မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 10 August 2013

တာချီလိတ်မြို့တွင် မေတ္တာရှင်နှင့်ရွှေတာချီအဖွဲ့များ ပြည်သူ့အကျိုးပြု ဆောင်ရွက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် (၁၀-၈-၂၀၁၃)ရက်နေ့
တွင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပုန်းထွန်ရပ်ကွက် အလူရာဟိုတယ်လမ်း၊ တာလော့ရပ်ကွက်ကမ်းနား
လမ်း၊ ၀မ်ကောင်းရပ်ကွက် ဆက်သွယ်ရေးဝန်း၊ မယ်ခေါင်ကွက်သစ် နှင့် ပါလျှံ(၃)ရပ်ကွက်များတွင်ရေကြီး
ရေလျှံမှုများဖြစ်ပွားခဲ့ပါသည်။
    

 အဆိုပါရေကြီးရေလျှံနေသည့် နေရာများသို့ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထူး ၏
အနီးကပ်ကြီးကြပ်မှုနှင့်အတူ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း၊ ဥက္ကဌ ဦးဘိုစံ၊ အတွင်းရေးမှူး
ဦးကျော်စွာဝင်း၊ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း၊   ဦးကျော်ဆွေ   ကော်မတီအဖွဲ့ဝင် ဦးသိန်းထွန်း၊
ဦးအောင်ဝင်း၊ ကိုမြင့် လူမှုကူညီရေးခေါင်းဆောင် ဦးမျိုးလွင် ၊ဦးမြင့်ချို တို့မှ ဦးဆောင်ပြီး ပါလျှံ(၃)ရပ်ကွက်
မကာဟိုခမ်းရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်များမှ လူငယ်အသင်းဝင်အင်အား(၄၀)ဦး၊ လူမှုကူညီရေးအသင်း
ရွှေတာချီခရီးသွားလုပ်ငန်းကော်မတီဝင် ဦးကျော်မြင့်၊ ဦးကျော်သန်း၊ ဦးသောင်းထိန်စိုး တို့ဦးဆောင်သည့်
ဂိတ်မှူး အင်အား(၂၀)ဦး တို့သည် ရေနစ်ပစ္စည်းများရေလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း၊ မကျန်းမာသည့်
လူနာများ နှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအား ရေလွတ်ရာသို့    ရွှေ့ပြောင်းကူညီပေးခြင်း၊
ဆိုင်ကယ်စက်ဘီးများအား ၀ိုင်းဝန်းကူညီရွှေ့ပြောင်းပေးခြင်းများကို နံနက်(၈)နာရီမှစတင်ကာ နေ့လည်
(၁)နာရီ အထိ အင်တိုက်အားတိုက် ၀ိုင်းဝန်းကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
   ထို့အပြင် ရေကြီးရေလျှံနေသည့် ပြည်သူများအတွက် ရွှေတာချီခရီးသွားလုပ်ငန်းမှထိုင်းဘတ်(၉)ထောင်
တန်ဘိုးရှိ ထ္မင်းအထုပ်(၃၀၀)၊ မေတ္တာရှင်အဖွဲ့မှ ထိုင်းဘတ်(၄)ထောင်တန်ဘိုးရှိထ္မင်းအထုပ်(၁၀၀)နှင့်ရေ
သန့်ဘူးများကိုလည်း တစ်အိမ်ဆင်း တစ်အိမ်တက် လှူဒါန်းမှုများပြုလုပ်ပေးခဲ့ကြောင်းသိရှိရပါသည်။
     အလားတူ တာလေမြို့နယ်ခွဲတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း ၊ တာလေနတ်စင်ရေကြီး
သဖြင့် တာချီလိတ်/ကျိုင်းတုံ သွားကားများ၊ မော်တော်ဆိုင်ကယ်များမှာ နေ့လည်(၁၁)နာရီမှစပြီး  ညနေ
(၄)နာရီအထိ သွားလာမှုမရသေးကြောင်း ဒေသခံတစ်ဦးမှ ပြောကြားလာပါသည်။ တာလေရေချောင်းနှင့်
ဆက်စပ်လျှက်ရှိသော တာကြန့်ရွာ၊ ၀ါဝိန်းရွာများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်နေသဖြင့် တာလေမြို့
နယ်ခွဲ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးခင်မောင်လတ်   ဦးဆောင်သည့်
ပါတီအဖွဲ့များက လိုအပ်သောလူမှုရေးကိစ္စများကို ၀ိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်