မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 13 February 2015

မင်းတို့ ဒိုးလိုက်ကြတော့

Al Khon Bransai's photo.

Al Khon Bransai's photo.
"ဖုန်ကြားရှင်"
-------------
ဇို့ချွမ် (Szechuan) တရုတ်မျိုးနွယ်ကဆင်းသက်လာတဲ့
ဖုန်ကြားရှင် (Pheung Kya-shin) ကို ၁၉၃၁ ခုနှစ်
ကိုးကန့်ဒေသမှာ မွေးဖွားပါတယ်။
၁၉၆၉ ခုနှစ်ကတည်းက ကိုးကန့်ဒေသကို တည်ထောင်ပြီး
ခေါင်းဆောင်နေသူဖြစ်တယ်။ နှစ် ၂၀ ကျော် အုပ်ချုပ်ပြီးနောက်
၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ် ပါတီ(ဗကပ) ပြိုကွဲတော့
ကိုယ်ပိုင်တပ် (NDAA)ကို တည်ထောင်ပြီး မုန်းကိုးမြို့မှာ
အခြေချနေသူဖြစ်တယ်။
စီးပွါးရေး အနေနဲ့ထုံးစံအတိုင်း ခွန်ဆာ၊လော်စစ်ဟန်၊
ပေါက်ယူချန်း တို့လို ဘိန်းစိုက်၊ ဘိန်းချက်၊ ဘိန်းရောင်းတဲ့
တရုတ်တွေသာ ဖြစ်တယ်။
သန်းရွှေ-ခင်ညွန့် လက်ထက်မှာ တရုတ်ကို အားကိုးရတော့
ဒီဘိန်းသမားတွေ အနေချောင်ပြီး ဘိန်းချလုပ်ငန်းကို
ဗမာ စစ်အစိုးရနဲ့ပေါင်းအကြီးအကျယ် လုပ်ခဲ့သူတွေဖြစ်တယ်။
ဗမာပြည်ကို မူးယစ်ဆေးဝါး ထုတ်တဲ့ နိုင်ငံ၊ တရုတ်ကျွန် နိုင်ငံ
ဖြစ်အောင် လုပ်ကြတဲ့ လော်စစ်ဟန်သား စတီဗင်လောတို့လို
ဘိန်းသမားတွေထဲမှာ သူလည်း တယောက်အပါအဝင်ဖြစ်တယ်။
ဗမာစစ်အစိုးရကိုလည်း ဘိန်းသမား တရုတ်ကလွဲ
ဘယ်သူမှ
မပေါင်းကြပါ။
ယခုနောက်ပိုင်း မဖြစ်မနေ အခြေအနေမှာ အမေရိကန်နဲ့
ပေါင်းဖက်ကြတဲ့အခါမှာတော့Bertil Lintner ရဲ့
"မြန်မာအစိုးရ၏ လျှို့ဝှက် စီမံကိန်း" ဆောင်းပါးမှာ
သုံးသပ်ထားသလိုဗမာပြည်ဟာ အမေရိကန်နဲ့ တရုတ်တို့
ယှဉ်ပြိုင်ကြရာ နယ်မြေတခုဖြစ်လာနေတာကြောင့်
တရုတ်က သူ့တရုတ် ဘိန်းစားတွေကို ထုတ်သုံးပြီး ဗမာပြည်က
အချောင်ရနေတဲ့ အကျိုးစီးပွါးကို ကာကွယ်မှာ သေချာတယ်။
အဲတော့ ဗမာကြေးစားတပ်နဲ့ တရုတ်ဘိန်းစားတပ်
အခု ဝ နဲ့ မိုင်းလားမှာချနေကြတဲ့ ရလဒ်ထွက်လာတယ်။
နောက်ဆက်တွဲအနေနဲ့သိရတာတော့လောက်ကိုင်မှာလည်း
ခမရ ၅၂၂ တပ်ရင်းမှူး၊ စစ်သား ၃၁ဦး၊ စစ်သမီး ၈ ဦး ကျဆုံးနှင့်
၃၉ဦး ဒဏ်ရာရ၊ ၄ဦးပျောက်ဆုံးတယ်လို့သိရတယ်။
ထုံးစံအတိုင်း အတည်ပြုထွက်လာတဲ့ သတင်းတော့ မဟုတ်ဘူး။
ပေါင်းတုန်းကလည်း သူတို့ပါ ချကြတော့လည်း သူတို့ပါ
အားလုံး သူတို့ အသီးသီးရဲ့ အကျိုးစီးပွါးတွေ ကာကွယ်
နေကြတယ်ဆိုလျှင် မှားမည်မဟုတ်ပါ။
စစ်ထဲဝင်ရင် ကြီးပွါးမယ်ထင်တဲ့ ချာတိတ်တွေတော့
သေမယ့်နှစ်ထဲစစ်ထဲဝင်မိတာ နောင်တရဖို့ထက်ကို
မြေစာပင် ဖြစ်မှာသေချာတယ်။
သိပ်တော်ပါတယ်လို့ အမြဲမြှောက်ပင့်သံ ကြားနေရတဲ့
စစ်အစိုးရတပ်က အသက်(၈၄) နှစ် ရှိပြီဖြစ်တဲ့ သက်ကြားအို
ဘိန်းသမား တရုတ်ကို နိုင်အောင် မတိုက်နိုင်ရင်တော့
တခွန်းပဲ ပြောချင်တယ်
"မင်းတို့ ဒိုးလိုက်ကြတော့" ။
Andrew Soe
၁၂ ဖေဖော်ဝါရီ ၂၀၁၅။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်