မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 20 July 2015

ကော လင်း ရေကြီးမှု အန္တရာယ်

Than Htike's photo.
Than Htike's photo.

        ကောလင်းမြို့သည် စစ်ကိုင်းတိုင်း ကသာခရိုင် အတွင်းပါဝင်သည်
အရှေ့ဖက် ထီးချိုင့် အနောက်ဖက် ပင်လယ်ဘူး
တောင်ဖက် ကျွန်းလှ မြောက်ဖက် ဝန်းသို နယ် ရှိ ၏
ပင်လယ် ရေမျက်နှာပြင်ထက် ၈၀၁ ပေ ရှိသည်
အရှေ့ဖက် မိုင် ၂၀ ကျော် တွင် မင်းဝံ တောင်တန်းကြီး ရှိသည် ။

ထိုမင်းဝံ တောင် တန်း နှင့် ၅ မိုင်ခန့် အကွာ ရွှေဘို မြစ်ကြီးနား မဟာဗျူ ဟာလမ်းကြီး ရှိသည် ။ မင်းဝံတောင်တန်းပေါ် မှ ကျလာသော ရေ များ အား လုံး မဟာ ဗျူ ဟာ လမ်းမကြီး ကို ကျော်ဖြတ်ကြ ရသည် ။
ဤ တွင် အားနည်းချက် မှာ တံတား များ စွာ တည်ဆောက်လာရ ခြင်း ဖြစ်သည် ။
တံတား များ မှာ ၁၀ ပေ ၂၀ပေ ၅၀ ပေ ၁၀၀ ပေ ၁၆၀ ပေ ၃၀၀ ပေ စသည် ဖြင့်
အမျိုးမျိုး ဖြစ်လာကြသည်
ဤသို့ တံတားများ အနိမ့်အမြင့် မတူ မှု အကျဉ်း အကျယ် ကွာဟ မှု များ နှင့် လမ်းမကြီးဘေး ရေ မြောင်း မှာ ပီပြင် မှု မရှိရာ မှ ရေကြီး ဖို့ ရန် အထောက်အပံ့ပေးသလို ရေများ မြန်ဆန် သွက်လက် စွာ မစီးဆင်းတော့ဘဲ ဆည်ကြီးသဖွယ် ဖြစ် နေ တော့သည် ။
သို့ ဖြင့် မိုးများ ဆက်တိုက် ရွာသော အခါ ဝန်းသို ဆည်ကြီးလည်း ပြည့် လျှံ လာပြီး ရေများ စီးဆင်းလာ သည် ။
ကောလင်းမြို့ သို့ တိုက်ရိုက် ဝင်လာပါ သည် ။ တစ်ကြောင်းက ကောလင်း ဒေါင်းမြူး ချောင်း နှင့် နောက် တစ်ကြောင်း ဒုံးတုတ် ချေုာင်းတို့ ဖြစ် သည် ။
၎င်းဒုံးတုတ် မြိုင် ချောင်း ရေကြောင့်ပင် မီးသတ် ရဲဘော် အသက်ပေး လှူ ခဲ့ ရသည် ။
တဖန် ကောလင်း အနောက် တောင်ရိုး များ မှ စီးဆင်းလာသော ရေများ သဖန်းဆိပ် ဆည် ဖက် မှ ထောက်လာသော ကြို့ပင် ကျေးရွာ များ ဖက် မှ ချောင်းရေ များသည် လည်း သဖန်းဆိပ် ထိပ်ဖျား မှသည် အရှေ့ ဖက် ကောလင်း ဖက်သို့ ထောက်လာ ပါ သည် ။ အမှန်မှာ သဖန်းဆိပ် ဆည်ထဲတွင် ရေသား ရှိပုံ မရပါ ။ တိုင်းကြည့်ပါ က ရေသား ထက်သဲသား က များ သွား ပါ ပြီ ။
သေချာပါသည် ။
ကောလင်း မှာ အနောက်ဖက် သဖန်းဆိပ် မှထောက် ရေ ၊ ဝန်းသိုဖက် မှ ကျ ရေ ၊ အရှေ့မင်းဝံတောင်တန်းမှ ဆင်းရေ တို့ အပြင် ကောလင်း ကျောက်ပြင်သာ လမ်း မှာလည်း လမ်းတံတား မြောင်း များ အချိုး ညီညွတ်မှု မညီမျှ ဖြစ် ကာ ရေကာတာကြီး အလယ် ရောက်သကဲ့ သို့ ဝဲ ချာ လိုက် နေ ပါတော့သည် ။
