မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday, 17 December 2015

အဘမင်းသိင်္ခ ၏ စာအုပ်များ

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် တပွဲစား ဦးနှော (ဝတ္တုတိုများ) https://docs.google.com/file/d/0B_tDQldqWQvgZDk5MWFlZWItOGJmNC00NTZiLTk5OTYtZjkwNGU4MWVhMTIz/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ပျားဆွဲမုတ်ဆိတ် https://docs.google.com/file/d/0B_tDQldqWQvgZjg2Yzc0NWEtYzFjMy00YjEzLWJiZGMtNGQ0ZWQwMzBiN2Uy/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၁ https://docs.google.com/file/d/0Bwl_hA7bJaAeYmExZTk2NzUtOTE1YS00MjNhLWJiZTktNzc5YzkzMTdjMWUw/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၂ https://docs.google.com/file/d/0Bwl_hA7bJaAeYTNlYmIzMzAtOTRlMC00NTgxLWJkODAtYjhmNGVkMzA3MDE4/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မမင်းဖြူ မှန်မှန်ပြော https://docs.google.com/file/d/0Bwl_hA7bJaAeZDA4YmQxNjEtNjk2Yi00MTM0LWFmNTUtY2YyNWY2YjA3OGIw/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မြိုင်မဟာ မမြလေး https://docs.google.com/file/d/0Bwl_hA7bJaAeZGQ3ODA1ZDctNjA5Yi00OTJhLTllZmEtZWQzOTIyMjU3YzBk/edit?hl=en

မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင် https://docs.google.com/file/d/0B_tDQldqWQvgYzJlZjNmNzItZDk0MS00YmRmLWJlNDMtMDZiZjFmOWE1ZGQ2/edit?hl=en

မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်က စိန်ခေါ်ခြင်း https://docs.google.com/file/d/0B_tDQldqWQvgNWRkMGYwMTQtMDNhYy00NTY4LWE5ZWQtYTBkMzMz

Saturday, 10 October 2015

တာချီလိတ်တွင် သုံးလောင်းပြိုင် လူသတ်ပြီး အိမ်မီးရှို့မှု ဖြစ်ပွား

Yangon Media Group's photo.



တာချီ လိတ်မြို့နယ်တွင် အမျိုးသမီးကြီး နှစ်ဦးနှင့်အမျိုးသားတစ်ဦးအား ရက် ရက်စက်စက်သတ်ပြီး နေအိမ်မီးရှို့ ခဲ့သည့်သုံးလောင်းပြိုင်လူသတ်မှုဖြစ် ရပ်တစ်ခု အောက်တိုဘာ ၈ ရက် ကဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ မရဲစခန်းမှ အတည်ပြုပြောကြား သည်။
အောက်တိုဘာ ၈ရက် ည ၁ဝ နာရီအချိန်တွင် တာချီလိတ်မြို့ပုန်း ထွန်ရပ်ကွက်၊ ပိတောက် (၉)လမ်း သွယ်၊ အမှတ် --- နေအိမ်တွင် မီး လောင်မှုဖြစ်ပွားနေကြောင်း သတင်း အရ သက်ဆိုင်ရာတာဝန်ရှိသူများမှသွားရောက်စစ်ဆေးရာ အိပ်ခန်း အတွင်းရှိ ခုတင်ပေါ်တွင် ဦးစိုင်း တစ် ၃၉ နှစ်မှာ ပက်လက်အနေအ ထားဖြင့် ဒဏ်ရာတချို့ရရှိကာသေဆုံး နေပြီး ဒေါ်အားညွန့် ၅၁ နှစ်ဆို သူအမျိုးသမီးမှာ အိပ်ခန်း၏ ခုတင် ခြေရင်းတွင် မှောက်လျက်အနေအ

Tuesday, 29 September 2015

၂မိနစ်အတွင်း Facebook accountဖွင့်နည်း

ဒီနေ့ တော့ဦးလေးကြီးတင်ပေးမှာကတော့ ဦးလေးကြီးကို ခဏခဏလာမေးနေကြတဲ့
မိတ်ဆွေများအတွက်ရယ် ဖွင့်တိုင်းLockကျကျနေတဲ့ မိတ်ဆွေများအတွက်
ဦးလေးကြီး ၂မိနစ်အတွင်း Facebook  accountဖွင့်နည်း တင်ပေးမှာဖြစ်ပါတယ်
ဦးလေးကြီး တခုတော့ ပြောချင်းပါတယ် ဦးလေးကြီး ပြောပြတဲ့ နည်းအတိုင်းပဲဖွင့်ပါ
ပြီးတော့  accountထဲရောက်သွားတာနဲ့ တွေတဲ့  ဆွေသဟာမိတ်သဟာတွေကို
likeလုပ်တာတော့ ၁လအတွင်း မလုပ်ပါနဲ့  likeမလုပ်နဲ့ လိုပြောတာမဟုတ်ဘူးနော်
likeအရမ်းပေးရင် Photo lockကျတတ်လိုပါ
ဦးလေးကြီး မိတ်ဆွေများက Videosကြည့်ပြီးလေ့လာချင်းတဲ့ လူကများတော့
ဦးလေးကြီး Videoပဲတင်ပေးလိုက်ပါတယ် မိနစ်ကလည်း အရမ်းမများတော့
Downယူရတာလည်း မြန်ပါလိမ့်မယ် မိမိစိတ်ကြိုက် ဖုန်းထဲမှာ သေချာလေ့လာလိုရပါတယ်
downယူရန်အတွက် Downloads link 5ခုချပေးထားပါတယ်
ကြိုက်တဲ့ linkကနေ တခုပဲdownယူပါ
nload1 (zippyshare)

ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)



Tuesday, 22 September 2015

မြန်မာမှတရုတ်သို့ သစ်ခိုးသွင်းမှုကို တရုတ်သစ်မှောင်ခိုဂိုဏ်းတစ်ခုက ထိန်းချုပ်လုပ်ကိုင်နေဟု EIA ထုတ်ပြန်

 
တရုတ်သို့မှောင်ခိုတင်ပို့မည့် သစ်ကားများကိုတွေ့ရစဉ် (ဓာတ်ပုံ−EIA Report)
 ပြည်ပသို့  သစ်အလုံးလိုက် တင်ပို့မှုကို    တားမြစ်ထားသော် လည်း   တရုတ်-မြန်မာနယ်စပ် တွင် တရားမ၀င်သစ်အလုံးလိုက် တင်ပို့မှုများ ရှိနေပြီး သစ်ခိုးတင်သွင်းမှုကို   တရုတ်မှောင်ခိုဂိုဏ်း တစ်ခုက ထိန်းချုပ်ထားကြောင်း  လန်ဒန်မြို့  အခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ(EIA)က သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၂၀၁၅ အတွင်း စုံစမ်းတွေ့ရှိချက်များ ထုတ်ပြန်ခဲ့ပြီး EIA အဖွဲ့က သစ် ကုန်သည်အယောင်ဆောင် စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့သည့် အစီရင် ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။
မြန်မာသော   တရားမ၀င် သစ်အများဆုံးဝင်ရောက်သည် ယူနန်ပြည်နယ်အတွင်းရှိ ဒိန် ဟောင်၊ နောင်တောင်နှင့် ရွှေလီ မြို့သုံးခုကို

