မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 20 July 2015

အသက် ၁၀ နှစ်ပင် မပြည့်တတ်သေးသော အစ္စလမ္မစ်စတိတ်ကလေးငယ်မှ လူကြီးတစ်ဦးကို ခေါင်းဖြတ်သတ်သော ဗွီဒီယို ထွက်ရှိလာ

 
 
 
 
 
 
 
 ဇူလိုင် ၁၈၊ ၂၀၁၅
ယုတ်မာပက်စက်သော အစ္စလမ္မစ်စတိတ် ဂျီဟာ့ဒ်ဝါဒီ ကလေးငယ်တစ်ဦးက ဆီးရီးယားအစိုးရစစ်သားတစ်ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သော ဗွီဒီယိုတစ်ခုထွက်ရှိလာပြီး ယင်းမှာ ကလေးငယ်တစ်ဦးမှ လူကြီးတစ်ဦးကို ပထမဆုံးခေါင်းဖြတ်သတ်ခြင်းဖြစ်ရပ်ဖြစ်သည်။
အော်ဂလီဆန်ဖွယ် ယင်းလူသတ်မှုသည် ဆီးရီးယားနိုင်ငံ၊ ဟွမ်းစ်ပြည်နယ်၊ အနောက်ဟီယာနန်းတော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အယ်လ်ဘိုဆေယီစစ်တပ်စစ်ဆေးရေးစခန်းအနီးတွင် ဂျီဟာ့ဒီတို့မှ ဖမ်းဆီးရမိသွားခဲ့သော အစိုးရစစ်သားကို ခေါင်းဖြတ်ခဲ့ခြင်းဖြစ်သည်။
အမည်မသိ ထိုအရာရှိမှာ ပါလ်မာရာမြို့အစိုးရစစ်တပ်မှဟု ယူဆရသည်။ ပါလ်မာရာမြို့ကို မေလအတွင်းက အစ္စလမ္မစ်စတိတ်မှ သိမ်းယူခဲ့ပြီး သမိုင်းဝင်ရှေးမြို့တော်မှ နှစ်ထောင်ချီသက်တမ်းရှိ အဆောက်အဦး၊ ရှေးဟောင်းဘာသာရေးရုပ်တုများကို ဖျက်ဆီးခဲ့သည်။
အစ္စလမ္မစ်စတိတ်သည် အသက် ၁၂ မကျော်သေးသော ကောင်လေးများကို ပြိုင်ဖက်အကျဉ်းသားများအား ပစ်သတ်အဆုံးစီရင်ရာ၌
အစ္စလာမ်ဘာသာရေးမှိုင်းတိုက် အသုံးပြုလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ ကလေးငယ်တစ်ဦးကို ဘာသာရေးမှိုင်းတိုက်ပြီး လူတစ်ဦးကို ခေါင်ဖြတ်သတ်ခိုင်းဖြင်းကမူ အစ္စလမ္မစ်စတိတ်ဆွန်နီအဖွဲ့မှာ အလွန်တရာ အော့နှလုံးနာဖွယ် ယုတ်မာအောက်တန်းကျလွန်းလှသည်ဟု ဆိုရပေမည်။
ယင်းလရက်ရက်စက်စက် ခေါင်းဖြတ်သတ်သော ဗွီဒီယိုကို အစ္စလမ္မစ်စတိတ်ထောက်ခံသူ မူဆလင်များက ဆိုရှယ်မီဒီယာများ၌ ရှယ်ယာလုပ်ခဲ့ကြပြီး လူသတ်သမား ကလေးငယ်မှာ အသက် ၁၀ နှစါ အထက် မကျော်သေးကြောင်း တွေ့ရသည်။
ကလေးပြောက်ကျားဝတ်စုံဝတ်ထားပြီး အနက်ရောင် ခေါင်းစီး စည်းထားသည်။ ကလေးငယ်၏ မျက်နှာကို ဖုံးကွယ်မထားပါ။
အစိုးရစစ်သားမှာ မြေပြင်ပေါ် ဝမ်းလျားမှောက်လျက် ရှိနေပြီး ကလေးငယ်က ၎င်း၏ နောက်ကျောဖက်မှ ချဉ်းကပ်လာသည်။ ကျောပေါ်တက်၊ ဂုတ်ပေါ်ခွပြီး ဆံပင်ကိုဆုပ်ကာ မေးလန်တက်လာအောင် ခပ်ဆတ်ဆတ် ဆောင့်ဆွဲလိုက်သည်။ ထို့နောက်တွင် ဓားသေးသေးတစ်ချောင်းကို အသုံးပြုပြီး အစိုးရစစ်သား၏ လည်ကိုတတိတိလှီးပြီး ခေါင်းဖြတ်သတ်တော့သည်။
