မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 27 January 2015

ဘုရားကိုခြံခတ်ပြီး မြန်မာမ၀င်ရဟုဆိုတဲ့ ပုံဂံက နိုင်ငံခြားသားပိုင် ဟိုတယ်ဆိုနေပါလား





Lu Min's photo.
    
မြန်မာတို့ရဲ့ ပုဂံမြေမှာလဲ နိုင်ငံခြားသားပိုင် ဟိုတယ်...စားသောက်ဆိုင် နဲ့
အခြား စီးပွားရေး လုပ်ငန်းတချို့ကို မြင်တွေ့လာရပါပြီ...အဲ့ဒီမှာ တစ်ခု
ထူးခြားတာက ဧရာဝတီမြစ်ကမ်းဘေး၊ ရွှေစည်းခုံဘုရားအနီး၊ ညောင်ဦးမှာ
The Bagan Step ဆိုပြီး ရှေးဟောင်းဘုရားတွေကိုပါ ခြံခတ်ပြီး ဟိုတယ်လိုလို၊ စားသောက်ဆိုင်လိုလို စီးပွားရေး လုပ်ငန်းလုပ်ကိုင်လာတာကို ထူးခြားအံ့သြဖွယ်
Nမင်တွေ့ခဲ့ရပါတယ်။(မြေပုံတွင်ကြည့်)

အဲ့ဒီ ခြံဝင်းထဲမှာ ရှေးဟောင်းဘုရားတစ်ဆူနဲ့ ပုဂံခေတ်ကျောင်းတိုင်ကြီး (၃) ခု
ရှိပါတယ် (ပူးတွဲပါ ဓာတ်ပုံတွင် ကြည့်)... မိမိအနေဖြင့် ၂၀၀၉ ခုနှစ်တွင် ပထမ
အကြိမ် စိတ်တိုင်းကျ ဓာတ်ပုံသွားရောက်ရိုက်ကူး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်...
ထိုစဉ်က မည်သည့်ခြံစည်းရိုးမှ ကာရန်ထားခြင်း မရှိပဲ ကျန်ရှိသည့်
ပုဂံဘုရား
များကဲ့သို့ လွတ်လွတ်လပ်လပ် မြန်မာ့ပုံရိပ်တွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်က ထပ်မံရောက်ရှိခဲ့ပါတယ်... အဲ့ဒီအချိန်မှာ
ခြံဝန်းခတ်ထားပြီး ခြံစောင့်တစ်ယောက်ရှိနေပါပြီ... သို့ပေမယ့် ထိုခြံစောင့်က
( ဒါ ဘယ်သူကခြံခတ်ထားတယ် ဆိုတာကို မမေးပါနဲ့... ဓာတ်ပုံရိုက်စရာရှိရင်
ရိုက်သွားပါ) ဆိုလို့ အေးအေးဆေးဆေး ထပ်မံရိုက်ကူး ဖြစ်ပြန်ပါတယ်။
၂၀၁၅ ခုနှစ်မှာ တတိယအကြိမ်ထိုနေရာကို ရောက်ဖြစ်ခဲ့တော့ နိုင်ငံခြားသား
လင်မယားနှစ်ယောက် ( ဒါသူတို့ ပိုင်ဆိုင်တဲ့ ခြံဝင်းဖြစ်ကြောင်း... ဓာတ်ပုံရိုက်ကူး
ခွင့်မရှိကြောင်း) ကျနော်နဲ့ ထိပ်တိုက် အခြေအတင် ဖြစ်ပါတယ်... (ဒါဆိုရင်
ဘုရားတွေကိုပါ မင်းတို့ ၀ယ်ထားတာလား... ပြော) ဆိုတော့ အဲ့ဒီမှာတင် ဟို...
ဟင်...တွေဖြစ်လာပြီး ( ဒီ ခြံထဲက မ၀င်ဘဲ အပြင်ဖက်ကနေ ဘုရားတွေ ၀င်ပြီး
ဓာတ်ပုံရိုက်ပါ ) ဆိုပြီး ညာတာပါတေး ဆိုလာပါတယ်... (အပြင်ဖက်က
ဘယ်နေရာကပါတ်ဝင်ရမလဲ ပါတ်ဝင်ရအောင် မင်းတို့က ဘုရားတွေကိုပါ ခြံခတ်
ထားတာ ဘာသဘောလဲ) ဆိုပြီး ထပ်မံပြောဆိုခဲ့ပါတယ်... အဲ့ဒီနေ့က ၂၀၁၅ နှစ်ဆန်းတစ်ရက်နေ့လဲ ဖြစ်နေတော့ သိပ်ရန်မဖြစ်ချင်တာနဲ့ လှည့် ပြန်
လာခဲ့တယ်။
ဒီခြံကို ဘယ်လူကြီးက ပိုင်ဆိုင်ပြီး ဘယ်နိုင်ငံခြားသားတွေကို ရှေးဟောင်း
ဘုရားတွေပါ အငှားချထားသလဲဆိုတာ သိရှိလိုခြင်း၊ ပြသနာရှာလိုခြင်းမျိုး
မဟုတ်ပါ ... မိမိအနေနဲ့ ဗိသုကာ ကျောင်းသားဘ၀က ပုဂံ၊ မြောက်ဦးတို့မှာ လနဲ့ချီပြီး ရှေးဟောင်းဘုရားတွေကို ပြန်လည်တိုင်းတာတွက်ချက်ပြီး ရှေးဟောင်း
ယဉ်ကျေးမှုဌာနအတွက် လုပ်အားပေး အလုပ်လုပ်ပေးခဲ့ဖူးတယ်...မိမိသိထားတဲ့
ရှေးဟောင်း ယဉ်ကျေးမှုဌာနဆိုသည်မှာ အလွန် တင်းကြပ်သော စည်းမျဉ်း စည်းကမ်းတွေနဲ့ ရှေးဟောင်း ကျောက်တိုင်တွေစိုက်ထူ၊ ရှေးဟောင်းနယ်မြေ
သတ်မှတ်ပြီး ရှေးဟောင်းယဉ်ကျေးမှုကို မြန်မာ့သမိုင်း အစဉ်အဆက် အတွက်
ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်နေတယ်လို့ပဲ သိထားပါတယ်။
အခု ကိုယ်တိုင်လက်တွေ့ကျကျနဲ့ နိုင်ငံခြားသားပိုင်ဆိုင်တဲ့ ပုဂံမြေပေါ်က
ဘုရားကိုတောင် ခြံခတ်ထားပြီး မြန်မာ နိုင်ငံသား ဖြစ်လျက်ရက်နဲ့ မ၀င်ရလို့
ကန့်သတ်တာဟာ လွန်တယ်လို့တင်ပြလိုက်ပါတယ်။
သတင်းဓါတ်ပုံ- ကိုဇင်မင်းဆွေ via April Maung Maung.

Kyaw Soe Naing ပို့စ်မှ ယူလာသည်

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်