Saturday, 12 September 2015

နေပြည်တော်မြို့တော်ဝန် ဦးသိန်းညွန့် ဟာ သူ့ကို မွေးဖွားချိန်မှာ မိဘ နိင်ငံသား မဟုတ်လို့ သူဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညိစွန်းနေပါတယ်

နေပြည်တော်မြို့တော်ဝန် ဦးသိန်းညွန့် ဟာ မအူပင်ကနေပြိုင်မယ့် အမတ်လောင်းဖြစ်ပါတယ်
မြန်မာတိုင်းစ် ရဲ့ ရေးသားချက်အရ သူ့မိဘနှစ်ပါးဟာ ဦးအုံဝှက် ဒေါ် ဂျင်းယင် ဖြစ်ပါတယ
သူ့ကို မွေးဖွားချိန်မှာ မိဘ နိင်ငံသား မဟုတ်လို့ သူဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညိစွန်းနေပါတယ်
တိုင်ကြားစာရသော်လည်း အချိန်နှောင်းသွားလို့ သူ့ရဲ့ရွေးကောက်ပွဲဝင်ခွင့်ကို မပယ်ချပေးနိင်တော့ဘူးတဲ့
ကာယကံရှင် ကလည်း ကိုယ်မိဘ နိင်ငံသား မဟုတ်တာ ကိုတော့ သိလောက်မှာပါ
ဒါပေမယ့်လည်း မျက်နှာပြောင်တိုက် အရှက်မရှိ ခပ်တည်တည် ဝင်ပြိုင်ရဲတယ်နော်
မအူပင် လဝက ကလည်း ဦးသိန်းညွန့် မိဘ တွေ နိင်ငံသား ဟုတ် မဟုတ် ဖြေကြားရန် ငြင်းဆိုတယ်တဲ့
အမှန်ကိုပြောလိုက်ရင် အလုပ်ထိခိုက်မှာကို ကြောက်တဲ့ ခင်ဗျား

Wednesday, 2 September 2015

Computer မှ ဖိုင်များကို စမတ်ဖုန်းကနေ ကြိုးမဲ့ ရယူနည်း


      

သင့်ရဲ့ စမတ်ဖုန်းကနေ ကွန်ပြူတာမှ ဖိုင်များကို ကြိုးမဲ့ နည်းလမ်းဖြင့် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ကွန်ပြူတာမှာ Software များထည့်သွင်းစရာလည်း မလိုပါဘူး။ Android Phone မှာတော့ ES File Explorer ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် ကြီးမားတဲ့ ဖိုင်များကိုတောင် လျှင်မြန်စွာ ရယူနိုင်မှာ ဖြစ်ပါတယ်။
သင့်ရဲ့ ကွန်ပြူတာနဲ့ စမတ်ဖုန်းကို တူညီတဲ့ WiFi Network တစ်ခုထဲမှာ ချိတ်ဆက်ထားဖို့ လိုပါတယ်။
သင့်ကွန်ပြူတာမှ Share လုပ်ချင်တဲ့ Hard Drive သို့မဟုတ် ဖိုဒါအပေါ်မှာ Right Click နှိပ်ပြီး အောက်ပါလမ်းကြောင်းအတိုင်းသွားပါ။
Properties > Sharing>Advanced sharing >share this folder

Share this folder မှာ အမှန်ခြစ်ပေးပြီး Apply ကို နှိပ်ပါ။ Ok ကို နှိပ်ပါ။
သင့်ဖုန်းမှ ES File Explorer ကို ဖွင့်ပြီး ဘယ်ဘက်အပေါ်ထောင့်မှ Menu

Tuesday, 1 September 2015

ဘုတ်ငှက်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ

Tuesday, September 1, 2015



“လေပြေငယ် သုတ်ပါလို့ ရွှေဘုတ်ကဲ့ အိုးအီ.. နေမီအောင် တခိုလှမ်းခဲ့ရ.. ကောက်ငန်းကအပြန်မှာ” ဆိုတဲ့ ရှေးခေတ်ကဗျာကိုသတိရမိတိုင်း “ကျီးဘုတ် ရိုသေ၊ ဘုတ်ကျီး ရိုသေ” ဆိုရိုးကိုလည်း ထပ်ဆင့်သတိရလာပါတယ်။ ကျီးကို မြင်ဖူးတွေ့ဖူးသူအများအပြားရှိနိုင်ပေမယ့် ဘုတ်ငှက်ကိုတော့ တွေ့ဖူးသူနည်းပါးမယ် ထင်ပါတယ်။ အတွေ့ရနည်းတဲ့ ဘုတ်ငှက်အကြောင်းပြောပြပါ့မယ်။

ဘုတ်ငှက်ဟာ ဥဩမျိုးနဲ့အတူ ကျူကျူလီဒီး Cuculidae မျိုးရင်းတွင် ပါဝင်ပြီး သတ္တဗေဒ အမည်အားဖြင့် "စင်ထရိုပတ်ဆိုင်နင်ဆစ်" လို့ ခေါ်ပါတယ်။ ဥဩနဲ့မျိုးတူပေမယ့် ဥဩလိုတော့ အခြားငှက်တွေရဲ့ အသိုက်တွေမှာ ဥအုလေ့မရှိပါဘူး။ မိမိအသိုက် မှာ မိမိဥအုတာပါ။ တောကျီးကန်းအရွယ် အလျား ၁၈ လက်မရှိပြီး ခန္တာကိုယ်မှာတောက်ပြောင်မည်းနက်ပြီး အတောင်ဟာ

Thursday, 20 August 2015

မုံရွာတက္ကသိုလ် ကျောင်းသားနှစ်ဦး အား နမခတိုင်းမှူး ဟောင်း ဗိုလ်ချုပ်စိုးလွင် သား နှင့် အဖွဲ့က ကားဖြင့်လိုက်တိုက်

Tun Min Latt's photo.Tun Min Latt's photo.
 
 
သြဂုတ်လ(၁၁)ရက်နေ့ ည(၁၀)နာရီအချိန်ခန့်တွင် မုံရွာမြို့ ကျောက္ကာလမ်း ဖန်စီ(2)စားသောက်ဆိုင် မှ အရက်မူးပြီး ကားအားအရှီန်ပြင်းစွာဖြင့် မောင်းနှင် ကာ ကျောက္ကာလမ်းမကြီးပေါ် မောင်းတက်စဉ် မုံရွာတက္ကသိုလ် မှ ကျောင်းသားနှစ်ဦး မောင်းနှင်လာသည့် FZ ဆိုင်ကယ် နှင့် တိုက်မိမည့် အနေအထားဖြစ်ကာ
စကားများကြပြီး နောက်ပိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးလွင် ၏ သားနှင့်အဖွဲ့ မှ အဆိုပါကျောင်းသားနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ၄င်းတို့ပါလာ သည့် ကားများဖြင့်လိုက်တိုက်ပြီး ဒုတ်ဖြင့်ပစ်ပေါက်သဖြင့် မုံရွာတက္ကသိုလ် တွင် အေးချမ်းစွာပညာသင်ကြားနေလျှက်ရှိသည့် ကျောင်းသား(၂)ဦး ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"ဘယ်သူတွေ ရဲ့ သားသမီးတွေဆိုတာကိုတော့