လွန်စွာ အံ့သြထိတ်လန့်ဖွယ်ကောင်းသော၊ လွန်စွာရင်ထဲမကောင်းဖြစ်ရသော အခိုက်အတန့်မြင်ကွင်း ဖြစ်ပေသည်။ ထိုသို့ ရက်ရက်စက်စက် ခေါင်းဖြတ်ပြီးသည်နှင့် ခေါင်းပြတ်ကိုကိုင် လေထဲမြှောက်ပြီး ထိုရက်ရက်စက်စက် လူသတ်မှုကို မျက်နှာပုံစံ အပြောင်အပျက်ဖြင့် အောင်ပွဲခံနေသေးသည်။ ထို့နောက် ခေါင်းပြတ်ကို ထိုသူ၏ ကျောပေါ် တင်ထားလိုက်သည်။
ထိုသို့ လူသတ်မှုကျူးလွန်နေသည့် တစ်လျှောက်လုံး အစ္စလမ္မစ်စတိတ်ဂျီဟာ့ဒီတစ်ဦးက မြင်ကွင်းကို မမှိတ်မသုန် စောင့်ကြည့်နေခဲ့သည်။
ဗွီဒီယိုအဆုံး၌ ထိုအစ္စလမ္မစ်စစ်သွေးကြွမှ ကင်မရာဖက် မျက်နှာလှည့်၍ အနောက်အား ခြိမ်းခြောက်ခဲ့သည်။
"ကျုပ်တို့ ရည်မှန်းချက်က အလ္လာ့အလိုတော်အရ ပါလ်မာရာ၊ ဟွမ်းစ်၊ ဒမတ်စကတ် တင် မကဘူး။ အဲဒါတွေထက် အဓိက,က ဗြတ်အယ်လ်မက္ကဒက်စ် (ယေရုဆလမ်) နှင့် ရောမ ကို အောင်နိုင်ဖို့ပဲ"
ရက်စက်လှသော ယခုလူသတ်မှုမှာ အစ္စလမ္မစ်စတိတ် ကလေးငယ်များမှ ပထမဆုံးသော မသတီစရာ လူသတ်မှုကျူးလွန်ခြင်း မဟုတ်ချေ။ ထိုမတိုင်မီကလည်း ပါလ်မာရာမြို့၌ အစ္စလမ္မစ်ကလေးငယ်များက ပါးကွက်သားလုပ်၍ အကျဉ်းသားများကို ကွပ်မျက်သော စိတ်မချမ်းမြေ့ဖွယ်ဗွီဒီယို ထွက်ရှိခဲ့ဖူးသည်။
ယခုလအစောပိုင်းက အစ္စလမ္မစ်စတိတ်မှ ထုတ်လွှင့်ခဲ့သော ဗွီဒီယိုတွင် - ပါလ်မာရာမြို့၊ ရောမဇာတ်ပွဲရုံထက် ဒူးထောက်လျက်သား တန်းစီထားသော ဆီးရီးယားအစိုးရစစ်သား ၂၅ ဦး ကို အစ္စလမ္မစ်စတိတ်ကလေးငယ်များက နောက်ကျောဘက်မှနေ၍ ပစ်စတိုဖြင့် နောက်စေ့ကို ချိန်ကာ သတ်ပစ်လိုက်သည်။
သွေးဆာနေသော မူဆလင်လူအုပ်ကြီးကလည်း ရှေးဟောင်း အဆောက်အဦးပျက်ကြီးအတွင်း စုရုံးလာရောက်ခဲ့ကြပြီး ထိုလူသတ်မှုကြီးကို အားပါးတရကြည့်ရှုကာ အုတ်အော်သောင်းတင်း အားပေးခဲ့ကြသည်။ အများစုမှာ စစ်ဝတ်စုံများဝတ် နိကဗ်များဆောင်းထားကြသည်။
အစ္စလမ္မစ်စတိတ် ကလေးငယ်များကို "ခါလီဖိတ်ကင်းထောက်လူငယ်လေးများ" ဟု အမည်ပေးထားပြီး အစ္စလမ္မစ်စတိတ်မှ ၎င်းတို့၏ လူသတ်မှုများကို ဝါဒဖြန့်လက်နက်အဖြစ် အသုံးပြုလေ့ရှိကာ ယင်းလူသတ်မှုများမှာ လူသားသမိုင်းတွင် အော့နှလုံးနာဖွယ်အကောင်းဆုံးဖြစ်ရပ်များ ဖြစ်နေသည်။
အစ္စလမ္မစ်စတိတ်ကလေးငယ်များ၏ ပထမဆုံးသော ပါးကွက်သားစီရင်မှုမှာ ဇန်နဝါရီလတွင်းက ဖြစ်ခဲ့သည်။ အစ္စလမ္မစ်စတိတ်ကလေးငယ်နှစ်ဦးမှ ဂျီဟာ့ဒ်အဖွဲ့တွင်း ရုရှထောက်လှမ်းရေး၏ သူလျှိုအဖြစ်ဝင်ရောက်လာခဲ့ပါသည်ဟု ဝန်ခံခဲ့သူနှစ်ဦးကို ပစ်စတိုနှင့် နားထင်ကို တေ့ဖြုတ်၍ အဆုံးစီရင်ခဲ့သည်။
ယင်းမှစ၍ ပြိုင်ဖက်ရန်သူများကို ကွပ်မျက်ရတော့မည်ဆိုလျှင် အစ္စလမ္မစ်စတိတ်မှ ကလေးဂျီဟာ့ဒီများကို အသုံးပြုလာခဲ့ပြီး ထိုသို့ကွပ်မျက်ခဲ့သည့် ဖြစ်ရပ်များစွာ ထွက်ပေါ်လာခဲ့ပေသည်။
myo min thant

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်