မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 18 March 2013

လက်ပန်းတောင်းတောင် အစီရင်ခံစာ

Soe Thura Tun ကိုမင်းကိုနိုင် သတိနဲ့ပြောဗျာ။ ပြည်သူတွေ ပူးပေါင်း ခဲ့သဘောတူ ခဲ့ကြလို့ မြန်မာပြည်တ၀ှမ်းမှာ ကြက်ဆူပင်တွေ လွှမ်းခဲ့ကြသလိုဖြစ်နေပြီ။ တကယ်လည်း လွှမ်းခဲ့ပေတာကိုး။ ရန်ကုန်တက္ကသိုလ် ၀န်းထဲကနေ ဟိုး ပင်းတယ တောင်တန်း က ရွာလေးတွေထိ ကြက်ဆူပင်တွေစိုက်ခဲ့ကြတာ ပြည်သူတွေ ပူးပေါင်း လို့ သဘောတူလို့မဟုတ်ဘူးနော်။
အပေါ်ယံ ဖြစ်စဉ်တစ်ခုကို ကြည့်ပြီး ပြည်သူတွေ ဒီလို မြင်တယ်။ ဒီလို သဘောထားတယ် လို့ ဆိုရင်/ မြင်ရင် လုံးဝ မှားပါတယ်။ ပြည်သူ တစ်ဦး၊ တစ်စု မှာ သူတို့ ရဲ့အကြောက်တရားတွေ၊ သူတို့ အနီးဆုံးကပ်ပြီး သွေးဆောင်နေမှု တွေ ရှိနေပါတယ်။ ကျွန်တော်တို့ကြည့်ရမှာက အပေါ်ယံ၊ ဒါမှ မဟုတ် တကွက် ကလေး မဟုတ်ဘူး။ တိုင်းပြည် တစ်ခုလုံးက ဘာကို လိုချင်တယ်။ ဘာကို သဘောတူတယ်။ အနာဂတ်က ဘယ်ဟာ။ မျှော်လင့်ချက်က ဘယ်ဟာ ... ဆိုတာကိုပါ။ ဗိုလ်ချုပ်က လူထုကို ဘယ်တုံးက မှ မြှောက်ပင့် မပေးခဲ့ဘူး။ လူထု ထဲက တချို့တနေရာမှာ ညံ့တာတွေကို ပဲ ဆုံးမခဲ့တယ်။ ကိုမင်းကိုနိုင်နဲ့ ၈၈ သူငယ်ချင်းတွေကို ... လူထု ကို ကောင်းသော လမ်းညွှန်မှုပေးနိုင်မယ့် သူတွေပဲ ဖြစ်စေချင်တယ်။ ကျွန်တော်တို့ ဘိုးဘွားတွေ နယ်ချဲ့လက်အောက်က တွန်းလှန်ခဲ့ကြရ၊ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကိုယ်တိုင် အာဏာရှင် နဲ့ ရင်ဆိုင်ရ၊ ဒီလိုအချိန်တွေနောက်မှာ လတ်တလော ထက် အနာဂတ် တိုင်းပြည် ဘယ်သွားမလဲ ဘာလုပ်မလဲ တွေးစေချင်တယ်။ ပြည်သူ လူထု ကို ပိုကောင်းတဲ့ ပိုမှန်တဲ့ လမ်းဆီ ရောက်အောင် ခေါ်ကြပါ။ ကျွန်တော်လည်း ပြည်သူ တစ်ယောက်မို့ နောက်က လိုက်ချင်နေပါတယ်။
လက်ပန်းတောင်းတောင် အစီရင်ခံစာအပေါ် ကိုမင်းကိုနိုင်ရဲ့ သုံးသပ်ချက်များ
===============================
ဒါကအစီရင်ခံစာပါ၊ အစိုးရ အမိန့်လဲ မဟုတ်ဘူး၊ ဆုံးဖြတ်ချက်လဲ မဟုတ်ဘူး။ ဒီအစီရင်ခံစာပေါ်မှာ မူတည်ပြီး ရှေ့ဆက်ရမှာပါ။ နောက်တစ်ခုက ဒေသခံပြည်သူတွေရော၊ ဒီစီမံကိန်းနဲ့ပက်သက်ပြီး စိုးရိမ်ကြောင့်ကြရှိသူတွေ စိတ်ဝင်စားတဲ့သူ တွေရဲ့အသံတွေကိုလဲ ဆက်ပြီးနားထောင်သင့်ပါတယ်။ အဲ့ဒါတွေကို သိုင်းပြီး ခြုံပြီးတော့မှ ရှေ့ဆက်ရပါမယ်။ ဒီအစီရင်ခံစာဟာ နောက်ဆုံး ဆုံးဖြတ်ချက်လဲ မဟုတ်ဘူး။ အမိန့်လဲ မဟုတ်ဘူး၊ ပြုလွယ် ပြင်လွယ်ရှိပါသေးတယ်လို့ နားလည်ပါတယ်။