Thursday, 13 August 2015

သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ရှိနိုင်ပါ့မလား

သူရဦးရွှေမန်း , ပြည်ထောင်စုလွှတ်တော်နာယက , လွှတ်တော် , ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ, သမ္မတဦးသိန်းစိန်


သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရသည့် သူရဦးရွှေမန်း။(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ပြီး ရှိနေနိုင်ပါတော့မလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူရဦးရွှေမန်းကို သာမန်ပါတီဝင်တဦးအဖြစ် ဆက်လက် လက်ခံထားပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် ရွေးကောက်ပွဲ ၀င်ခွင့်ပြုမည်ဖြစ် ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက ရာထူးတွင် လည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရာထူးကနေ ဦးရွှေမန်းကို နေ့ချင်းညချင်း ဖယ်ရှားလိုက်တာက

Monday, 10 August 2015

IT နှင့်ပတ်သက်၍ လိုချင်တာရှာရန် လင့်များ

 
သက်ဆိုင်သူကို credit ပေးပါတယ်
IT နှင့်ပတ်သက်၍ လိုချင်တာရှာရန် လင့်များ
မှတ်ချက် =
linkတွေအများကြီးမို့linkတွေနိပ်လို့မသွားခဲ့ရင် Color note မှာ copy ကူးထားပြီး အသုံးပြုကြပါ။
မူရင်း credit: http://momeiktharr.wordpress.com/
စိတ်ဝင်စားဖွယ် website လိပ်စာများ
1. www.mcpamyanmar.com မြန်မာနိုင်ငံ ကွန်ပျူတာပည်ရှင်များ အသင်း၏၀က်ဆိုဒ် )
2. www.getnetwise.com
( အင်တာနက်ကိုလုံခြုံစွာ သုံးစွဲနိုင်ရေး အတွက် လမ်းညွှန်ပေးတဲ့ဝက်ဆိုဒ် )
3. www.computerhope.com
( ကွန်ပျူတာနှင့် ဆိုင်တဲ့ software/ hardware ပြသနာပေါင်းစုံ ဖြေရှင်းတဲ့ ၀က်ဆိုဒ် )
4. www.tizag.com
(၀က်ဆိုဒ်ရေးသားချင်သူတွေအတွက်
အသုံးဝင်မယ့် ဆိုဒ် )
5. www.webteacher.com
( ၀က်ဆိုဒ်အခြေခံ ဗဟုသုတတွေ ကိုယ်ပိုင်ဝက်ဆိုဒ် စာမျက်နှာတစ်ခု ပြုလုပ်ပုံတွေ ရှင်းပြထားတဲ့ ၀က်ဆိုဒ် )
6. www.elo-godsign.com
( လိုဂို အကောင်းဆုံး လင့် 300 ကျော်ကို စုစည်းပေးထားတဲ့ ဆိုဒ် )
7. www.photobucket.com
(ဗီဒီယိုတွေကို တင်နိုင်၊ ကြည့်နိုင်တဲ့ဆိုဒ်)
8. www.say-it.com
( seal အမှတ်အသားတစ်ခုကို အွန်လိုင်းတွင် ချက်ချင်းဖန်တီးနိုင်ပြီး

ကျန်းမာရေးဌာနသို့ရောက်ရှိလာတဲ့စစ်ဘက်ဆိုင်ရာ အရာရှိများကို မကျေနပ်၍ မန္တလေးအရိုးဆေးရုံမှ ဆရာဝန်များက ဖဲကြိုးနက်များ လက်ပတ်နက်များပတ်ပြီး ကန့်ကွက်ဆန္ဒပြနေ

 
 
 
 
 

၁၀..၈..၁၅

တပ်သားစုဆောင်းရေးတပ်က ဒုဗိုလ်မှုးကြီးက ကျန်းမာရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှုးဖြစ်စေဆိုပီး လုပ်ထည့်လိုက်သတဲ့။
-
ဆရာဝန်ကြီးတွေအထူးကုကြီးတွေပါမောက္ခကြီးတွေ လက်မခံ၊
ဒေါသထွက်လည်း ထွက်ချင်စရာပဲလေ
မန္တလေးအရိုးရောဂါကုဌာနက အထူးကုဆရာဝန်ကြီးများကတော့ လက်မခံနိုင်တဲ့အတွက်ဆိုပီး အနက်ရောင်ဖဲပွင့်တွေဝတ်ဆင်ပီး
ကမ်ပိန်းလုပ်

Friday, 7 August 2015

ထိုင်ဝမ်နိုင်ငံအတွက်ဒီနှစ်အတွင်းအင်အားအကြီးဆုံးလို့ ဆိုရမယ့် "Soudelor" တိုင်ဖုန်းမုန်တိုင်းကြီး

Heaven Jade's photo.

 ထိုင်ဝမ်နိုင်ငံအတွက်ဒီနှစ်အတွင်းအင်အားအကြီးဆုံးလို့ ဆိုရမယ့် "Soudelor" တိုင်ဖုန်းမုန်တိုင်းကြီးရဲ့  ရှေ့ ပြေးစက်ဝန်းဟာထိုင်ဝမ်နိုင်ငံအတွင်းကိုယခုနေ့ လည်အချိန်မှာကတည်းက၀င်ရောက်လာပြီးလေပြင်းကစတိုက်နေပါတယ်။ မုန်တိုင်းရဲ့ ဗဟိုချက်ကတော့ဒီညပိုင်းမှာထိုင်ဝမ်နိုင်ငံအရှေ့ ပိုင်းမှနေပြီး ကုန်းပေါ်ကိုတက်လာမှာမို့  ထိုင်ဝမ်နိုင်ငံအရှေ့ ဒေသများကို ယနေ့ မွန်းလွဲကတည်းက အလုပ်ပိတ်/ကျောင်းပိတ်အမိန့် ထုတ်ထားနှင့်ပြီး မြို့ တော်ထိုင်ပေအပါအ၀င်ထိုင်ဝမ်တနိုင်ငံလုံးနီးပါးကိုတော့ ယနေ့ ညမှစပြီး အလုပ်ပိတ်/ကျောင်းပိတ်အမိန့် ထုတ်ထားပါတယ်။ အမိန့် နှင့်အကျူံးမ၀င်တဲ့ စစ်တပ်/ကမ်းခြေစောင့်တပ်/ဆေးဖက်ဆိုင်ရာ/မီးသတ်/ကယ်ဆယ်ရေးအဖွဲ့ အစည်းတွေကတော့ ထုံးစံအတိုင်း အင်အားတိုးပြီး ၂၄နာရီပတ်လုံး On Duty ပါ။ ပြည်သူများအား မလိုအပ်ပါကပြင်ပမထွက်ဘဲ မိမိနေအိမ်တွင်း၌သာ လုံခြုံစွာနေကြဖို့  အစိုးရမှတိုက်တွန်းဆော်သြော်ထားပါတယ်။
အများပြည်သူများသွားလာရင်းထိခိုက်ဒဏ်ရာရမှုနည်းပါးအောင် ဆေးရုံများရဲ့  OPDများ/ပြင်ပဆေးခန်းများကိုလည်းယာယီပိတ်ထားမှာဖြစ်ပြီး ဆေးရုံရဲ

