မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 23 July 2015

တရုတ်နိုင်ငံသားများကို လွှဲပြောင်းပေးရန် တရုတ်အစိုးရ တောင်းဆို


                 Myanmar Breaking News (မြန်မာသတင်းများစုစည်းမှု)
သစ်ခိုးထုတ်မှုဖြင့် တစ် သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရ သော တရုတ်နိုင်ငံသားများ၏ အပြစ်ကို အချက်အလက်ပေါင်း စုံထည့်သွင်းစဉ်းစား၍ မျှမျှတတ ကိုင်တွယ်ပေးရန်နှင့် တရုတ်နိုင်ငံ သားများကို လွှဲပြောင်းပေးရန် မြန်မာအစိုးရထံ တရုတ်အစိုးရက တောင်းဆိုလိုက်သည်။ တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ စီရင်ဆုံးဖြတ်ချက်အပေါ် လွန် စွာစိုးရိမ်ပူပန်လျက်ရှိခြင်းကို အ ကြောင်းကြားထားကြောင်း၊ တရုတ် အစိုးရ၏ စိုးရိမ်ပူပန်မှုကို လေး လေးနက်နက်စဉ်းစားပေးရန်နှင့် အချက်အလက်ပေါင်းစုံကို ထည့် သွင်း၍ မျှမျှတတ ကိုင်တွယ်ဆုံး ဖြတ်ပေးရန် ထပ်မံအကြောင်း ကြားထားကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ မစ္စတာလုခမ်း(Lu Kang) က ပြောကြားသည်။သစ်ခိုးထုတ်သည့် တရုတ် နိုင်ငံသားများကို မြန်မာအစိုးရက ဖမ်းဆီး ထိန်းသိမ်းထားစဉ်က လည်း ယင်းတောင်းဆိုချက် တစ်ကြိမ်တောင်းဆိုခဲ့ဖူးသည်။
မြန်မာအစိုးရက တရုတ် နိုင်ငံသားများကို
တရားဥပဒေနှင့် အညီ တရားမျှတစွာ ဆုံးဖြတ်ပေးပြီး ပြစ်ဒဏ်ကျခံနေရသော တရုတ်နိုင်ငံသားများကို လွှဲ ပြောင်းပေးရန်လည်း တောင်းဆို ခဲ့သည်ဟု မစ္စတာလုခမ်းက ပြောကြားသည်။
တရုတ်အစိုးရပိုင် ဂလို ဘယ်တိုင်းမ်သတင်းစာ၏ ဇူလိုင် ၂၂ ရက် အယ်ဒီတာ့အာဘော် တွင် သစ်ခိုးထုတ်သူများသည် အပြစ်ရှိသော်လည်း အဆိုပါပြစ် ဒဏ်ချမှတ်ခြင်းသည် လွန်စွာ ပြင်းထန်ကြောင်း ပြောကြားထား သည်။
ဘေဂျင်းမြို့ရှိ မြန်မာသံအမတ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး အရေးယူထားသော တရုတ်နိုင်ငံသားများကို ၎င်းတို့နိုင်ငံတွင် ဆက်လက်အရေးယူမည်ဖြစ်သောကြောင့် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ ကြောင်း မြန်မာကောင်စစ်ဝန်ရုံးမှ သတင်းရရှိသည်။
‘‘တရားမ၀င် နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို သူတို့ ဘက်က အရေးမယူဘဲ မြန်မာ နိုင်ငံကို လွှဲပေးခဲ့တာကြောင့် ပြန် လွှဲပေးဖို့ ပြောတာပါ။ သူပို့ထား တဲ့ စာလည်း ရထားပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံးကို တင်ပြထားပါတယ်။ လွှဲပြောင်းဖို့ ရှိ၊ မရှိ သမ္မတရုံးက အကြောင်း မပြန်သေးပါဘူး’’ဟု ကောင်စစ် ရေးရာဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောသည်။
တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ်သတင်းစာက ဇူလိုင် ၂၂ ရက်တွင် ရေးသားဖော်ပြထား သော သတင်း၌လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးရုံးက အဆို ပါပြစ်ဒဏ်သည် ပြင်းထန် ကြောင်း ပြောကြားထားပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်(တရားမ ၀င် သစ်ခိုးထုတ်သူ)များသည်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် ရန်ပုံငွေရှာ ဖွေပေးသည်ဟုလည်း ထင်နေ ကြောင်း ပြောကြားထားသည်။
လူအများစိတ်ဝင်စားသော အဆိုပါအမှုကို မြစ်ကြီးနားတရား ရုံးက (၁၉) ကြိမ်မြောက် ရုံးချိန်တွင် အစိုးရက တရားလိုပြုတရားစွဲဆိုထားသည့် အများပိုင်ပစ္စည်း ကာ ကွယ်စောင့်ရှောက်ရေးပုဒ်မ အပက-၃ ဖြင့် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးကို တစ် သက်တစ်ကျွန်း ထောင်ဒဏ်ချ မှတ်လိုက်ပြီး ကျန်နှစ်ဦးမှာ အ သက်မပြည့်သောကြောင့် ထောင် ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။
အဆိုပါအမှုကိစ္စနှင့် ပတ် သက်၍ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်ကောင်စစ်ဝန်သည် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် မိုးသည်းထန်စွာ ရွာသွန်း နေသောကြောင့် လေယာဉ်အချိန် လေးနာရီခန့် နောက်ကျပြီး ဆင်းသက်ခဲ့၍ ဇူလိုင် ၂၃ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း မရှိသေးကြောင်း တရုတ်သံရုံး တာဝန်ရှိသူက ဆိုသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်