မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 10 August 2013

သင့် facebook account ထဲက userတွေကို backup လုပ်ချင်ပါသလား


ကလစ်တစ်ချက်တည်းနဲ့ ဝက်ဆိုက်တွေ အများကြီးကို ချက်ချင်းဖွင့်မယ်
=============================
ကျွန်တော် အင်တာနက်ဖွင့်သုံးပြီဆိုရင် Firefox မှာ သုံးနေကျ ဝက်ဆိုက်တွေ
အများကြီးကို ဖွင့်နေရတာအချိန်ကြာပါတယ်။ New Tab ဖွင့်၊ ဝက်ဆိုက် 
လိပ်စာ ရိုက်ထည့်နဲ့ အလုပ်တွေ ရှုပ်ပါတယ်။ ဒီလို အလုပ်
မရှုပ်၊ အချိန်မကုန်ချင်သူတို့ ကလစ်တစ်ချက်နဲ့တင်၊ သုံးနေကျ ဆိုက်တွေကို တစ်ခါတည်း ပွင့်သွားစေမယ့် batch code လေးကို ဝေမျှလိုက်ပါတယ်။

Download->http://lnx.lu/1V2Q


သင့် facebook account ထဲက ဓာတ်ပုံတွေ.. ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါသလား....
 

 Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့်အဆင့်ဆင့်ကိုလေ့လာကြည့်လိုက်ကြရအောင်...
ပထမဆုံး သင့်အကောင့်ထဲဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...
အဲ့ဒီအခါမှာ

General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်... အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ Download a copy of your Facebook data. ဆိုတာကိုတွေ့ရပါလိမ့်မယ်... အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...
အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်... အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ်အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...
သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေးလိုက်ပါ... ပြီးရင် သင့်အချက်အလက်အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါလိမ့်မယ်...
သင့်အချက်အလက်တွေ download ချဖို့အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင်ရောက်လာပါလိမ့်မယ်... အဲ့ဒီမေးလ်ထဲက လင့်အတိုင်းသွားလိုက်ရင် သင့် personal အချက်အလက်တွေအားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီဖြစ်ပါတယ်...

Ref: Computer Hub
နှိုင်းရင့်နွေ

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်