Tuesday, 4 August 2015

နှစ်မျိုးပဲရှိတယ် ။ အသိဥာဏ်မဲ့တာလား တာဝန်မဲ့တာလား

 
 
 
 
 
 
( လက်ရှိရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ ဆုံမေးမြန်းခြင်း )
နိုင်ငံတစ်ဝှမ်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတွင် ၁၁ ခုအထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လာမည့် စက်တင်ဘာနှင့်အောက်တို ဘာတို့ ၌ အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်လာနိုင်သည့်အတွက် ယင်းကာလအတွက်ကို ပို၍စိုးရိမ်စရာဖြစ်ရပ်အဖြစ် အစိုးရပိုင်းက သတိထားကာ ကြိုတင်ပြင်ဆင်မှုလုပ်ထားစေလိုကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားလာသည်။ လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေါက်တာထွန်းလွင်၏ ဝေဖန်သုံးသပ်ချက်များကို ပြည်မြန်မာ ပရိသတ်များသိရှိနိုင်စေရန်တွေ့ ဆုံမေးမြန်းပြီး ဖော်ပြလိုက်ပါသည်။
မေး - ဆရာ ဦးထွန်လွင် ခင်ဗျာ ။ ဆရာသတိပေးနေတဲ့အထဲမှာရေကြီး
ရေလျှံမှု ပထမအကြိမ် ၊ ဒုတိယအကြိမ် နဲ့ တတိယအကြိမ်ဆိုပြီးတော့ ရေကြီးရေလျှံကာလ သုံးပိုင်းရှိတယ်ပေါ့ ။ အခု ဒုတိယအကြိမ်က ပြီးပြီ
လား ၊ တတိယအကြိမ်ကရော ဘယ်လိုရှိမလဲခင်ဗျ ။
ဖြေ - ပထမအကြိမ်က ဖြစ်ပြီးသွားပြီ ၊ ဒုတိယအကြိမ်က ဖြစ်နေဆဲပေါ့ ။ အခု ဒီမုန်တိုင်း( ကိုမန် ) ပြီးရင်တော့ နည်းနည်းလောက်တော့ လျှော့
သွားမှာပေါ့ ။ ရေပြန်ကျသွားမှာပေါ့ ။ တတိယအကြိမ်ကဘယ်အချိန်မှာ
လာမလဲဆိုတော့

Sunday, 2 August 2015

ရေကြီးမှုအတွက် အစိုးရအကူအညီ နောက်ကျရခြင်းအဖြစ်မှန်

Aye Min Soe's photo.

         

မြန်မာနိုင်ငံတ၀ှမ်းလုံးရေတွေကြီး နေတာမှာ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းက ပိုပြီးဆိုးဝါးတာကိုတွေ့ ရတယ်၊
အစိုးရက ရုတ်တရက် အရေးပေါ်အခြေအနေ မကြေညာပဲ နောက်ကျနေရတာဟာ အဲဒီဒေသတွေမှာ စစ်ဆင်ရေးအရ အရေးကြိးတဲ့ လျှို့ ဝှက်လှိုင်ခေါင်းတွေ အများဆုံး ရှိနေလို့ ပဲဖြစ်တယ်၊စစ်အစိုးရဟာ နေပြည်တော် စပြိးတည်ဆောက် ချိန်ကတည်းက တနိုင်ငံလုံးအနှ့ံ့ လှိုင်းခေါင်းကွန်ယက်ကို ဒေါ်လာဘီလျှံ နဲ့ ချီ အကုန်အကျခံပြီးတည်ဆောက်ခဲ့တယ်၊လှိုင်းခေါင်းတွေ ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူ့ စစ်မဟာဗျုဟာလို့ သူတို့  နာမည်တပ်ထားတဲ့ စစ်ရေးဗျုဟာရဲ့ အဓိ က အမိန့် ပေး ဌာန (centeral comman posts) တွေကို မြေအောက်က နေကွပ်ကဲဘို့ ပဲဖြစ်တယ်၊ ဒါတွေဟာ ပြည်တွင်း လက်နက်ကိုင်တွေကို ကာကွယ်ဘို့ မဟုတ်ဘူး ပြည်ပက တိုက်ခိုက်လာရင် ရင်ဆိုင်ဘို့ ဖြစ်တယ်၊ စစ်အစိုးရတခုလုံးကို နောက်ဆုံးအချိန်ထိ အကာအကွယ်

Saturday, 1 August 2015

သစ်တော သစ်ပင်တွေ ပြုန်းတီးသွားတာကလဲ မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတယ်

ပညာရှင်စကား
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍမျိုးစုံ
ပကတိအခြေအနေနှင့် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို စာဖတ်သူများ
ရှုမြင်သုံးသပ်နိုင်ရန်အတွက် ''ပညာရှင်စကား'' ကဏ္ဍကို အပတ်စဉ် ဖော်ပြပေးလျက်ရှိပါသည်။
(အယ်ဒီတာ)

သစ်တော သစ်ပင်တွေ ပြုန်းတီးသွားတာကလဲ
မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတယ်။ အရင် က မိုးရွာရင် သစ်တောသစ်ပင်တွေက တားထား တဲ့ အတွက် မြစ်ဆီကို ရေက တန်းမရောက်ဘူး။ ဖြည်းဖြည်းချင်းပဲ ရောက်တယ်။ အခုကျ ရွာသမျှ ရေက မြစ်ထဲဒလဟော စီးဝင်သွားတော့ ရုတ်တ ရက် မြစ်ရေကြီးမှုတွေ ဖြစ်ကုန်တယ်။ အခုဟာက သစ်တောတွေမရှိတဲ့ ဒဏ်ကို ခံနေရပြီ။ ရန်ကုန်မှာ ဆိုရင် မိုးရွာလိုက်ပြီဆိုတာနဲ့ ကားတစ်ဝက်လောက်ကို ရေ မြုပ်နေပြီ။
အရင်တုန်းက တော့ ဆယ်နှစ်မှတစ်ခါ၊ ဆယ့်ငါးနှစ်မှတစ်ခါ ဖြစ် ချင်ဖြစ်မယ်။ ကမ္ဘာပေါ် မှာ ရာသီဥတုပြောင်းလဲ မှုကြီး ဖြစ်ပြီးတဲ့နောက် ပိုင်း မိုးကြီးတာတွေ၊ မိုး ခေါင်တာတွေက

အရေးပေါ် အခြေအနေ ကြေညာဖို့ နောက်ကျသွားပြီ ဆိုတဲ့ ဦးထွန်းလွင်

ရာသီဥတု, မုန်တိုင်း, ရေကြီးရေလျှံ
ဦးထွန်းလွင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်သော မုန်တိုင်းငယ်သည် အနောက်မြောက်ယွန်းယွန်းကို ရွေ့လျှားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” အဖြစ် ပြောင်းလဲခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးမှုများ ဖြစ်ပေါ်နေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ သိသိသာသာ များပြားနေပြီး တချို့နေရာတွေမှာ မုတ်သုန်မိုး အားကောင်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့် သဘာဝ ပတ်ဝန်းကျင်၏ ဆိုးကျိုးများက မြန်မာနိုင်ငံအပေါ် မည်မျှ သက်ရောက်နေပြီလဲ ဆိုသည့် အကြောင်းကို မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” ကြောင့် နောက်ဆက်တွဲ အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ဆိုင်ကလုန်းမုန်တိုင်း ကလည်း နဂိုကတည်းက ဖြစ်နိုင်တယ်လို့ မှန်းထားပြီးသားပါ။ အခု အင်အားကတော့ တန့်သွားတယ်လို့ ပြောရမယ်။ဒီထက် ဆက်တက်ဖို့တော့

