မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 30 August 2013

အော်ရီဒူးက အိမ်အမြင့်မှာ တိုင်ထူမယ်

ကိုယ့်အိမ်ကို မြင့်မြင့်ဆောက်မယ် ဆိုရင် အိမ်ခေါင်မိုးကို သွပ်/အုတ်ကြွပ် မမိုးဘဲနဲ့ အင်္ဂတေပဲ အပြည့်ခင်းမယ် ဆိုရင် လမ်းတက်လျှောက်လို့ရ၊ ပစ္စည်းထားလို့ရ၊ ရေကန်တင်ထားလို့ရ၊ စလောင်းဖုံးတို့ ဘာတို့ တင်လို့ရပါတယ်။ အပင်ငယ်လေးတွေလည်း စိုက်လို့ရပါတယ်။

သောကြာနေ့ မနက်ပိုင်းက တွေ့ရတဲ့ ရန်ကုန်မြို့ ဆူးလေဘုရားအနီး ရုံးတရုံးပေါ်က ဆက်သွယ်ရေးမျှော်စင် (ဓာတ်ပုံ - ဧရာဝတီ)အခုဆိုရင် တခြားအခွင့်အရေးတွေလည်း ရှိနေပါပြီ။
အမိုးပြန့်တဲ့အတွက် ကြော်ငြာဘုတ်ကြီးတွေ စိုက်ထူနိုင်တဲ့အခြေအနေ ပိုပေးပါတယ်။ ကြော်ငြာဘုတ်အတွက် တိုက်ခေါင်မိုး နေရာတခု ငှားပေးလို့ တိုက်ပိုင်ရှင် ဝင်ငွေ ပုံမှန် ရပါလိမ့်မယ်။
သိပ်မကြာခင်မှာတယ်လီဖုန်းကုမ္ပဏီများက မြို့တိုင်းလိုလိုသွားပြီး ဖုန်းတိုင်ကြီးတွေ စိုက်ပါတော့မယ်။
 အုတ်မြစ်ချပြီး သံမျှော်စင်တွေစိုက်ရင်   အကုန်အကျ များမှာ ဖြစ်တဲ့အတွက် သူတို့က တိုက်ခေါင်မိုးပြန့်ပြန့်တွေကို မျက်စေ့ကျမှာ အသေအချာပါပဲ။
တိုက်ခေါင်မိုးပြန့်ပြန့်က ခိုင်ခိုင်မာမာ ဖြစ်ဖို့တော့ လိုပါတယ်။
ဒါမှ ဖုန်းတိုင်တွေရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိမှာပါ။
အော်ရီဒူးရဲ့ ပြီးခဲ့တဲ့ ၁၆ ရက်နေ့ ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲမှာလည်း သူတို့ရဲ့အရာရှိတယောက်က ပြောပါတယ် ...
အော်ရီဒူးဖုန်းလိုင်းတွေ နိုင်ငံတ၀န်းမှာ မိနိုင်ဖို့ အိမ်အမြင့်တွေမှာ တိုင်ထူမယ် တဲ့။

အဲဒီလို အိမ်ခေါင်မိုးပေါ် တိုင်ထူ၊ မျှော်စင်ဆောက်တဲ့နည်းက အကုန်အကျ သက်သာမယ်လို့ ယူဆရပါတယ်။


ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံနောက်ဘက်က အမေရိကန်သံရုံးပိုင်အဆောက်အအုံ ခေါင်မိုးမှာလည်း ဆက်သွယ်ရေးဆိုင်ရာပစ္စည်းတွေ တပ်ဆင်ထားပါတယ်။ မိုဘိုင်းဖုန်း
ကုမ္ပဏီတွေ တပ်ဆင့်မယ့် တိုင်တွေကလည်း ဒီလို အရွယ်အစားတွေ ဖြစ်ပါလိမ့်မယ် (ဓာတ်ပုံ - ဧရာဝတီ) မြေပြင်မှာ မျှော်စင်မြင့်မြင့်ဆောက်ရင်တော့ ဖုန်းကုမ္ပဏီအတွက် ကုန်ကျစရိတ် ပိုများနိုင်ပါတယ်။

အိမ်အမိုးပေါ် တိုင်ထူခအတွက် ဘယ်နေရာမှာ ဘယ်လောက် ယူကြပါသလဲ။

http://cellphonetowers.wordpress.com/ မှာ ရေးထားတဲ့ အချက်အလက်တွေအရ အခုလို တွေ့ရပါတယ်။

• New Jersey, T-Mobile $1,500
• New Jersey, Clearwire $1,100

• New Jersey, T-Mobile $1,250
• New Jersey, Verizon Wireless, $1,650

• New York, Metro PCS $1,300
• Pennsylvania, AT&T $750

• Pennsylvania, Verizon Wireless $600
• Virginia, AT&T $500

• Los Angeles, T-Mobile $1,300
• Houston, TX Clearwire $900

• San Diego, California $1,400 T-Mobile

အမေရိကန်က ပြည်နယ်တချို့ မြို့တချို့မှာ ပေါက်နေတဲ့ဈေးလို့ ဆိုတယ်။

T-Mobile, Verizon, AT&T တို့ကတော့  အမေရိကန်ရဲ့ နာမည်ကျော်ဖုန်းကုမ္ပဏီတွေပါပဲ။

သူတို့ဆီက   အိမ်အမြင့်မှာ တိုင်ထူတဲ့ဈေးကတော့ အထက်မှာ တွေ့ရတဲ့အတိုင်း ဒေါ်လာ ရာဂဏန်း ထောင်ဂဏန်းဖြစ်ပါတယ်။ အဲဒါ လစဉ်ကြေးပါ။

မြန်မာပြည်မှာလည်း အော်ရီဒူးက အိမ်အမြင့်မှာ တိုင်ထူမယ်ဆိုရင်တော့ ဘယ်လောက် ပေးမလဲ ဆိုတာ တကယ် တိုင်ထူတဲ့အချိန်မှာ သိရမှာ ဖြစ်ပါတယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်