မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 30 March 2013

ရလလဖ ရဲ့ ဖက်ဒရယ်ပြည်ထောင်စုအနာဂတ်မြန်မာနိုင်ငံ

ထူထောင်ဖို့အကြံ တစ်မျိုးသားလုံးက လက်မခံ

မတ်(၃၀)
 (ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ပွဲဓာတ်ပုံ

မတ်လ ၂၇ ရက်နေ့တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)မှ ဖက်ဆစ် ဂျပန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်ဆိုပြီး အချက်(၇)ချက် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။ 
တပ်မတော်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တွင် ဂုဏ်ယူခြင်း၊ စိတ်မကောင်းခြင်း၊ အမှား/အမှန် ခွဲခြားပြခြင်းတို့ဖြင့် စီကာပတ်ကုံး ရေးသားထားပြီး နောက်ဆုံးအနှစ်ချုပ်ကတော့ ဖက်ဒရယ်ပြည်ထောင် စု တည်ထောင်ပြုရေး အကြံအစည်ပဲ ဖြစ်ပါသည်။
ထိုထုတ်ပြန်ချက်တွင် တပ်မတော်အပါအ၀င် ပြည်သူများနှင့် တိုင်းရင်းသားပေါင်းစုံတို့သည် ဒီမို ကရေစီပြည့်ဝပြီး ထာဝရငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ပြည်ထောင်စု အနာ ဂတ်မြန်မာနိုင်ငံ လူအဖွဲ့အစည်းသစ်ကို လက်တွဲတည်ဆောက်ကြမည်ကို ယုံကြည်စိတ်ချရ ပါသည် ဟု ဖော်ပြထားပြီး တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးကို နားလှည့်ပါးရိုက်ပြီး မဲဆွယ် စည်းရုံးလိုက်ခြင်းဖြစ်ပါသည်။
ရလလဖရဲ့ အကြံက ဓာတ်ပြားဟောင်းကြီးဖွင့်ပြနေတယ်လို့ပဲ ပြောရမလား၊ ဒါမှမဟုတ် ဒီပုတ်ထဲက ဒီပဲလို့ပဲဆိုရမလား၊ ကြားနေကြစကားများဖြစ်၍ နားငြီးလှပါပြီ။ ဟိုတစ်လောက ရှမ်း-ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ၊ ဆွေးနွေးပွဲမှာလည်း UWSA ၊ UWSP (၀)အဖွဲ့က ရှမ်းပြည်နယ်ကနေ ခွဲထွက်ပြီး ဖက်ဒရယ်ပြည်နယ်တည်ထောင်ချင်ကြောင်း တောင်းဆိုခဲ့သည်။ 
ထိုကဲ့သို့ နယ်ချဲ့တွေပေးခဲ့တဲ့အမွေ သွေးကွဲမယ့်ပြက်လုံးစကားများကို နားယောင်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ပြုမယ်ဆိုရင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အစိတ်စိတ် အမွှာမွှာ ပြိုကွဲပြီး သူ့ကျွန်ဘ၀ပြန်ရောက်ဖို့ လက်ယက်ခေါ်သလို ဖြစ်သွားပါလိမ့်မည်။ 
ပွင့်လင်းမြင်သာသောခေတ်တွင် တိုင်းရင်းသားအားလုံး ခေတ်ရေစီးကြောင်းနှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှ အစပြုပြီး အရာရာတိုင်းကို စဉ်းစားချင့်ချိန်တွေးတောဆင်ခြင် တတ်နေကြပါပြီ။ ကိုယ့်တိုင်းပြည် ဒုက္ခဆင်းရဲတွင်းထဲ ခုန်ဆင်းရမယ့်အန္တရာယ်ကို ဘယ်တိုင်းရင်းသားကမှ လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး။
သို့ဖြစ်၍ ကျီးကန်းလို တစာစာအော်ဟပ်၊ လိမ်လို ကိုယ့်ဘက်ကိုယက်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အရေးကိစ္စကို တိုင်းရင်းသားအားလုံးက အမျိုးသားရေးတာဝန် အသိစိတ်ဖြင့် စည်းလုံး ညီညွတ်စွာဖြင့် ကာကွယ်တားဆီးရန် လိုအပ်ပါသည်။ 
ရလလဖ ကိုတော့ ပြောပြချင်ပါသည်။ တပ်မတော်ကို ကောင်းသည်၊ ဆိုးသည် ပြောဆိုပြီး မလိမ့် တပတ်အကြံနဲ့ မဲဆွယ်ဖို့ မကြိုးစားပါနဲ့။ ထို့နည်းတူ ပြန်သူကိုလည်း ပျားရည်နဲ့ ၀မ်းချပြီး မက်လုံးပေး စည်းရုံးရေးစကားတွေမပြောပါနဲ့။ ရလလဖ ရဲ့ အပြုသဘောဆောင်သော ထုတ်ပြန်ချက် ဒါမှမဟုတ် အပျက်သဘောဆောင်သော ထုတ်ပြန်ချက်မှန်း မသိတဲ့ ဖက်ဒရယ်ပြည်ထောင်စု အနာဂတ်မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းသစ်ဟူသော စမ်းတ၀ါးဝါး ယောင်နနအိပ်မက်ကို တစ်မျိုးသားလုံးက လက်မခံ ပါကြောင်း အသိပေးလိုက်ပါသည်။  

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်