မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 29 March 2013

မိတ္ထိလာမှာ အဓိက သွေးထိုးလှုံ့ ဆော်သူ

U Khaing Aung Kyaw
    မိတ္ထိလာမှာ အဓိက သွေးထိုးလှုံ့ ဆော်သူ ဦးဝင်းထိန်ကို တွေ့ ပြီ

    မိတ္တိလာမြို့ မှာ ရွှေဆိုင်ကနေပြီး အရောင်းအ၀ယ် ပြုလုပ်ကြမှာ ကတောက်ကဆဖြစ်ပြီး ဖြစ်ခဲ့ ကြတယ် ။ အဲဒီနောက် ရိုက်မှုဖြစ်ခဲ့ တယ် ။ ဒီသတင်းကနေပြီး ဆက်လက်ဖြစ်ပွါးခဲ့ တဲ့  အဓိကရုဏ်းမှာ ရဟန်းသင်္ဃာတော်တပါးကို အက်စစ်တွေလောင်း မီးရို့ သတ်ဖြတ်မှုအပြီး နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ ကြရတယ် ။ မိတ္ထိလာသား ဗုဒ္ဒဘာသာဝင်တွေနဲ့  တိုင်းရင်းသားမဟုတ်သူ လူမျိုးတွေ ဖြစ်ရပ်ကို ဂျာနယ်တွေမှာ ဖေါ်ပြရေးသားနေကြပါတယ် ။ အခုဆိုရင် နိုင်ငံတော်အစိုးရက လုံခြုံရေးတွေကို စနစ်တကျ စီမံချထားပေးထားတယ်ဆိုတာကို မြင်နေရပါတယ် ။ လုံခြုံရေးအတွက် တာဝန်ယူထမ်းဆောင်လာခဲ့ တဲ့  တပ်မတော်သားတွေဟာလဲ တချို့ ဆိုရင် သူတို့ ရဲ့  တပ်မအသီးသီးဆီ ပြန်လည်ထွက်ခွါသွားနေကြတာကို သတင်းတွေမှာ တွေ့ မြင်နေရပါတယ် ။ မန္တလေးတိုင်း ၀န်ကြီးချုပ်ဟာလဲဘဲ မိတ္ထိလာမြို့ ကို အနီးကပ်စောင့်ရှောက်ပြီး တာဝန်ယူကြီးကြပ်ပေးနေတာ တွေ့ မြင်ရပါတယ် ။ ဒီလိုဖြစ်ပွားခဲ့ တာဟာ ဘယ်ဂယက်တွေကြောင့်မှ မဟုတ်ဘဲ မတော်မဆဖြစ်ခဲ့ ကြရာကနေပြီး ဖြစ်ပွားသွားတာသာဖြစ်တယ် ။ အဓိက မူရင်းအကြောင်းခံက ဒါဘဲဖြစ်ပါတယ် ။
    အဲဒီလို ဒုက္ခသည်စခမ်းတွေမှာ ရောက်ရှိနေတဲ့  ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့  တပ်မတော်သားတွေ- ပြည်သူ့ ရဲတွေ- အခြားလူမှုရေးအဖွဲ့ အစည်းတွေနဲ့  ဆရာတော် ဦးဝီရသူ အပါအ၀င် သင်္ဃာတော်တွေတချို့ ကိုလဲ ကူညီဝိုင်းဝန်း ပံ့ပိုးနေကြတာကို တွေ့ မြင်နေရပါတယ် ။ ဒီလို ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မိတ္ထိလာမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ဟာ -DVB- အင်တာဗျူးမှာ တည်ငြိမ်အေးချမ်းစပြုနေပြီဖြစ်တဲ့  အရေးအခင်းကို ပိုမိုထပ်မံဖြစ်ပွါးအောင် အခုလို ပြောဆိုသွားတာတွေ့ ရပါတယ် ။
    ( မူဆလင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ နေသူများဖြစ်တယ် ၊ အဖွဲ့ ဝင်တွေလဲ ပါတယ် ၊ ဗမာလူမျိုးတွေဟာ မယုံကြည်နိုင်လောက်အောင် ရိုင်းစိုင်းတယ်၊ ကျနော်က ဘေးကနေ ထိုင်ကြည့်နေခဲ့ ရတယ် ၊ မူဆလင်လူမျိုးတွေဟာ ဒီမှာနေတာကြာလှပြီ ၊ သူတို့ လဲ တိုင်းရင်းသားလူမျိုးဖြစ်တယ် ၊ တိုင်းရင်းသားတမျိုးပေါ့ ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာနဲ့ ပါတ်သက်လို့  မူဆလင်တွေမှာ စိတ်ခံစားချက် ရှိနေသလို ဗမာလူမျိုးတွေမှာလဲ စိတ်ခံစားချက်ရှိနေတယ် ၊ အခုလိုပေါက်ကွဲလာတာဟာ အဲဒီရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာကို အခံတွေ ရှိနေလို့ ဘဲ ဖြစ်တယ် ) ။
