မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 25 August 2013

ထိုင်းနိုင်ငံရှိ တစ်ခုတည်းသော မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင် ဆရာတော်ခန့်အပ်တင်မြှောက်ပွဲ ချင်းမိုင်မြို့တွင်ကျင်းပ

-   
     ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ရှိ (၀ပ်ဆိုင်းန်း)မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပဓာန နာယကကျောင်းထိုင်
ဆရာတော်အဖြစ်ခန့်အပ်တင်မြှောက်ပူဇော်ပွဲကို (၁၉-၈-၂၀၁၃)ရက်နေ့မှစတင်ပြီး(၂၁-၈-၂၀၁၃)ရက်နေ့
အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
     ကျောင်းထိုင်ဆရာတော်အဖြစ်ခန့်အပ်တင်မြှောက်ပူဇော်ပွဲအခမ်းအနားကို     (၂၀-၈-၂၀၁၃) ရက်နေ့
နံနက်ပိုင်းမှာ အခမ်းအနားကို (ပထမ)ပိုင်းအနေဖြင့် မြန်မာနိုင်ငံ(ဗဟို)သံဃာ့နာယက ဥက္ကဌ ဗန်းမော်ဆရာ
တော်ကြီး မှ ဦးဆောင်ပြီးလည်းကောင်း၊ (ဒုတိယ)ပိုင်းအနေဖြင့် သီတဂူဆရာတော်ကြီးတို့မှလည်းကောင်း
ဦးဆောင်ကာကျင်းပပြုလုပ်ခဲ့ပါသည်။
     အဆိုပါ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ရှိ(၀ပ်ဆိုင်းမွန်း)ကျောင်းသည် အေဒီ(၁၅၅၈)ခုနှစ်ကတည်းမှစတင်
ခဲ့သောကျောင်းဖြစ်ပါသည်၊ အစဉ်အဆက် မြန်မာဘုန်းတော်ကြီးများသာ ကျောင်းထိုင်ခဲ့သည့် မြန်မာဘုန်း
တော်ကြီးကျောင်းဖြစ်သည်ဟုသိရရပါသည်၊ သက်တမ်းအားဖြင့် (၄၅၅)နှစ်ရှိခဲ့ပြီး ယခုဆရာတော်ကြီးမှာ
(၁၁)ဆက်မြောက် ကျောင်းထိုင်ဆရာတော်ကြီးဖြစ်ပါသည်။
      အခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန၊ ဒု-တိယ၀န်ကြီး ဒေါက်တာမောင်မောင်ဌေး၊ ထိုင်း-မြန်မာ
သံအမတ်ကြီး ဦးတင်ဝင်း နှင့် သံရုံးဝန်ထမ်းများ၊ နိုင်ငံအသီးသီးမှ မြန်မာဆရာတော်ကြီးများ၊ ထိုင်းနိုင်ငံရှိ
မြန်မာအလုပ်သမားများနှင့် ကုန်သည်ကြီးများ၊ ထိုင်းနိုင်ငံ သာသနာရေးဆိုင်ရာဆရာတော်ကြီးများ၊၀န်ကြီး
ချုပ်ရုံးဝန်ကြီး၊ ထိုင်းသာသနာရေးဆိုင်ရာ ညွှန်ချုပ်နှင့်အတူ ထိုင်းပြည်သူများတက်ရောက်ခဲ့ကြပါသည်။
     အခမ်းအနားဖြစ်မြောက်ရေးအတွက် ထိုင်း-မြန်မာသံအမတ်ကြီး ဦးတင်ဝင်း နှင့်အတူ ထိုင်း-မြန်မာနယ်
ခြားကော်မတီ ဦးဘိုလေး၊ ချင်းမိုင်မြို့နာရေးကူညီမှုအသင်း ဥက္ကဌ ဒေါ်မီးမီး တို့မှ နေ့မအား ညမနားကြိုး
စားဆောင်ရွက်ခဲ့ကြောင်း၊ ထိုင်း-မြန်မာ နယ်ခြားကော်မတီ ဦးဘိုလေး နှင့်မိသားစုမှ      တာချီလိတ်မြို့ရှိ
အောင်မင်္ဂလာဆိုင်းဝိုင်းအဖွဲ့၊ အဆို-အကအဖွဲ့များကိုလည်း အကုန်အကျခံကာ တာဝန်ယူပေးခဲ့ကြောင်း
သိရှိရပါသည်။