ဆိုလိုသည်မှာ ခေတ် စနစ် နှင့် လိုက်လျောညီထွေ လမ်းမကြီး များ တည်ဆောက်ကြရာ တွင် ရေမြေ တောတောင် သဘာဝကြီး တစ်ခုလုံး ကို ခြုံ ငုံ စဉ်းစား တွက်ချက် ပြီး အင်္ဂလိပ်မင်း လက်ထက် က တံတားများ ကဲ့သို့ မှုရင်း လမ်း ထက် ၄ ပေ လောက် အထိ မြင့် တင် ဆောက်လုပ် ဖို့ လိုပါ သည် ။
ကောလင်းအရှေ့ ညောင်ကိုင်း ကျေးရွာမှာ ၁၉၃၈ ခု နှစ် က တံတားတစ် စင်း ယနေ့ သစ် မှောင်ခို ခိုးသော ကား၊ တရားဝင် သစ်ခိုးသော ကား မျိုးစုံ ဖြတ်သန်း ပါ သည် ။ ယနေ့ အထိ အကောင်း အတိုင်းသာ ရှိပါသည် ။ ကျန်သော ဖဆပလ တံတား၊ မဆလ တံတား နဝတ တံတား နအဖ တံတား ၁၀ နှစ်ပင် မခံပါ ။
ရှိပါစေတော့ ။
ခက်သည်ကား တောသူတောင်သား အများစု ကလည်း ရေမြောင်း များ ချောင်းများ ကို ပိတ် ဆို့ ၍ လယ်တည် ကြ ခြင်း ၊ အခင်း လုပ် ခြင်း များ ကလည်း နေရာ တိုင်းရှိနေသည် ။
မြို့ပေါ်မှာ တော့ ရေထွက်ပေါက်ကို ပိတ်ပြီး အဆောက်အဦး များ ဆောက်လိုက်ကြသည် ။
တည်ပြီးသော ယာခင်း လယ် တော အချို့ကို ဖျက် ဖို့ မလွယ်သလို အဆောက် အဦးအချို့ ကို ဖျက် ဖို့ အလွန် မကူတော့ ပါ ။
အဲဒီမှာ ဇာတ်လမ်းစတာပါ ။
မိမိတို့က ရေကို ချောင်းထဲ ၊ မှုးထဲ ၊ မြစ်ထဲ၊ ပင်လယ်ထဲ စနစ်တကျ စီးဆင်းမှုကို သဘောကျသည် ။
သို့သော် ရာသီဥတု ဖောက်ပြန် သဖြင့် ရေများ ထိန်းသိမ်းကြရာ မှ ထိုသို့ ရေတားဆည်လိုလို ရေလွှဲ ဆည်လိုလို တည်ဆောက်ကြ ရင်း စီးဆင်းမှု မမှန်မကန် ဖြစ်လာ ရာ မှ ယခု နှစ်လို ကောလင်းမြို့ အကြီးအကျယ် ရေကြီး မှုဘေးကြီး ကြုံလာရုံ မျှ မက စိုက်ဧက ၂ သောင်း ကျော် စတင် နစ် နာ ပျက်စီး ဆုံးရှုံးသွားရပါပြီ ။
မွေးမြူရေး ငါးကန် အား လုံး ပျက်စီးသွားပါ ပြီ ။
လမ်းတံတား များ အား လုံး မြောက်များ စွာ ပျက်စီးရပါ ပြီ ။
ရေစီးဆင်းမှု နှောင့်နှေးစေသော ရေမြောင်းများကြောင့် ဝန်သို နမ်းခမ်း ဖက် မိုးဆက် ၍ မင်းဝံတောင်တန်းမှာ သာ မိုးဆက် လျှင် ကောလင်း မြို့ကို ပင်လယ်လို သွားလာရသော မြို့ပင်လယ် ခေါ်ရပေတော့မည် ။
နောက်နောက် မဖြစ်အောင် စနစ်ကျသော အဆင့်မီသော တံတားများ ဆောက်လုပ် ကြ ဖို့ ရေမြောင်းများ နက် နက် တူး ဖော် ကြ ဖို့ အလွန် လိုပါသည် ။ ယခုတော့ လမ်းများကကျဉ်းပြီး လမ်း ဘောင်ကြီး မြင့်လာ ကာ မြောင်းက လည်း ဟန်ပြသာဖြစ်နေလေရာ ယခုတော့ ဤ အဖြစ် ဆိုးကြီး ကို သမိုင်းသင်ခန်စာ ယူကြရပါမည် ။
Ashin Vicara မှ..။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်