မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 2 February 2015

အမျိုးသမီးများ စစ်မှုမထမ်းမနေရ စနစ်တစ်ရပ်ကို မြောက်ကိုရီးယား စတင်ချမှတ်


အမျိုးသမီးများ စစ်မှုမထမ်းမနေရ စနစ်တစ်ရပ်ကို မြောက်ကိုရီးယား စတင်ချမှတ်.••••••••
ပြုံယမ်း ၊ ၁-၂-၂၀၁၅
မြောက်ကိုရီးယား အစိုးရသည် နိုင်ငံအတွင်း ရှိ လက်နက်ကိုင် တပ်ဖွဲ့အင်အား တိုးမြှင့်နိုင်ရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် နိုင်ငံအတွင်းရှိ အမျိုးသမီး များအား စစ်မှုမထမ်း မနေရ စနစ်တစ်ရပ် ကို စတင်ချမှတ် လိုက်ကြောင်း သိရသည်။
အဆိုပါ စစ်မှုမထမ်း မနေရ စနစ်အရ နိုင်ငံ အတွင်းရှိ အလယ်တန်းနှင့် အထက်တန်း ပညာရေး အဆင့် အောင်မြင်ပြီးသူ အသက် ၁၇ နှစ်နှင့် ၂ဝ နှစ်အကြား အမျိုးသမီး များမှာ လက်နက်ကိုင် တပ်ဖွဲ့များ အတွင်း ဝင်ရောက်
အမှုထမ်း ရမည်ဖြစ်ပြီး ၄င်းတို့အား ပြည်နယ် အသီးသီးတွင် တာဝန်ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ စနစ်ကို အာဏာပိုင် များက
လက်တွေ့ ကျင့်သုံးရန် စီစဉ်လျက် ရှိသည်ဟု ဖော်ပြချက်များ
အရ သိရသည်။
သို့ရာတွင် အမျိုးသမီးများ အနေဖြင့် အမျိုးသားများနှင့် မတူဘဲ လက်နက်ကိုင် တပ်ဖွဲ့များတွင် ၄င်းတို့၏ အသက် ၂၃ နှစ် အထိသာ တာဝန် ထမ်းဆောင်ရန် လိုအပ်ကြောင်း သိရသည်။ မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ အမျိုးသား များမှာ နိုင်ငံအတွင်း ပြဋ္ဌာန်း ထားသည့် ဥပဒေ အရ ၁ဝ နှစ်ကြာ စစ်မှုထမ်း ရလေ့ ရှိသည်။
မြောက်ကိုရီးယား နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲကို ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိဘဲ အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့်သာ စစ်ပွဲကို အဆုံးသတ် ထားနိုင် ခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား
နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အ၀န်း က စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်ဟု သိရသည်။

 http://www.pyichitthar.com/2015/01/blog-post_993.html

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်