မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 20 March 2013

လေယာဉ် သုံးစင်း ပြသ

သြစတြီးယား နိုင်ငံမှ ဝယ်ယူခဲ့သည့် အမောင်းသင် လေယာဉ် သုံးစင်း ပြသ

မြန်မာ နိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ခွင့် ရရှိသည့်   ပုဂ္ဂလိက မြန်မာလေကြောင်း အကယ်ဒမီ (Myanmar Aviation  Academy-MAA)  တွင် အသုံးပြု မည့် DA-40   လေယာဉ်များနှင့် စပ် လျဉ်း၍ မီဒီယာသို့ ရှင်းလင်း ပြသခြင်း အခမ်းအနားကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အနီးရှိ Season ဟိုတယ် ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပ သည်။

မီဒီယာသို့ ယနေ့ ပြသသော  လေယာဉ် သုံးစင်းမှာ သြစတြီးယား နိုင်ငံမှ ဝယ်ယူခဲ့သည့် အမောင်းသင် လေယာဉ် များ ဖြစ်ပြီး နိုင်ငံ တကာ လေယာဉ်မောင်း သင်တန်းကျောင်း များတွင် အသုံးပြု နေကြသည့်  Diamond   Aircraft  40-new   generation  DA-40 လေယာဉ် များ ဖြစ်သည်။ လေယာဉ်များကို သြစတြီးယား နိုင်ငံ Diamond   Aircraft   Industries ကုမ္ပဏီမှ တစ်စင်းလျှင် အမေရိကန် ဒေါ်လာ ၃၅ဝဝဝဝ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်နာရီလျှင် မိုင် ၁၂ဝ မှ ၁၅ဝ ထိ မောင်းနှင်နိုင်ကြောင်း၊လေယာဉ် များကို အသစ် ဝယ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်း မှူးချုပ် တို့က ရှင်းပြ ကြသည်။
ယင်းနောက် အမောင်းသင် လေယာဉ် DA-40  လေယာဉ် သုံးစင်းကို မီဒီယာ သမားများ ကြည့်ရှု လေ့လာ ကြကြောင်း သိရသည်။

http://bit.ly/15oN72q

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်