မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 13 February 2015

ဖုန်ကြားရှင်တပ်တွေဟာ တရုတ်ပြည်ဘက်က ဝင်လာတယ်ဆိုရင်

 
 
 
 
 
 
 
 
 
 

ဖုန်ကြားရှင်တပ်တွေဟာ တရုတ်ပြည်ဘက်က ဝင်လာတယ်ဆိုရင် အိမ်နီးချင်း နိုင်ငံ တစ်ခုကို တိုက်ခိုက်ဖို့ မိမိမြေကို အသုံးပြုခွင့် ပေးတာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် တစ်ဒါဇင် လောက်နဲ့ နယ်နမိတ်စာချုပ်များ အိမ်နီးချင်းကောင်း တို့ရဲ့ ကျင့်ဝတ်များကို ဖောက်ဖျက်တာပဲ။ ဒါကို အထောက်အထား ခိုင်မာ သက်သေရှိရင် တရုတ်အစိုးရကို တရားဝင်ကန့်ကွက်ပါ။ တရုတ် သံအမတ်ကို ဆင့်ခေါ် သတိထောက်လွှာ ပေးပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြပါ။ သံတမန် စစ်မျက်နှာ တစ်ခု ဖွင့်လိုက်ပါ။
ယခင် စစ်အစိုးရကို ကာကွယ်ခဲ့တုံးက သံတမန် စွမ်းရည် ပြသခဲ့ကြတဲ့ခဲ့တဲ့ မြန်မာသံအမတ်ကြီးတွေ လုပ်ကြပါဦး။ တရုတ်မြေကို သုံးခွင့်မရ တရုတ်ထောက်ကူ မရတော့ရင် ကိုးကန့် မကလို ဆယ်ကန့်လဲ နာပြီပဲ။ တရုတ်က လူပါးဝ သောက်ဂရု မစိုက်ရင် တဆင့်တက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ pressure သုံးပါ။ အနောက်နိုင်ငံတွေ ရဲ့ ထောက်ခံမှုယူပါ။ မြန်မာပြည်တွင်းရှိ တရုတ် စီမံကိန်းတွေ စီးပွားရေးတွေ ရပ်ဆိုင်း လိုက်ပါ။ တရုတ်တွေ လုပ်ကို လုပ်ပေးရမယ်။ တရုတ်ရဲ့ အသက်
သွေးကြော တစ်ချောင်းလို့ တင်စားနေကြတဲ့ ကျောက်ဖြူ ရေနံ ပိုက်လိုင်းကြီး ကိုယ့်လက်ထဲမှာ ရှိတာ တရုတ်က ကိုယ့် ကို ကြောက်ရမှာ ကိုယ်က တရုတ်ကို ပြန်ကြောက်နေရတာ ရှင်းရှင်း ပြောရင် ကိုယ်တွေ အသုံးမကျလို့ပဲ။ အာဖရိကက ဘာမဟုတ်တဲ့ ဆူဒန်နိုင်ငံတောင် ဒါမျိုးလုပ်ပြီး တောင်ဆူဒန် သူပုန်တွေကို ကူညီနေတဲ့ ယူဂန်ဒါကို ပိတ်ဆို့ ပြည်တွင်းစစ်ကို ထပ်ပြီး ဆွဲဆန့်သွားတာ နှစ်၂၀ ကျော်။ အမေရိကန်တွေသာ ခိုးပြီး မကူညီရင် တောင်ဆူဒန် ဒီနေ့ထိ လွပ်လပ်ရေး မရဘူး။
ဖုန်ကြားရှင်တပ်မှာ KIA မိုင်းလား ဝ TNLA နဲ့ AA ရခိုင်တပ် တွေပါ ပူးပေါင်းတယ် ပြောကြတယ်။ ဒါဟာ အပစ်ရပ် ငြိမ်းချမ်းရေး စာချုပ်တွေကို ဖောက်ဖျက်တာပဲ။ ကိုယ်ကဦးအောင် သတင်းစာ ရှင်းလင်းပွဲလုပ် သက်ဆိုင်ရာ အဖွဲ့တွေကို သတိပေး။ မရရင်တော့ ဆော်ပေတော့။ သူတို့ဘက်က စဖောက်ဖျက်တာ အထောက် အထားရှိရမယ်။
နောက် ဒီရှမ်းတရုတ် ပူးပေါင်းတပ်တွေ ဆေးရုံတွေ စာသင်ကျောင်း တွေကို တိုက်ခိုက်တယ် ကြားရတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပေါင်း များစွာကို ချိုးဖောက်တာပဲ Red Cross တံဆိပ်တပ်ထားတဲ့ ဆေးရုံကို တိုက်ခိုက်တာဟာ အကြီးမားဆုံး စစ်ရာဇဝတ်မှုပဲ။ ဒီလိုတိုက်ခိုက်တာ အထောက်အထားပြည့်စုံရင် IFRC နဲ့ ICRC ကို တိုင်ပါ ကုလသမဂ္ဂကို တိုင်ပါ။ ဒီသူပုန်တွေ ဒါမျိုးလုပ်တာ သက်သေရှိရင် Insurgent သူပုန်အဆင့် အတန်းကနေ Unlawful Combatant ဓါးပြ အကြီးစား အဆင့်အတန်း ရောက်သွားမယ်။ UC ဖြစ်အောင် Diplomatic နည်းနဲ့ လုပ်နိုင်ရင် သူတို့ကို တိုက်တဲ့နေရာမှာ များစွာသော Laws of War ကို လိုက်နာစရာ မလိုဘူး။ အရှင်မိရင်တောင် Prisoner of War PoW အဆင့်အတန်းပေးစရာ မလိုဘူး။
Wanna More

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်