မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 31 March 2013

တရုတ်နိုင်ငံဘက်သို့ သစ်မှောင်ခို ခိုးထုတ်မှု


chinawood-march31
တရုတ်-မြန်မာ နယ်စပ် ရွှေလီကြယ်ခေါင်တွင် တွေ့ရသော သစ်လုံးတင်ကား တစ်စီးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ကချင်စစ်ပွဲ စခဲ့သည့် အချိန်မှစ၍ တရုတ်နိုင်ငံဘက်မှ သစ်မှောင်ခို ခိုးထုတ်မှု အရှိန်မြင့်တက်လာပြီး တရုတ်နယ်စပ်တစ်လျှောက် ကချင်ပြည်နယ် မိုးမိတ်မြို့မှ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း ထီးချိုင့်အထိ သစ်ခိုးထုတ်သော ကားများနှင့် ယာဉ်ယန္တရားများ ၀င်ရောက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
"တရုတ်ဘက်က သစ်မှောင်ခို ကုန်ကူးတဲ့ကားတွေက ကချင်စစ်ပွဲနောက်ပိုင်း တော်တော်အရှိန်မြင့်တက်လာတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး တရုတ်က သူ့ယာဉ်ယန္တရားနဲ့ သူဝင်ပြီး ခုတ်ယူနေတာ။ အခုဆို ကချင်ပြည်နယ်
မိုးမိတ်လောက်က စလာတာ၊ စစ်ကိုင်းတိုင်း ထီးချိုင့်လောက်အထိ ရောက်လာတယ်။ အခု နှစ်နှစ်အတွင်းမှာ သူတို့ခုတ်ယူတဲ့ သစ်က တန်ချိန်ခုနစ်သိန်းကျော်လောက် ရှိနေပြီ။ ရသလောက် အကုန်ယူတာပဲ။ ကားအစီးရေ ရာနဲ့ချီပြီး ၀င်ထွက်သွားလာမှု ရှိတယ်။ ကချင်ပြည်နယ် ဗန်းမော်၊ မဘိမ်း၊ မိုးမိတ် အဲဒီဘက်မှာ အကြီးအကျယ် ထုတ်တယ်။ လူ without ကားလည်း without ပဲ။ ကိုယ့်အသား ဖဲ့ရောင်းသလို ခံစားရတယ်။ သဘာဝပတ်ဝန်းကျင်လည်း တော်တော်ထိခိုက်နေပြီ။ ၀င်လာတဲ့ သစ်တွေကို သူ့နိုင်ငံဘက်က တစ်တန်ကို ယွမ် ၁၂၀၀ လောက် ကောက်တယ်လို့ သိရတယ်။ အခု ရွှေလီမှာ သစ်တောင်ထားစရာ နေရာမရှိတော့ဘူးလို့ သိရတယ်" ဟု တရုတ်-မြန်မာနယ်စပ်မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
တရုတ်ပြည်ဘက်မှ မှောင်ခိုသမားများ မြန်မာနိုင်ငံတွင်းမှ ခုတ်ယူသော သစ်များမှာ ကျွန်း၊ တမနန်း၊ အင်ကြင်း၊ ပိတောက်၊ သစ်ရာ စသည့်သစ်များဖြစ်ကြောင်း၊ ၁၂ ဘီးကားများ အစီးရာနှင့်ချီ၍ ၀င်ရောက်ပြီး တင်ယူနေကြကြောင်း သိရှိရသည်။
"ပျမ်းမျှအားဖြင့် သစ်တင်တဲ့ကားက တစ်ရက်ကို အစီး ၂၀၀ ၀န်းကျင်လောက် ရှိမယ်။ သွားတဲ့လမ်းကြောင်းကတော့ ကချင်ပြည်နယ်အဆုံး မန်းဝိန်းကနေပြီးတော့ ပန်ခမ်းတံတားကို ဖြတ်ပြီး တရုတ်ပြည်ဘက် သယ်တယ်။ စစ်ကိုင်းတိုင်းအထိ ၀င်ဆွဲတယ်။ ဒါပေမဲ့ အစိုးရ ထိန်းချုပ်တဲ့ဘက်ကို မရောက်ဘူး။ တောနေရာတွေလို့ သိရတယ်။ တကယ်က မြန်မာနိုင်ငံထဲက သစ်တွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဆုံတဲ့နေရာ ကြိုးစုံဆိုတဲ့နေရာမှာ ချထားတယ်။ အဲဒီနေရာကတစ်ဆင့် တဖြည်းဖြည်း တရုတ်ကို သယ်ယူတာပါ" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

ကားအစီးရေ ရာနဲ့ချီပြီး ၀င်ထွက်သွားလာမှု ရှိတယ်။ ကချင်ပြည်နယ် ဗန်းမော်၊ မဘိမ်း၊ မိုးမိတ် အဲဒီဘက်မှာ အကြီးအကျယ် ထုတ်တယ်။ လူ without ကားလည်း without ပဲ။ . . . .
ထို့အတူ တရုတ်ရွှေလီဘက်ခြမ်းတွင် ပရိဘောဂ စင်တာကြီးတစ်ခုရှိပြီး ယင်းပရိဘောဂစင်တာတွင် မြန်မာနိုင်ငံမှထွက်သော ကျွန်း၊ တမန်နန်း စသော သစ်များဖြင့် ပြုလုပ်ထားသည့် အိမ်ထောင်ပရိဘောဂ ပစ္စည်းများ အများအပြား ခင်းကျင်းပြသထားပြီး ယွမ်ငွေသန်းနှင့်ချီ၍ တန်ဖိုးရှိကြောင်း သိရှိရသည်။
"ယခုရက်ပိုင်းအတွင်းမှာဘဲ သစ်တင်ကားတွေကို ဆက်တိုက်တွေ့နေရတယ်။ အပင်တွေက ဘယ်လောက်ကြီးသလဲဆိုရင် ၂၂ ဘီးကားနဲ့ တင်တာတောင် တစ်စီးမှာ သစ်လုံးကခြောက်လုံး၊ ခုနစ်လုံးလောက်ပဲ ရှိတယ်။ သူတို့က အမြစ်ကနေအစ အကုန်သယ်ယူသွားတာ ဒီလိုသစ်တွေကို မှောင်ခိုထုတ်လိုက်တဲ့အတွက် ဒေသခံ အကျိုးအမြတ်ရှိတယ်ဆိုတာက နည်းနည်းပါ။ တကယ်အကျိုးအမြတ် ရှိသွားတာက တရုတ်စီးပွားရေး သမားတွေပဲ။ဒီလိုထုတ်လာတာ အခုမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနှစ်နှစ်အတောတွင်းမှာ တော်တော်ကို သိသာလာတယ်၊ တောတွေလည်း ပြောင်သလောက်ဖြစ်နေပြီ ရေရှည်မှာ ဒေသခံတွေအတွက် စီးပွားရေး၊ လူမှုရေး ဒုက္ခတွေအများကြီး ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်။ သစ်တောတွေ မရှိတဲ့အတွက် ရာသီဥတု ဖောက်ပြန်တာ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တာတွေ အများကြီး ဖြစ်လာနိုင်တယ်" ဟု နယ်စပ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ပြောပြခဲ့သည်။
ယင်းကဲ့သို့ သစ်မှောင်ခိုကူးရာတွင် ၎င်းတို့လုပ်ငန်းများ အဆင်ပြေ ချောမွေ့ရန်အတွက် ဒေသခံလူများအတွက် စိတ်ကြွဆေးပြားများပါ ပေးဝေ၍ လုပ်ဆောင်လာကြောင်း သိရှိရသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်