လက်ရှိ ကျောင်းထိုင်မည့်ဆရာတော်ကြီးသည် ထိုင်းနိုင်ငံအနှံတွင် နှစ်(၃၀)လောက်အထိ သာသနာပြုနေ
သည့်ဆရာတော်ကြီးဖြစ်သည့်အပြင် ထိုင်းစကား၊ထိုင်းစာများပါတတ်ကျွမ်းသည့်ဆရာတော်ကြီးဖြစ်ပါသည်၊
ကျောင်းထိုင်ဆရာတော်အဖြစ် မြန်မာနိုင်ငံသံဃာ့ဆရာတော်ကြီး(၄၇)ပါးစုံညီအစည်းအဝေးဖြင့်တာဝန်ပေးအပ်
ခဲ့ခြင်းဖြစ်ပါသည်၊ ဆရာတော်ကြီးအနေဖြင့်လည်းယခင်ကျောင်းထိုင်ဆရာတော်ကြီးများဆောင်ရွက်ခဲ့သည့်
နှစ်နိုင်ငံဘာသာရေးများကိုဖေါ်ဆောင်ပေးမှာဖြစ်သည့်အပြင်အကြောင်းအမျိုးမျိုးဖြင့်ဒုက္ခရောက်လာမည့် မြန်မာ
အလုပ်သမားများကိုလည်းလိုလေးသေးမရှိအောင်ကူညီစောင့်ရှောက်သွားမှာဖြစ်ကြောင်း၊လတ်တလောတွင်
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ကျောင်းနေအရွယ်ကလေးများကိုအပတ်စဉ်(စနေ၊တနင်္ဂနွေ)နေ့
တိုင်း (မြန်မာစာ၊ဗုဒ္ဓဘာသာ)စာပေများကိုသင်ကြားပေးနေသည်ကိုလည်းအားရ၀မ်းသာစွာပင် တွေ့မြင်ခဲ့ရ
ပါသည်။ 

    

                         ကျောင်းထိုင်ဆရာတော် ခန့်အပ်တင်မြှောက်ပွဲတွင် လူမှုရေးအသင်းအဖွဲ့များဖြစ်သည့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊    တာချီလိတ်မြို့မှ မေတ္တာရှင်  ( သာရေး / နာရေး )ကူညီမှုအသင်းဥက္ကဌ နှင့် 
ကော်မတီဝင်(၁၀)ဦး၊    အမျိုးဘာသာသာသနာကိုယ်သာစောင့်ရှောက်ရာတရားပွဲဖြစ်မြောက်ရေးအဖွဲ့များ၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ လူမှုဂရုဏာအသင်း၊ကျင်းဟိုင်းနာရေးကူညီမှုအသင်း၊        ချင်းမိုင်မြို့စေတနာရှင်
နာရေးကူညီမှုအသင်း   ၊မဲဆောက်နာရေးကူညီမှုအသင်းများလည်းတက်ရောက် ခဲ့ကြောင်း       လူမှုရေး လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ကြရန် တွေ့ဆုံခဲ့ကြောင်းသတင်းရရှိပါသည်။
 ရှေးဘုရင်များလက်ထက်ကတည်းကပင် အာရှတစ်ခွင်တွင် အလင်းကွန်ယက်ဖြန့်ကျက်ခဲ့သော သာသနာ
တော်ကြီး ရှေးကထက်ပိုပြီးခိုင်မြဲပါစေ၊ ဘာသာ သာသနာလုပ်ငန်းများဆထက်ထမ်းပိုးထမ်းဆောင်နိုင်ကြပါ
စေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။



0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်