မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 19 July 2015

အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ပြောကြားခဲ့ပါတယ်


တနင်္ဂနွေ နေ့ မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၈ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောကြားလိုက်တာဖြစ်ပြီး အပြောင်းအလဲတွေ တကယ်မဖြစ် သရွေ့မြန်မာပြည်သူ လူထု အနေနဲ့ အရင် အတိုင်း ဆင်းရဲမြဲ ဆင်းရဲ နေကြရဦးမှာ လို့လည်း သူ က ပြောပါတယ်။
မြန်မာနိုင်ငံ ရဲ့ အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ NLD ပါတီ ဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပြီး အဲဒီရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ မျှော်မှန်းထားပါတယ်။
ဒါပေမဲ့လည်း လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အရ စစ်တပ် က အာဏာ အများစု ကို လွှမ်းမိုးချုပ်ကိုင်နေတာတွေကြောင့် အထွေထွေရွေးကောက်ပွဲ ပြီးရင်လည်း မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ပေါ်ဖို့ အရေး က မသေချာဘူး လို့ ဆိုတဲ့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။

bbc.com

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်