Thursday, 30 July 2015

အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက်သင့်ပြီ ..... မိုးလေဝသပညာရှင် ဦးထွန်းလွင် ပြောပြီ



(များများဖြန့်ဝေပေးကြပါ။)

၂၉/ ၇/ ၂၀၁၅
DVB / ရွှေအောင်
တနိုင်ငံလုံး မိုးကြီးပြီး ရေကြီးနေတာကြောင့် အစိုးရအနေနဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက်ဖို့သင့်ပြီလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
အထူးသဖြင့် ဆည်မြောင်းတွေကို အလေးထား စောင့်ရှောက်သင့်တယ်လို့လည်း သူက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဆက်လက်တည်ရှိနေတဲ့ မုန်တိုင်းကြောင့် ချင်း၊ ရခိုင်၊ မကွေး အနောက်ခြမ်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဆက်လက် ဖြစ်ပွားနိုင်တယ်လို့ ပြောပါတယ်။
ဒီနေ့ကစပြီး နောက် ၄-၅ ရက်အတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ် ဖြစ်ပွားနိုင်တာကြောင့် သတိပြု နေထိုင်ကြဖို့လည်း မိုးလေ၀သပညာရှင်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို ဒီဗွီဘီက

သံလွင်မြစ်ရေမှာ ၈၂၆ စင်တီမီတာသို့ရောက်ရှိနေပြီး ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ်ထား

ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာသို့ ကျော်လွန်ကာ ၈၂၆ စင်တီမီတာသို့ရောက်ရှိနေခြင်းကြောင့် ဘားအံမြို့နယ် သံလွင်အရှေ့နှင့် အနောက်ခြမ်းတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၂၈ ရက်မှစတင်ကာ စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် သံလွင်မြစ်ရေသည် ဘားအံမြို့ မြေနိမ့်ရပ်ကွက်အတွင်းဝင်ရောက်ကာ ရေကြီးလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက် တိုင်းထွာချက်အရ ၈၀၃ စင်တီမီတာရှိရာမှ ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ၈၂၆ စင်တီမီတာသို့ရောက်ရှိနေကြောင်း သိရသည်။

"သံလွင်မြစ်ရေက ညဘက်မှာ ပိုပြီးအတက်ကြမ်းတယ်။ ဇူလိုင် ၂၉ ရက်တစ်ညတည်းတင် စင်တီမီတာ ၂၃ ထိတိုးလာတော့ ရေကင်းစခန်းတွေဖွင့်ပြီး လုံခြုံရေးချထားပေးတယ်။ ညဘက်မှာ ရေထပ်တိုးလာရင် မဖြစ်မနေပြောင်းရွှေ့ဖို့

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ထမ်းဆောင်ဖို့ ပြောပြီ



မြန်မာသမ္မတ ဦးသိန်းစိန်က ဇူလိုင် ၂၉ရက်နေ့မှာ Nikkei Asian Review နဲ့တွေ့ဆုံခဲ့ပြီးတော့ လက်ရှိသမ္မတသက်တမ်းပြီးရင် နိုင်ငံရေးကနေ အနားယူမယ်လို့ သူ့ရဲ့ကနဦးစဉ်းစားချက်တွေ ပြောင်းလဲသွားပြီလို့ ပြောခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က သူဟာ သမ္မတအဖြစ် ဒုတိယသက်တမ်းထမ်းဆောင်ဖို့ ဆန္ဒရှိတယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောလိုက်ပါပြီ။
အသက် ၇ဝအရွယ်လည်းရှိ နှလုံးမှာ Pacemaker တပ်ဆင်ထားရတဲ့သူ့အနေနဲ့ မြန်မာသမ္မတအဖြစ် ဘာ့ကြောင့်ဆက်လုပ်ချင်တာလဲဆိုတဲ့ Nikkei ရဲ့မေးခွန်းကိုတော့ ဦးသိန်းစိန်က -
"ကျနော့်အသက်အရွယ်နဲ့ ကျန်းမာရေးအရ ကျနော်အနားယူချင်ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့နိုင်ငံမှာ တိုင်းပြည်ကို

စုတေခြင်း(သေဆုံးခြင်း) နှင့် ပဋိသန္ဓေနေရခြင်း စုတေခါနီး ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ထင်ပုံ အကြောင်း

Buddha, Dhamma, Sangha - ရတ်ပိပြကာ's photo.

ကံနှင့် ကံ၏ ပဋိသန္ဓေအကျိုးပေးမှု သဘာဝ
ကာယကံဖြစ်စေ၊ ဝစီကံဖြစ်စေ၊ မနောကံဖြစ်စေ ကံတခုခုပြုလုပ်လိုက်သောအခါ စေတနာ နှင့်ပြုလုပ်ခဲ့လျှင် ထိုစေတနာစိတ် သည် ဖြစ်၊တည်၊ပျက် (ဥပါဒ်၊ဌီ၊ဘင်) စိတ်၏အသက် သုံးချက်ပြည့်က ချုပ်ပျောက်သွားသော်လည်း ထိုစေတနာ၏သတ္တိ အာနိသင် သည် ပြုလုပ်သူ၏စိတ်အစဉ်ထဲတွင် တောက်လျှောက်ပါရှိနေပေသည်။

အခွင့် သင့်လျှင်သင့်သလို အကျိုးပေးမည်သာ၊ အားကြီးလျှင်အားကြီးသလောက် ကုသိုလ်ကံ၊ အကုသိုလ်ကံစေတနာများ သည်သူ၏အခွင့်သင့်က ၊ အထောက်အပံ့ရက သင့်တော်သော အချိန် တွင် အကျိုးပေးမည်သာ။
အားကြီးသောစေတနာကံအကျိုးပေးရန်အခွင့်ရနေခြင်း
သေခါနီးအချိန်တွင် ထိုစေတနာကံသတ္တိများထဲမှ အားကြီးသောစေတနာကံတခုသည် စိတ်ထဲတွင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အဖြစ် အာရုံတစ်ခုခုအနေနှင့်ထင်လာပေမည်။
စိတ်ကထိုအာရုံကိုစွဲလန်းနေလျှင် ထိုကံစေတနာ အကျိုးပေးရန်အခွင့်ရနေခြင်းဖြစ်သည်။ အကျိုးပေးသည်ဆိုသည်မှာ - ကံပြုလုပ်သူ၏စိတ်အစဉ်ထဲတွင် တောက်လျောက်လိုက်ပါလာနေသော