    ဒါက ဦးဝင်းထိန်ရဲ့  ကမ္ဘာသိ အင်တာဗျူး ပြောဆိုတဲ့ စကားဖြစ်တယ် ။ ဒီလိုပြောဆိုတာကို အပြည့်အစုံ ဖေါ်ပြချင်လောက်အောင် စိတ်ခံစားချက် မရှိလို့  ဒီလောက်ဘဲ မှတ်ထားပြီး ရေးသားဖေါ်ပြလိုက်တာဖြစ်တယ် ။
    ကောင်းပါပြီ ။ မိတ္ထိလာမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကို ကျွန်တော်လေးစားစွာ ပြန်လည်တုန့် ပြန်ရပါတော့မယ် ။ အင်တာဗျူးမှာ ခဏခဏ ပြောသံကြားလိုက်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့  ညွှန်ကြားမှုအရ မိတ္ထိလာမြို့  အရေးအခင်းကို ထိမ်းသိမ်းစောင့်ရှောက်ဖို့  လာသူလို့  ပြောတာကြားရတယ် ။ ဒီတော့ခါ မူဆလင်လူမျိုးတွေဟာ တိုင်းရင်းသားလူမျိုးပါလို့  ဒေါ်အောင်ဆန်းစုကြည်ကများ ညွှန်ကြားပြီး မိတ္ထိလာမြို့ ကို လာရောက်ခဲ့ လေသလားဗျာ ၊ ဒါက ကျွန်တော့်ရဲ့  ပထမ ဦးစွာ မေးချင်တဲ့  မေးခွန်းဖြစ်တယ် ။
    ဒုတိယမေးခွန်းကတော့ အခုဖြစ်ပျက်နေတာဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာနဲ့ ပါတ်သက်လို့  ဆက်လက်ပြီး ဖြစ်ပေါ်လာခဲ့ တဲ့  အခံဘဲလို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ခံယူထားလေသလားဗျာ ၊ ဒီလိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ခံယူထားလေမှာ မဟုတ်ဘူးလို့  ထင်ရပါတယ် ။ ဘာဖြစ်လို့ ဆိုရင် ထင်ရှားတဲ့  နိုင်ငံရေးပါတီတခုဖြစ်တဲ့ အပြင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းကြည် ဦးဆောင်နေတဲ့  ပါတီဖြစ်လို့ လဲဘဲ ကံသေကံမ မသိရဘဲနဲ့  ခိုင်လုံတဲ့  အကြောင်းပြချက် မရှိပါဘဲနဲ့  ဒီမှတ်ချက် ချလေမှာ မဟုတ်ဘူးထင်တယ် ။
    မည်သို့ ပင်ဆိုစေကာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဦးဝင်းထိန်ဟာ အခုလို ကောက်ချက်ချလိုက်တာနဲ့  ပတ်သက်လို့  မိတ္ထိလာမြို့ သူ မြို့ သားတွေကို ရိုင်းစိုင်းတဲ့ လူမျိုးဖြစ်တယ်လို့  ပြောတဲ့ အတွက် နောက်ထပ်မိတ္ထိလာမြို့ သူမြို့ သားတွေကို စိန်ခေါ်လိုက်တဲ့ အသံကို ပေးသလိုဖြစ်နေပါတယ် ။ နောက်ပြီးတော့ အခုဖြစ်ပျက်သွားတာဟာ ရခိုင်ပြည်နယ်ကို အကြောင်းခံပြီး အခံတွေ ရှိနေတဲ့  စိတ်ကြောင့်လို့  ပြောဆိုတာဟာ ငြိမ်သက်နေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်ကိုလဲ ဂယက်ရိုက်ခတ်သွားစေနိုင်ပါတယ် ။ ဒါ့ကြောင့်မို့ လို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်အဖို့  ကျွန်တော့်ရဲ့  မေးခွန်းနှစ်ခုကို မဖြေဆိုလိုဘူးဆိုရင် မိတ္ထိလာမြို့  အရေးအခင်းမှာ သွေးထိုးလှုံ့ ဆော်သူအဖြစ် ဦးဝင်းထိန်ကို တွေ့ ရှိပြီလို့  ပြောလို့ ရနိုင်ပါပြီ ။
