မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 8 July 2015

ကြံ့ခိုင်ရေးပါတီ ပြင်ဆင်လိုတဲ့အဓိကအချက်တွေ ရှုံးခဲ့ပြီ



ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းထဲက သမ္မတ၊ ဒုတိယသမ္မတတွေ၊ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေဟာ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရဆိုတဲ့အချက်ကို ပယ်ဖျက်တဲ့ ပြင်ဆင်ချက်တွေ၊ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်က ကော်မတီ၊ ရေးရာကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်တဲ့ ဖြည့်စွက်ချက်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်ကပဲ ရွေးချယ်တင်မြှောက်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်တွေပါဝင်တဲ့ ပုဒ်မ ၆၂၊ ၆၃၊ ၆၄၊ ၁၁၅၊ ၁၄၇၊ ၂၃၂၊ ၂၃၄၊ ၂၄၉၊ ၂၆၁ ပုဒ်မတွေဟာ အမြင့်ဆုံးထောက်ခံမှု ၃၈၄မဲ (၆ဝ.၆၆%)ပဲ ရရှိခဲ့တာကြောင့် အတည်မပြုနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒုတိယတရားသူကြီး
၂ဦးကို တိုးချဲ့ခန့်ထားဖို့၊ တရားသူကြီးချုပ်နဲ့ဒုတိယတရားသူကြီးတွေကို ရွေးချယ်ရာမှာလည်း သမ္မတနဲ့ဒုတိယသမ္မတတွေကိုရွေးသလို လွှတ်တော်ကပဲ ရွေးချယ်ဖို့၊ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကိုလည်း အလားတူပြင်ဆင်ရွေးချယ်ဖို့၊ ရွေးကောက်ပွဲကော်မရှင်ကို ခန့်အပ်တဲ့ပြင်ဆင်ချက်တွေဖြစ်တဲ့ ပုဒ်မ ၂၉၉၊ ၃ဝဝ၊ ၃ဝ၁၊ ၃ဝ၂၊ ၃ဝ၃၊ ၃၁၂၊ ၃၂၁၊ ၃၂၄၊ ၃၃၃၊ ၃၉၆၊ ၃၉၈၊ ၂၉၉နဲ့ ၄ဝ၂တို့ကို စစ်တပ်က မထောက်ခံခဲ့တာကြောင့် အတည်မပြုနိုင်ဘဲဖြစ်ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့မဲပေးတက်ရောက်ကြတဲ့ လွှတ်တော်အမတ် စုစုပေါင်း ၆ဝ၅ဦး (၉၅.၅၇%)ထဲမှာ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်စုစုပေါင်းက ၄၁၁ယောက် (၆၄.၉၂%)ပဲရှိခဲ့တာကြောင့် အာဏာရပါတီက အဓိကပြင်ဆင်လိုတဲ့အချက်တွေကို သမ္မတနဲ့စစ်တပ်က လုံးဝကန့်ကွက်ခဲ့တဲ့သဘောဖြစ်ပါတယ်။
(ဓာတ်ပုံ - ကောင်းခန့်/ကမာရွတ်မီဒီယာ)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်