Thursday, 23 July 2015

သစ်ခိုးထုတ်မှုနဲ့ လူ ၁၅၃ ဦး ထောင်ဒဏ်တသက် စီရင်ခံရမှု တရုတ်သံရုံးတုံ့ပြန်


မြန်မာနိုင်ငံမှာ သစ်ခိုးထုတ်လုပ်မှုနဲ့ ဒီနှစ်စောစောပိုင်းက မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅၃ ယောက်ကို မနေ့က ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တာဟာ ပြင်းထန်လွန်းကြောင်း ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ တည်ဆဲဥပဒေနှင့် ကိုက်ညီတယ်လို့ ထောက်ပြကြသလို မြန်မာ့နိုင်ငံရေး အကဲခတ်တွေကတော့ လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေတာကြောင့် အခုလို ပြင်းထန်တဲ့ စီရင်ချက် ချလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက်ကို မြစ်ကြီးနားခရိုင်တရားရုံးကနေ ဇူလိုင်လ ၂၂ ရက်နေ့က ထောင်ဒဏ် တသက် ပြစ်ဒဏ် စီရင်လိုက်တာ ဖြစ်ပါတယ်။ ထောင်ဒဏ် တသက်တကျွန်း ဆိုတာကို မြန်မာနိုင်ငံ

တရုတ်နိုင်ငံသားများကို လွှဲပြောင်းပေးရန် တရုတ်အစိုးရ တောင်းဆို


                 Myanmar Breaking News (မြန်မာသတင်းများစုစည်းမှု)
သစ်ခိုးထုတ်မှုဖြင့် တစ် သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရ သော တရုတ်နိုင်ငံသားများ၏ အပြစ်ကို အချက်အလက်ပေါင်း စုံထည့်သွင်းစဉ်းစား၍ မျှမျှတတ ကိုင်တွယ်ပေးရန်နှင့် တရုတ်နိုင်ငံ သားများကို လွှဲပြောင်းပေးရန် မြန်မာအစိုးရထံ တရုတ်အစိုးရက တောင်းဆိုလိုက်သည်။ တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ စီရင်ဆုံးဖြတ်ချက်အပေါ် လွန် စွာစိုးရိမ်ပူပန်လျက်ရှိခြင်းကို အ ကြောင်းကြားထားကြောင်း၊ တရုတ် အစိုးရ၏ စိုးရိမ်ပူပန်မှုကို လေး လေးနက်နက်စဉ်းစားပေးရန်နှင့် အချက်အလက်ပေါင်းစုံကို ထည့် သွင်း၍ မျှမျှတတ ကိုင်တွယ်ဆုံး ဖြတ်ပေးရန် ထပ်မံအကြောင်း ကြားထားကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ မစ္စတာလုခမ်း(Lu Kang) က ပြောကြားသည်။သစ်ခိုးထုတ်သည့် တရုတ် နိုင်ငံသားများကို မြန်မာအစိုးရက ဖမ်းဆီး ထိန်းသိမ်းထားစဉ်က လည်း ယင်းတောင်းဆိုချက် တစ်ကြိမ်တောင်းဆိုခဲ့ဖူးသည်။
မြန်မာအစိုးရက တရုတ် နိုင်ငံသားများကို

Wednesday, 22 July 2015

Linux Web Server Development Ebook လေး လေ့လာချင်သူများအတွက်

Linux Web Server နဲပတ်သက်ပြီးလေ့လာချင်သောမိတ်ဆွေများအတွက်စာအုပ်ကောင်းလေး
တစ်အုပ်ရလိုတင်ပေးလိုက်ပါတယ်။စာအုပ်ထဲ့မှာတော့ Web Server နဲပတ်သက်ပြီး Initial Planning၊
Cherokee Installation and Configuration၊ Operating System Configuration၊ Using DDNS၊ Building Your Site၊ Manually Creating a Virtual Server၊ Creating a PHP Virtual Server Using a Wizard၊ Using Multiple Domain Names၊ A Database-driven Web Site ၊
စတာတွေကို ပြည့်ပြည့်စုံစုံလေ့လာလိုကောင်းတဲ့

Tuesday, 21 July 2015

ပန်းချီကား ၁၄၀ ကျော်ကို တရုတ် ပြတိုက်မှူး ခိုးယူ


တရုတ် နိုင်ငံမှာ တက္ကသိုလ် တစ်ခုရဲ့ ပြတိုက်မှူး တစ်ယောက်က ပန်းချီ ပညာရှင်တွေရဲ့ မူရင်း ပန်းချီကားပေါင်း ၁၄၀ ကျော်ကို ခိုးယူပြီး သူ့ရေးဆွဲတဲ့ ပန်းချီကား အတုတွေနဲ့ အစားထိုး ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။
တရုတ် တောင်ပိုင်းက ဂွမ်ကျိုး ပန်းချီ တက္ကသိုလ်မှာ ပြတိုက်မှူး လုပ်ခဲ့တဲ့ ရှောင်ယွမ် ဆိုသူဟာ သူခိုးယူခဲ့တဲ့ ပန်းချီကားပေါင်း ၁၂၅ ကားကို ရောင်းချခဲ့ရာမှာ ဒေါ်လာ ၆ သန်းကျော် ရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ပန်းချီကျောင်းမှာ သူအလုပ် စဝင်ကတည်းက

Monday, 20 July 2015

အသက် ၁၀ နှစ်ပင် မပြည့်တတ်သေးသော အစ္စလမ္မစ်စတိတ်ကလေးငယ်မှ လူကြီးတစ်ဦးကို ခေါင်းဖြတ်သတ်သော ဗွီဒီယို ထွက်ရှိလာ

 
 
 
 
 
 
 
 ဇူလိုင် ၁၈၊ ၂၀၁၅
ယုတ်မာပက်စက်သော အစ္စလမ္မစ်စတိတ် ဂျီဟာ့ဒ်ဝါဒီ ကလေးငယ်တစ်ဦးက ဆီးရီးယားအစိုးရစစ်သားတစ်ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သော ဗွီဒီယိုတစ်ခုထွက်ရှိလာပြီး ယင်းမှာ ကလေးငယ်တစ်ဦးမှ လူကြီးတစ်ဦးကို ပထမဆုံးခေါင်းဖြတ်သတ်ခြင်းဖြစ်ရပ်ဖြစ်သည်။
အော်ဂလီဆန်ဖွယ် ယင်းလူသတ်မှုသည် ဆီးရီးယားနိုင်ငံ၊ ဟွမ်းစ်ပြည်နယ်၊ အနောက်ဟီယာနန်းတော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အယ်လ်ဘိုဆေယီစစ်တပ်စစ်ဆေးရေးစခန်းအနီးတွင် ဂျီဟာ့ဒီတို့မှ ဖမ်းဆီးရမိသွားခဲ့သော အစိုးရစစ်သားကို ခေါင်းဖြတ်ခဲ့ခြင်းဖြစ်သည်။
အမည်မသိ ထိုအရာရှိမှာ ပါလ်မာရာမြို့အစိုးရစစ်တပ်မှဟု ယူဆရသည်။ ပါလ်မာရာမြို့ကို မေလအတွင်းက အစ္စလမ္မစ်စတိတ်မှ သိမ်းယူခဲ့ပြီး သမိုင်းဝင်ရှေးမြို့တော်မှ နှစ်ထောင်ချီသက်တမ်းရှိ အဆောက်အဦး၊ ရှေးဟောင်းဘာသာရေးရုပ်တုများကို ဖျက်ဆီးခဲ့သည်။
အစ္စလမ္မစ်စတိတ်သည် အသက် ၁၂ မကျော်သေးသော ကောင်လေးများကို ပြိုင်ဖက်အကျဉ်းသားများအား ပစ်သတ်အဆုံးစီရင်ရာ၌

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ NLD ပါတီမှ ရွေးကောက်ပွဲ ၀င်မည်


Nainglin Aung's photo.


နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတဆင့် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ ဖန်တီးအိမ်အဖွဲ့မှ ဒေါ်ရွှေရွှေစိန်လတ်၊ ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ နော်စူစန်နာ လှလှစိုး၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဦးဝင်းချို၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ၊ ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ပိုင်ရှင် ဒေါက်တာ သက်သက်ခိုင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဒေါ်သက်သက်အောင်၊ ဘလော့ဂါ ဦးနေဘုန်းလတ်တို့သည် NLD ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဇူလိုင် ၁၈ ရက်နေ့က လျှောက်လွှာတင်ထားကြောင်း သိရသည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ နိုင်ငံရေး အကျဉ်းသူဟောင်း

ကော လင်း ရေကြီးမှု အန္တရာယ်

Than Htike's photo.
Than Htike's photo.

        ကောလင်းမြို့သည် စစ်ကိုင်းတိုင်း ကသာခရိုင် အတွင်းပါဝင်သည်
အရှေ့ဖက် ထီးချိုင့် အနောက်ဖက် ပင်လယ်ဘူး
တောင်ဖက် ကျွန်းလှ မြောက်ဖက် ဝန်းသို နယ် ရှိ ၏
ပင်လယ် ရေမျက်နှာပြင်ထက် ၈၀၁ ပေ ရှိသည်
အရှေ့ဖက် မိုင် ၂၀ ကျော် တွင် မင်းဝံ တောင်တန်းကြီး ရှိသည် ။

ထိုမင်းဝံ တောင် တန်း နှင့် ၅ မိုင်ခန့် အကွာ ရွှေဘို မြစ်ကြီးနား မဟာဗျူ ဟာလမ်းကြီး ရှိသည် ။ မင်းဝံတောင်တန်းပေါ် မှ ကျလာသော ရေ များ အား လုံး မဟာ ဗျူ ဟာ လမ်းမကြီး ကို ကျော်ဖြတ်ကြ ရသည် ။
ဤ တွင် အားနည်းချက် မှာ တံတား များ စွာ တည်ဆောက်လာရ ခြင်း ဖြစ်သည် ။
တံတား များ မှာ ၁၀ ပေ ၂၀ပေ ၅၀ ပေ ၁၀၀ ပေ ၁၆၀ ပေ ၃၀၀ ပေ စသည် ဖြင့်

ကညနဝန်ထမ်းများ အဂတိ လိုက်စားမှုကြောင့် အခွန်ဘဏ္ဍာ ကျပ်သိန်းပေါင်းတစ်သိန်း နစ်နာဟု သူရဦးအောင်ကို ဆို


Aung Than Tun's photo.
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် စက်မှုဇုန်ကား ထုတ်လုပ်သူများ ပူးပေါင်း လုပ်ဆောင်နေကြသည့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေကျပ် သိန်းပေါင်းတစ်သိန်းနစ်နာခဲ့သည်ဟု ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ပြောကြားလိုက်သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၄ ရက်မြောက်နေ့ ဖြစ်သည့် ဇူလိုင်လ ၁၃ ရက်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“စက်မှုဇုန်က နောက်ပိုင်းထုတ် - အပ်စနစ်နဲ့ စုစုပေါင်းအရေအတွက် ၂၀၀၀ ကျော် အတွက်ဆိုရင် စလစ်တစ်စောင်အတွက် သိန်း ၅၀ နစ်နာ ခဲ့လို့ ကားအစီးရေ ၂၀၀၀ အတွက် နိုင်ငံ့ဘဏ္ဍာ သိန်းပေါင်းတစ်သိန်း နစ်နာခဲ့ပါတယ်” ဟု သူရဦးအောင်ကိုက

ရခိုင် အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟုဆို

Aung Than Tun's photo.

ရန်ကုန်၊ ဇူလိုင်၂၀ ရက် (ဆင်ဟွာ)
ရခိုင်အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၆၀ ကျော်ကို ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း စာရင်းကို အတည်ပြုပြီး ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်က ဆင်ဟွာကို ယနေ့ပြောသည်။
ရခိုင် အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ မဲဆန္ဒနယ် အားလုံး ၆၀ ကျော်ရှိတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရော တောင်ပိုင်းရော၊ ပြည်နယ် လွှတ်တော်ရော မဲဆန္ဒနယ် အကုန်လုံးကို ဝင်ပြိုင်မှာ ဖြစ်တယ်’’ ဟု ပြောသည်။
ရခိုင် အမျိုးသားပါတ်ီမှ ဥက္ကဌ ဒေါက်တာ အေးမောင်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင်

Sunday, 19 July 2015

(၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် စပ်လျဉ်း၍ အာဇာနည်ခေါင်းဆောင်ကြီးများ ၏ မိသားစုဝင်တို့၏ သဘောထားအမြင်များ ( ဆောင်းပါး)

MOI Webportal Myanmar's photo.MOI Webportal Myanmar's photo.MOI Webportal Myanmar's photo.


ရန်ကုန် ဇူလိုင် ၁၉
၂ဝ၁၅ ခုနှစ် (၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြ သည့် အာဇာနည်ခေါင်းဆောင်ကြီး များ၏ မိသားစုဝင်များ၏ သဘောထား အမြင်များကို ကောက်နုတ် စုစည်းဖော်ပြလိုက်ရပါသည်
ဒေါက်တာဒေါ်ခင်လှချို
(ဒီးဒုတ်ဦးဘချို၏ မြေးအကြီးဆုံး)

အာဇာနည်နေ့ ရောက်တိုင်း ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးသွား တဲ့ အာဇာနည် ခေါင်းဆောင်တွေ အားလုံးကို သတိတရနဲ့ သူတို့ရဲ့စိတ်ဓာတ်၊ သူတို့ရဲ့စည်းကမ်းနဲ့ သူတို့တိုင်းပြည် အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ခဲ့ရတာတွေ နောက်ပြီးတော့ သူတို့ ရဲ့ တိုင်းပြည် အပေါ်မှာ ထားတဲ့ စေတနာ၊ အလုပ်ဆိုတာ စေတနာနဲ့ တိုင်းရတာပေါ့။ အဲဒါတွေ အသိ အမှတ်ပြုပေးဖို့နဲ့ ကောင်းအောင် ကြိုးစားဖို့ ပြောချင်ပါတယ်။ အခမ်း အနားကို

ကန့်ဘလူ၊ ကောလင်းနယ်များတွင် မိုးကြီး၍ ရထားများရပ်တန့်နေ

          
ဧရာဝတီ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် မနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ချောင်း ဘူတာနှင့် ကံကြီးဘူတာအကြားတွင် ရထားသံလမ်းသို့ တပေခန့် ရေကျော်သည့်အတွက် မန္တလေးမှလာသည့် ၅၅ အဆန် အမြန်ရထားနှင့် ကောလင်းမှလာသည့် ၄၅ အဆန်ရထားတို့ ချပ်သင်းဘူတာတွင် ရပ်တန့်ထားရပြီး မိုးညှင်းလူစီးရထားနှင့် ကုန်ရထားတို့လည်း ချပ်ကြီး ဘူတာတွင် ရပ်တန့်ထားရသည်။
ထို့အပြင် ကောလင်း- ကျွန်းလှ- ကန့်ဘလူ နတလလမ်း ကောလင်း မြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ ဒေါင်းမြူးချောင်း တံတားတောင်ဘက် ကားလမ်းပေါ်တွင်

၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းများ.