    ကျွန်တော်တို့ ဟာ အခုလို သွေးထွက်သံယိုဖြစ်ပြီး လူမှုဒုက္ခအ၀၀ကို ရောက်ရှိစေချင်တဲ့  လူမျိုးတွေ မဟုတ်ကြပါဘူး၊ ဗုဒ္ဒဘာသာဝင် လူမျိုးတွေရဲ့  စိတ်နေသဘောထားနဲ့ ဒုက္ခရောက်သူကို ကူညီခြင်းဆိုတာကို နှလုံးမူထားကြသူများဖြစ်ပါတယ် ။ မိတ္ထိလာမြို့ တင်မက အခြားမည်သည့် မြို့ နယ်မှာလဲဘဲ နေအိမ်တွေ မီးရို့ -လူတွေကို အက်စစ်နဲ့ လောင်း-လည်လှီး-မုဒိမ်းကျင့်-သင်္ဃာတော်တွေ ကွယ်လွန်- လူတွေ သေဆုံးကြရတာမျိုးကို မမြင်လို မတွေ့ လိုတဲ့  လူတွေဖြစ်ကြပါတယ် ။ ဒါ့ကြောင့်မို့ လို အခုလို အရေးအခင်း အဓိကရုဏ်းဖြစ်ပြီဆိုရင် နုတ်၏စောင့်စည်းခြင်း ၊ ကိုယ်၏စောင့်စည်းခြင်းနဲ့  သတိသံဝေဂ တရားများနဲ့ သင်္ခဏ်းစာများကို ရယူပြီး နောင်ကို မဖြစ်ပွါးရအောင် အပြောအဆို ထိမ်းသိမ်းနေကြသူများဖြစ်ပါတယ် ။ အခုလို မြန်မာနိုင်ငံအတွင်းက ထင်ရှားလှတဲ့  နိုင်ငံရေးပါတီတခုက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် အနေနဲ့  အင်တာဗျူး ပြောဆိုလိုက်သံဟာ ဆက်လက်ပြီး သွေးထွက်သံယိုဖြစ်စေဖို့  အရေးအခင်းများကို စနက်တန်ကောင်းကောင်းနဲ့  ဓါတ်ဆီလောင်းပေးလိုက်သလို ဖြစ်နေပါပကော ၊ ဒါ့ကြောင့်မို့ လို မိတ္ထိလာမြို့ ရဲ့  ပြသနာဟာ ရခိုင်ပြည်နယ်က ဖြစ်ရပ်ကို အခြေခံပြီး အခံတွေ ရှိလို့  ဖြစ်တာမဟုတ်ကြောင်း ဖြေရှင်းပြောဆိုကြရမှာ ဖြစ်နေပါတယ် ။ မြန်မာနိုင်ငံတ၀န်းမှာလဲဘဲ နောင်မဖြစ်ပွါးရအောင် အစိုးရကနေပြီး စန်စတကျ ထိမ်းသိမ်းကာကွယ်ပေးဖို့  လိုအပ်ပါတယ် ။
    မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး ရှိပါတယ်လို့  နိုင်ငံတော် သမ္မတဦးသိန်းစိန်က ကမ္ဘာမှာ လှည့်ပတ်ပြောနေခဲ့ သလို မြန်မာနိုင်ငံအတွင်းမှာလဲ အာပေါက်အောင် ပြောဆိုပြီးပါပြီ။ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီကလဲဘဲ အာပေါက်လောက်အောင် ပြောဆိုပြီးပါပြီ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဟာ မူဆလင်လူမျိုးတွေကို တိုင်းရင်းသားလူမျိုးပါလို့  တရားဝင်ထုတ်ဖေါ်ပြောဆိုတာ ဒီအကြိမ် ပထမဆုံးအကြိမ်ဖြစ်တယ် ။ ဒါ့ကြောင့်မို့ လို့ -၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအရ မည်သူက နိုင်ငံသားဆိုသည်ကို မသတ်မှတ်ရခင်မှာ အခုလို တိုင်းရင်းသားလူမျိုးပါလို့  ပြောဆိုထုတ်ဖေါ်လိုက်တာဟာ ကြီးမားစွာသော သံသယများကို ဖြစ်စေပါတယ် ။

    ခိုင်အောင်ကျော် ( နယူးယောက်

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်