RCSS/SSA(ရွက်ဆစ်)အဖွဲ့ဟာရှမ်းပြည်နယ်ထဲမှာအလွန်ခြေရှုပ်နေတယ်နော်။ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုပပျောက်ရေးကို အကြောင်းပြပြီး နေရာတကာမှာ လက်နက်ကိုင်ပြီးထင်တိုင်းကြဲနေ
ကြတာပေါ့။ ဘိန်းဘုရင်ရဲ့တပည့်ဟောင်းတွေ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့အသက်ဆက်
နေတဲ့ ရွက်ဆစ်အဖွဲ့ဟာ ဘိန်းပပျောက်ရေးဆောင်ရွက်နေတယ်ဆိုတော့ ဘယ်လိုယုံရပါ့။
သူတို့ဘိန်းပပျောက်ရေးလုပ်တယ်ဆိုတာကဒီလိုတိုင်းရင်းသားတွေကိုတရားဝင်ဘိန်းစိုက်ခွင်
့ပေးထားပြီးမသိချင်ယောင်ဆောင်နေတယ်။ဒါပေမယ့်ဘိန်းပပျောက်ရေးကိုအကြောင်းပြပြီး ဘိန်းစိုကခင်းတွေကနေဆက်ကြေးကောက်တယ်။တချို့ ဘိန်းစိုက်ခင်းအနည်းအကျဉ်းကို
ယောင်ပြဖျက်ဆီးပြတယ်။ထွက်လာတဲ့ဘိန်းတွေကိုတော့ ပုံစံအမျိုးမျိုးနဲ့ ကုန်ကူးကြတယ်ပေါ့။
ရွက်ဆစ်နဲ့အဖွဲ့ဟာ အရင်ကလည်း ဘိန်းကုန်ကူးတဲ့ သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့ပဲဖြစ်တယ်။
အရင်ကတော့တောထဲတောင်ထဲနဲ့နယ်စပ်မှာပဲလှုပ်ရှားနိုင်တယ်။အခုအချိန်မှာတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကိုခုတုံးလုပ်ပြီးသူတို့ရဲ့လက်နက်ကိုင်အနိုင်ကျင့်မှုတွေဟာ မြို့ပေါ်အထိရောကလာပြီဖြစ်တယ်။ အစိုးရကလည်းပြည်သူတစ်ရပ်လုံးရဲ့ငြိမ်းချမ်းရေး
လိုလားမှုဆန္ဒကို ငဲ့ကွက်ပြီးဒီအဖွဲ့ရဲ့လုပ်ရပ်တွေကို သည်းခံစောင့်ကြည့်နေလား မသိပါဘူး။
ရွက်ဆစ်နဲ့ (RCSS/SSA) အဖွဲ့ဟာပါးစပ်ကသာရှမ်းပြည်နယ်ကောင်းစားရေး၊တန်းတူအခွင့်
အရေးရရှိရေးဆိုပြီးတိုင်းရင်းသားတွေကိုမျက်လှည့်ပြနေဆဲပါပဲ။ရှမ်းပြည်နယ်ထဲမှာ
ခေါင်းစဉ်အမျိုးမျိုး၊အကြောင်းအမျိုးမျိုးပြပြီးဆက်ကြေးတွေကောက်ကြလို့ကောင်းနေတုန်းပါပဲ။
ငြိမ်းချမ်းရေးကိုပါးစပ်ကအော် နေပေမယ့် ကိုယ့်တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့်အဓမ္မ
လူသစ်စုဆောင်းနေတုန်းပါပဲ။
တကယ်တော့ ရွက်ဆစ်နဲ့ အဖွဲ့ဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မလိုချင်ပါဘူးရှမ်းပြည်နယ်လေး
အတွင်းမှာ လက်နက်အားကိုးနဲ့ရိုးသားတဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်အနိုင်ကျင့်ပြီး
နေရတာကိုအရသာတွေ့နေပြီ။လက်နက်အားကိုးနဲ့ဆက်ကြေးကောက်၊ဘိန်းကုန်ကူး၊ဘိန်းစိုက်၊ လွယ်လွယ်ဝင်ငွေရနေတဲ့ဘ၀ကိုယစ်မူးနေပြီ။ဒီလိုထင်ရာစိုင်းလုပ်ပိုင်ခွင့်ရနေတဲ့အာဏာကို အရူးအမူးဖြစ်နေကြပြီ။ မစွန့်လွှတချင်ကြတော့ဘူး။
ငြိမ်းချမ်းရေးရပြီး စစ်မှန်တဲ့ပြည်ထောင်စုကြီးဖြစ်လာရင် ချမှတ်ထားတဲ့စည်းမျဉ်းဥပဒေ
တွေနဲ့ နေထိုင်ကြရတော့မယ်။ ပြည်သူတွေကိုလည်း နားလှည့်ပါးလှည့်အနိုင်ကျင့်လို့မ
ရတော့ဘူး။ ရွက်ဆစ်နဲ့အဖွဲ့ဟာတစ်သက်လုံး လက်နက်အားကိုးနဲ့အသက်ရှင်သန်လာတာ
ဆိုတော့ ဒီလိုစည်းနဲ့၊ ကမ်းနဲ့၊ ဥပဒေနဲ့ မနေလိုကြဘူး။တစ်သက်လုံးနေလာတဲ့ဘိန်းဓားပြ
စရိုက်ကိုလည်း မစွန့်လွှတ်ချင်ကြဘူး။
ဒီတော့အာဏာရူးရွက်ဆစ်နဲ့အဖွဲ့ဟာသူတို့ရဲ့သြဇာအာဏာမစွန့်လွှတ်ရရေးအတွက် ရှမ်းပြည်ကောင်းစားရေးဆိုပြီးပြည်သူတွေကိုဆက်ပြီးမျက်လှည့်ပြနေဦးမယ်။ ဘိန်းတွေဆက်စိုက်နေကြဦးမယ်။ဆက်ကြေးကောက်နေဦးမယ်။ ဘိန်းကုန်ကူးနေကြဦးမယ်။
ဒီလိုလုပ်နိုင်ဖို့အဓမ္မလူသစ်စုပြီးအင်အားတွေတည်ဆောက်ဦးမယ်။ဒီလိုစည်းမရှိ၊ကမ်းမရှိ လက်နက်ကိုင်ထင်တိုင်းကြဲနေကြဦးမယ်။ဒီအာဏာရူးတွေနဲ့ရှမ်းပြည်နယ်ကြီး ဘယ်လိုငြိမ်းချမ်းတိုးတက်မလဲ၊ စဉ်းစားသာကြည့်ပါတော့။
အောင်ဘာလေ
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်