Eleven Media Group
Eleven Media Group's photo.

Eleven Media Group's photo.

၂၀၁၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော ၆၈ နှစ်မြောက် အာဇာနည်နေ့၌ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရ၀ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အပါအ၀င်

ဘောညှီနံ့သင်းခြင်း



(၁)
သတိထားမိတာတစ်ခုပြောမယ်..
မြစ်ဆုံကိစ္စကိုစပြီး အစဆွဲထုတ်တာ..
တစ်ပူးမီဒီယာပဲ...၊
အဲဒီတုန်းက ဒုသမ္မတရှစ်လုံးနဲ့..
စတီဗင်လော ခေါ်ထွန်းမြင့်နိုင်ရဲ့
ဇာတ်ရှုပ်တွေပါပေါ်လာလေတော့..
ဒုသမ္မတအဆင့်ပါ နှုတ်ထွက်ပေးလိုက်ရတယ်
ဒါက တစ်ပူးကို..
ပထမဆုံးညှိုးတဲ့ အညှိုး..၊
--------------------
(၂)
နောက်တစ်ခုက..
ဒေါ်လာ ၁၁ ဘီလျံကိစ္စ ဖြစ်တယ်..
ဒေါ်လာ၁၁ ဘီလျံ လောက်ရှိတဲ့ ..
ကြောက်ခမန်းလိလိ များပြားတဲ့
ငွေတွေဟာ နိုင်ငံခြားဘဏ်တစ်ခုမှာ
မြန်မာနိုင်ငံသား (၅) ယောက်ရဲ့အကောင့်တွေနဲ့
ရှိနေကြတာကို ကမ္ဘာ့ဘဏ်တာဝန်ရှိသူက
အစည်းဝေးတစ်ခုမှာပြောတဲ့သတင်းကို
တစ်ပူးက စပြီးဖေါ်ထုတ်လိုက်ပါတယ်...
ပြည်သူတွေ မခံချိမခံသာဖြစ်ကြတယ်..၊
အဲဒါက ဒုတိယအညှိုး...
---------------------
(၃)
ပြီးတော့....
ဦးစိုးသိန်း ဒညင်းကုန်းအုတ်စက်ရုံကို..
သူခိုးဈေးနဲ့ ရောင်းလိုက်တဲ့ကိစ္စ...၊
ဧက ရာနဲ့ချီတဲ့ ဒညင်းကုန်းစက်ရုံမြေတွေကို
သူခိုးဈေးနဲ့ သမလိုက်တာ

အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ပြောကြားခဲ့ပါတယ်


တနင်္ဂနွေ နေ့ မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၈ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောကြားလိုက်တာဖြစ်ပြီး အပြောင်းအလဲတွေ တကယ်မဖြစ် သရွေ့မြန်မာပြည်သူ လူထု အနေနဲ့ အရင် အတိုင်း ဆင်းရဲမြဲ ဆင်းရဲ နေကြရဦးမှာ လို့လည်း သူ က ပြောပါတယ်။
မြန်မာနိုင်ငံ ရဲ့ အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ NLD ပါတီ ဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမယ့် အထွေထွေ ရွေးကောက် ပွဲမှာ NLD က မဲဆန္ဒနယ် အများစုမှာ ၀င်ရောက် ယှဉ်ပြိုင်ပါမယ်

ဒီနေ့ နေပြည်တော်က အိမ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမယ့် အထွေထွေ ရွေးကောက် ပွဲမှာ NLD က မဲဆန္ဒနယ် အများစုမှာ ၀င်ရောက် ယှဉ်ပြိုင်ပါမယ်။
ဗဟိုအလုပ် အမှုဆောင် အစည်းအဝေး လည်း ပြုလုပ်ခဲ့ ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေး ခဲ့ကြပါတယ်။ NLD လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်ဖို့ ဆိုရင် ဘွဲ့ရ၊ ပညာတတ်ဖြစ်ရုံ သက်သက်မဟုတ်ပဲ ပြည်သူကို အကျိုးပြုနိုင်တဲ့ သူဖြစ်ဖို့လိုပါတယ်။ NLD နဲ့ ဆယ်စုနှစ်ကျော် လက်တွဲခဲ့ သူဖြစ်နိုင် သလို၊ အခုမှ ၀င်လာတဲ့သူ

Wednesday, 8 July 2015

ကြံ့ခိုင်ရေးပါတီ ပြင်ဆင်လိုတဲ့အဓိကအချက်တွေ ရှုံးခဲ့ပြီ



ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းထဲက သမ္မတ၊ ဒုတိယသမ္မတတွေ၊ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေဟာ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရဆိုတဲ့အချက်ကို ပယ်ဖျက်တဲ့ ပြင်ဆင်ချက်တွေ၊ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်က ကော်မတီ၊ ရေးရာကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်တဲ့ ဖြည့်စွက်ချက်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်ကပဲ ရွေးချယ်တင်မြှောက်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်တွေပါဝင်တဲ့ ပုဒ်မ ၆၂၊ ၆၃၊ ၆၄၊ ၁၁၅၊ ၁၄၇၊ ၂၃၂၊ ၂၃၄၊ ၂၄၉၊ ၂၆၁ ပုဒ်မတွေဟာ အမြင့်ဆုံးထောက်ခံမှု ၃၈၄မဲ (၆ဝ.၆၆%)ပဲ ရရှိခဲ့တာကြောင့် အတည်မပြုနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒုတိယတရားသူကြီး

Tuesday, 7 July 2015

လက်ထပ် ထိမ်းမြားခြင်း ဥပဒေ အတည်ပြု

မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်တော် က အတည်ပြု လိုက်ပါပြီ ။
ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် သဘောထား ကွဲလွဲချက် ၁၁ ချက် ရှိခဲ့ ပါတယ် ။
ဒါနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရမှာတော့ ကန့်ကွက်မဲ့ ၂ဝ ခန့်နဲ့ ကြားနေမဲ ၈ မဲသာ ရှိခဲ့ပြီး ထောက်ခံမဲ ၅ဝဝ ကျော် ရရှိခဲ့တဲ့ အတွက် ဥပဒေကို အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ် ။
ဒီဥပဒေ ပြဋ္ဌာန်း နိုင်တဲ့ အတွက် မြန်မာ ဗုဒ္ဓ ဘာသာဝင် အမျိုးသမီး တွေဟာ ဘာသာခြားနဲ့ လက်ထပ် ပေမယ့် ဗုဒ္ဓဘာသာ ကို ဆက်လက် ကိုးကွယ်ခွင့် ရမှာ ဖြစ်ပါတယ် ။
တကယ်လို့ ဘာသာခြားနဲ့ အိမ်ထောင်ပြု ခဲ့ပြီး ကွာရှင်း ဖို့နဲ့ ပိုင်ဆိုင်မှု ခွဲဝေရေး တို့ သားသမီး စောင့်ရှောက်ရေး ကိစ္စ တို့ကို