မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 28 August 2013

၂၀၁၅ မှာ မဲပေးပိုင်ခွင့်ကို နိုင်ငံသား စစ်စစ်မှသာလျှင် မဲပေးပိုင်ခွင့် ရှိဖို


သြဂုတ်လ ၂၆ ရက်နေ့ က အမျိုးသားလွှတ်တော်မှာ
ဒေါက်တာ အေးမောင် အဆိုတစ်ခုကို တင်သွင်းပါတယ်...

အတော် ၀မ်းသာဖို့ ကောင်းပါတယ်....
အဲဒီအဆိုကို ထောက်ခံကြတဲ့ သူများကတော့.....
အရင်ကတေမိမင်းသားများဖြစ်ကြတဲ့ ၂၅ ရာခိုင်နူန်း တပ်မတော်သား ကိုယ်စားလှယ်ကြီးများ အားလုံး ညီညီညွတ်ညွတ် တက်တက်ကြွကြွ ထောက်ခံကြပါတယ်.......
ဒါဟာ ၀မ်းသာစရာပါ...။
အဲဒီအတွက် လေးစားမိပါတယ်..။
ပြည်ခိုင်ဖြိုးက ထက်ဝက်ကျော် ထောက်ခံကြပါတယ်......
NLD က အမတ် ၂ ယောက်စလုံး လဲ ထောက်ခံကြပါတယ်..........ဒေါက်တာအေးမောင် တင်သွင်း တဲ့ အဆိုကတော့ ၂၀၁၅ မှာ မဲပေးပိုင်ခွင့်ကို နိုင်ငံသား စစ်စစ်မှသာလျှင် မဲပေးပိုင်ခွင့် ရှိဖို့ ဆိုတဲ့

ရည်ရွယ်တဲ့ အဆိုပဲ ဖြစ်ပါတယ်..။
သူအဓိကပြင်ခြင်တာကတော့
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဖြစ်ပါတယ်..။
အဲဒီ ဥပဒေမှာ ဖော်ပြထားတာက
''အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား
ပြုခွင့်ရသူ (သို့မဟုတ်) ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ''
ဟု ဖော်ပြပါရှိသည်။

နောက်တစ်ခုက ၁၉၈၂ နိုင်ငံသားဖြစ်တည်မှု့  ဥပဒေ နဲ့  နိုင်ငံသားတို့ ရဲ့  အခွင့်အရေးကို အလေးထားဖို့ ပဲ ဖြစ်ပါတယ်..။
နိုင်ငံသား တစ်ဦးဖြစ်မှသာ မဲပေးပိုင်ခွင့်ရှိခြင်း၊ ရွေးချယ်ခံခွင့်ရှိခြင်းတို့သည် နိုင်ငံသားတို့၏ မွေးရာပါ အခွင့်အရေး ဖြစ်ပါတယ်....။
အဲဒီ အတွက် သူ ရည်ရွယ်ပြီး ဥပဒေတွေကို ပြင်ဆင်ဖို့  တင်သွင်းတာဖြစ်ပါတယ်..။
ဧည့်နိုင်ငံသားဆိုတာ မြန်မာ နိုင်ငံသားမဟုတ်ပါဘူး....မဲပေးခွင့်မရှိရပါဘူးး..

White Card ကိုင်ဆောင်တဲ့ သူတွေဟာ နိုင်ငံသား မဟုတ်ပါဘူး.. ( ဥပမာ ..ဘင်္ဂလီတွေပေါ့ )
လုံးဝ မဲပေးခွင့်မရှိရပါဘူး..။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၀ှိုက်ကတ်ဖြင့် မဲပေးခြင်း၊ ပါတီထောင်ခြင်းများ အားလုံးကို ပိတ်ပင်ရမှာ ပဲဖြစ်ပါတယ်..။

မြန်မာနိုင်ငံတော်ရဲ့  အနာဂတ် နဲ့  နိုင်ငံတော်ရဲ့  အချုပ်အခြာ အာဏာဟာ မြန်မာ နိုင်ငံသား စစ်စစ် ရဲ့ လက်ထဲမှာပဲ ရှိရပါမယ်..။

အဲတော့.....ကျွန်တော်တို့  တွေ အားလုံး ဒေါက်တာ အေးမောင်ရဲ့  အဆိုကို ၀ိုင်းဝန်းထောက်ခံ ကြပါစို့ လို့  ဆန္ဒပြုလိုက်ပါတယ်...။
ဒီအဆိုအတွက် အမျိုးသားလွှတ်တော်မှာ မတ်တပ်ရပ်ခဲ့ကြသော သူများအားလုံး ကို အထူး လေးစားလျှက်......

ဘစည်(စင်ကာပူ)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်