ ဒီလိုတိုက်ခိုက်တာ အထောက်အထား
ပြည့်စုံရင် IFRC နဲ့ ICRC ကို တိုင်ပါ ကုလသမဂ္ဂကို တိုင်ပါ။
သူပုန်တွေ ဒါမျိုးလုပ်တာ သက်သေရှိရင် Insurgent သူပုန်အဆင့် အတန်းကနေ
Unlawful Combatant ဓါးပြ အကြီးစား အဆင့်အတန်း ရောက်သွားမယ်။
UC ဖြစ်အောင် Diplomatic နည်းနဲ့ လုပ်နိုင်ရင် သူတို့ကို တိုက်တဲ့နေရာမှာ
များစွာသော Laws of War ကို လိုက်နာစရာ မလိုဘူး။ အရှင်မိရင်တောင် Prisoner
of War PoW အဆင့်အတန်းပေးစရာ မလိုဘူး။
သူပုန်တပ်တွေ ကျုးလွန်တဲ့ စစ်ရာဇဝတ်မှု မှန်သမျှ အတိအကျ မှတ်တမ်းတင်
သတင်းထုတ်ပြန်ပါ။ အပြည်ပြည်ဆိုင်ရာ Laws of War ကို နားမလည် မလိုက်နာတဲ့
Barbarian UC လူရိုင်း ဓားပြတွေ သာဖြစ်ကြောင်း သက်သေပြနိုင်ရင် Civil War
ပြည်တွင်းစစ် ဆင်နွဲနေတဲ့ ခွဲထွက်ရေး သမား တိုင်းရင်းသား စစ်တပ် ဆိုပြီး ထောက်ခံ
ချင်ကြတဲ့ Diplomatic Pressure တစ်ခု ပိတ်ပြီး ဖြစ်သွားမယ်။
ယူဂိုဆလားဘီးယား စစ်ပွဲမှာ ခွဲထွက်ရေး သူပုန်တွေရဲ့ စစ်ဆေးရုံကို ဝင်စီး ဒဏ်ရာရ
စစ်သားတွေ က်ု ပစ်သတ်တဲ့ ဆာဗီးယားတပ်တွေ အစိုးရတပ် ဘဝကနေ စစ်ရာဇဝတ်ကောင်တပ် ဖြစ်သွားပြီး NATO ဝင်တိုက်တာ ခံလိုက်ရတာ ဥပမာ
ရှိတယ်။
လောက်ကိုင်က အရပ်သားတွေ ဝန်ထမ်းတွေကို စစ်တပ် ဝင်းထဲ ခိုလှုံခိုင်းတာ
မှားတယ်။ သူပုန်တွေ တပ်စခန်းကို တိုက်ရင်း အရပ်သား တွေ သေကုန်ရင် တပ်မှာ
တာဝန်ရှိတယ်။ တပ်မှာ ခေါ်ထားရင် ကာကွယ်ရမဲ့ အပြင် မရှိမဲ့ရှိမဲ့ ရိက္ခာ
ဆေးဝါးပါ မျှရမယ်။လုပ်ရမှာက UNHCR နဲ့ MSF ကို ခေါ် UNHCR အလံလွှင့်ပြီး
IDP Camp ထောင်ခိုင်းလိုက်။ သူတို့ပြောပြောနေကြ စစ်ဘေးရှောင် စခန်းပေါ့။
အရပ်သားတွေကို သူတို့ကို တာဝန်ယူခိုင်း။
ကိုးကန့်တပ်တွေ.UN အလံထောင် Camp ကို တောင် လာတိုက်ရင်တော့
တရုတ်တောင် မကယ်နိုင် အောင် ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ဒါမျိုး လုပ်ချင်
နေတဲ့ UN နဲ့ NGO တွေကို ပေးလုပ်လိုက်ပါ။ ပိတ်မိနေတဲ့ အရပ်သားတွေလဲ
ထွက်ပေါက်ရ စစ်တပ်လဲ တာဝန်ပေါ့သွားမယ်။
အာဖရိကနိုင်ငံတွေ စစ်ဖြစ်ရင် UN ကို Refugee IDP camp တွေ အရင်ထောင်
ခိုင်းပြီး အရပ်သားတွေ ပို့ ကာကွယ် စောင့်ရှောက် ထမင်းကျွေးခိုင်းတယ်။
MSF နဲ့ ကျန်းမာရေး NGO တွေကို Camp မှာ ဆေးရုံထောင်ခိုင်းပြီး လာကုတာ
ဒဏ်ရာရ စစ်သားတွေ ချည်းပဲ။ အစိုးးရစစ်ဆေးရုံထက်တောင် ပိုကောင်း
လုံခြုံသေးတယ်။
သူတို့ဆီမှာ ဒါမျိုးဖြစ်ရင် Ministry of Humanitarian Affairs က UN နဲ့ NGO
တွေကို အရေးပေါ် အစည်းအဝေးခေါ် တာဝန်ပေး လုပ်ခိုင်းတာပဲ။ အဖွဲ့အစည်းတွေရဲ့
Mandate အရ မလုပ်ပေးလို့ကို မရဘူး။ ရှိသမျှ Project တွေ အကုန်ရပ် Funding
တွေ Transfer လုပ်ပြီး အားချင်းလုပ်ပေးရတယ်။ မယုံမရှိနဲ့ ကိုယ်တွေ့ပဲ။
နောက်တစ်ခုက UN အဖွဲ့တွေ အဲဒီနယ်စပ်မှာ ရှိရင် တရုတ်စစ်တပ် တွေ ကျုးကျော်လာမှာ ကြောက်စရာ မလိုတော့ဘူး UN ကို Buffer သုံးထားလို့ရတယ်။
သုံးစမ်းပါ။
နိုင်ငံခြားရေးရုံးက အရာရှိများနဲ့ လူကယ်ပြန်ရုံးက အရာရှိများ အစွမ်းပြကြပါဗျာ။

ရေးသားတင်ပြသူ-Wanna More

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်