မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 7 August 2013

Samsung Galaxy MEGA 5.8 (GT-I9152) ကို CWM Touch Recovery သွင်းမယ်၊ Root လုပ်မယ်

 
 
 
 
 
 
 
 
အရင်ဆုံး လိုအပ်တာတွေ ဒေါင်းထားပါ။
  1. Samsung Driver for PC  >> Download <<
  2. Odin v3.07       >> Download <<
  3. CWM TOUCH RECOVERY      >> Download <<
  4. STOCK RECOVERY        >> Download<<
  5. UPDATE-SuperSU-v1.34.zip      >> Download <<
  1. ကိုယ့်ရဲ့ ကွန်ပျူတာမှာ Samsung Driver မရှိသေးသူတို့က နံပါတ် ၁ မှာဒေါင်းပြီး သွင်းထားလိုက်ပါ။ 
  2.  Odin ကို ကွန်ပျူတာမှာ run ထားပါ၊ ပြီးရင် နံပါတ်၃ မှာဒေါင်းထားတဲ့ recovery.tar.md5 ဖိုင်ကို PDA နေရာမှာ ရွေးထည့်ပေးပါ။ Odin ရဲ့ ဘယ်ဘက်နားက Option မှာ Auto Reboot နဲ့ F.reset Time နှစ်ခုကလွဲလို့ ကျန်တာဘယ်ဟာကိုမှ အမှန်မခြစ်ထားပါနဲ့။
  3. ဖုန်းကို ပါဝါပိတ်ပြီး Battery ခဏထုတ်ပါ၊ ငါးစက္ကန့်လောက်နေရင် ပြန်ထည့်ပါ၊ Download Mode ၀င်ပါမယ်။ Volume Down +Home +Power button တို့ကို တစ်ပြိုင်နက်တည်း တွဲနှိပ်ပြီး ရင်
    Download Mode ရောက်ပါပြီ။
  4. USB ကြိုးသုံးပြီး ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်လိုက်ပါ။ Odin က ID:COM ဆိုတဲ့ နေရာလေးမှာ အပြာ
    လေး ဖြစ်သွားပါမယ်။ 
  5. Start button ကိုနှိပ်ပါ။ ခဏစောင့်ပါ။ Odin မှာ Pass လို့ပြရင် Touch CWM သွင်းပြီးသွားပါပြီ။
Root လုပ်ပါမယ်။
  1. နံပါတ် ၅ မှာ ဒေါင်းထားတဲ့  UPDATE-SuperSU-v1.34.zip ဖိုင်ကို SD Card ထဲထည့်ထားပါ။
  2. ဖုန်းမှာ CWM Recovery Mode ၀င်ဖို့ အတွက် ဖုန်းကို ပါဝါပိတ်ပြီး Volume Up +Home +Power
    button တို့ ကို တစ်ပြိုင်နက်တည်း တွဲနှိပ်ပြီး ၀င်ပါ။ 
  3. CWM Recovery Mode ကိုရောက်ရင် install zip from sd card ကို ၀င်ပြီး ခုနက ထည့်ထားတဲ့
    UPDATE-SuperSU-v1.34.zip  ဖိုင်ကို ရွေးပေးလိုက်ပါ။ ပြီးရင် ဖုန်းကို Reboot ချလိုက်ပါ။ 
  4. Rooting အောင်မြင်ပါပြီ။
သတိပြုရန်

ဖုန်းကို root မလုပ်ခင် CWM ထဲဝင်ပြီး Backup လုပ်စရာရှိတာ လုပ်ထားသင့်ပါတယ်။ ဖုန်းကို အလိုအလျောက် Factory Reset ချသွားနိုင်လို့ပါ။

အဆင်ပြေပါစေဗျာ။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်