မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 13 February 2015

မြန်မာ့တပ်မတော်နှင့် DKBAတပ် ပူးပေါင်းမည်




ဖေဖော်ဝါရီ ၁၃
ကိုးကန့်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သောတပ်နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ KIA SSA နှင့် အခြားတပ်များကလည်း ဖုန်ကြားရှင်တပ်နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု သတင်းများပြန့်နှံ့လျက်ရှိသည်။
ထို့ကြောင့် KIA SSA နှင့် အခြားလွတ်မြောက်ရေးတပ်မတော်များသည် ဖုန်ကြားရှင်နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံကို ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက DKBAတပ်မတော်ကလည်း မြန်မာ့တပ်မတော်နှင့် ပူးပေါင်းကာ တိုက်ပွဲဝင်ပေးသွားမည်ဟု DKBA မှ ဗိုလ်မှုးကြီးစောထူးအောင် က ပြောကြားလိုက်သည်။
ဗိုလ်မှုးကြီးစောထူးအောင် မှ "ကျနော်တို့ ကရင်ပြည်နယ်ကို ငြိမ်းချမ်းရေးယူပြီး အများကြီးဖွံ့ဖြိုးတိုးတက်အောင် သမ္မတကြီးက ဆောင်ရွက်ပေးခဲ့တယ်... ဒါကြောင့် ကျနော်တို့အနေနဲ့လည်း မဟာမိတ်ဖြစ်တဲ့ မြန်မာ့တပ်မတော်ဘက်က မားမားမတ်မတ် ရပ်တည်ပေးဖို့ အသင့်ရှိနေတာပါ... ကျန်တဲ့ လွတ်မြောက်ရေးတပ်မတော်တွေကိုလည်း ငြိမ်းချမ်းရေးရအောင် အမြန်ဆုံးဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ် " ဟု ပြောကြားခဲ့သည်။

From: Yangon Times

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်