စာချုပ်တွေ ပြန်လည်ပြင်ဆင်စရာရှိတယ်ဆိုတာ ထောက်ပြထားတာဟာ ဒီအစီရင်ခံစာရဲ့ အားသာတဲ့အချက်တွေပေါ့။ အားနဲချက်အနေနဲ့ အကျိုးအမြတ်ခွဲဝေတဲ့နေရာမှာ အမြတ်ရတယ်ဆိုတာ ဘယ်လောက်လဲ မပါဘူး။ လုပ်ခွင့်တွေကို တိတိကျကျမရပဲ လုပ်နေတာ တွေ့ရတယ်။ အဲ့ဒါကတော့ ဒီအစီရင်ခံစာရဲ့ အားနဲချက်တွေပေါ့။

ကျနော့သဘောက ဒေသခံပြည်သူတွေရော၊ ဒီကိစ္စဟာ ငါတို့နဲ့သက်ဆိုင်တယ်လို့ တွေးထားတဲ့ ပုဂ္ဂိုလ်တွေ၊ တခြားစိတ်ဝင်စားတဲ့သူတွေ အကုန်လုံးဟာ မိမိတို့ရဲ့ သဘောထားတွေကို အေးချမ်းစွာ ဖော်ထုတ်ခွင့် ရှိကိုရှိရပါလိမ့်မယ်။ သက်ဆိုင်ရာကလဲ ခွင့်ကိုပြုရပါလိမ့်မယ်။ အဲ့ဒါမှ ပြည်သူတွေရဲ့လိုအပ်ချက် ဘယ်လောက်ရှိတယ်၊ တကယ့်အကျိုးစီးပွါး ဘယ်လောက်ရှိတယ်ဆိုတာ ခွဲခြားရမှာပေါ့။ အခုက ကိန်းဂဏန်းအရေအတွက် ပမာဏ ဘယ်လောက်ရှိမှန်းမသိ။ ဒေသခံတွေတင်ပြတဲ့ သူတို့နစ်နာချက်တွေကလဲ ကျနော်တို့ စဉ်းစားရမယ့် အချက်တွေပေါ့။ ဒီအစီရင်ခံစာဟာ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်နေပါသေးတယ်။ အကျိုးအမြတ်ခွဲဝေမှုမှာ တိတိကျကျသိဖို့လိုပါတယ်။

ဒီဟာက အစီရင်ခံစာပဲဖြစ်လို့ ကျနော်တို့က တစ်ခုလုံးကို ထောက်ခံတယ် ကန့်ကွက်တယ်လို့ ပြောစရာလဲ မရှိဘူး၊ အားနဲချက် အားသာချက်တွေကို ထောက်ပြမယ်၊ ပြီးတော့ ဒေသခံပြည်သူတွေနဲ့ ညှိကိုညှိရမယ်ဗျ။

ဒီမိုကရေစီရေး ကျိုးစားခဲ့ကြတဲ့ ရဲဘော် ရဲဘက်တွေအချင်းချင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်စေချင်ပါဘူး။ 

အစိုးရကချည်း တစ်ဖက်သက်ဆောင်ရွက်တာမျိုးတော့ ကျနော်တို့က သဘောမကျဘူးဗျ။ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အမြဲတမ်းပါသင့်တယ်။ ပြည်သူတွေမပူးပေါင်းဘူး ပြည်သူတွေသဘောမတူဘူးဆိုရင် ကြက်ဆူပင်တောင် တစ်ပင်မှ စိုက်လို့မရဘူး။ အဲ့ဒါကို နမူနာယူကြဖို့ လိုတယ်။

ကျတော်တို့တွေ့ခဲ့ရတာတော့ အရေပြားတွေပါ မီးဆွဲလောင်သွားတယ်ဆိုတော့ အခေါ်အဝေါ်အားဖြင့်တော့ မီးလောင်ဗုံးပဲပေါ့ဗျာ။ သက်ရောက်မှုက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ ရဟန်းရှင်လူတွေအပေါ်မှာ မီးစွဲလောင်တဲ့အထိဖြစ်သွားတော့ အဲ့ဒီအပေါ်မှာ တာဝန်ယူမှုတော့ ရှိရလိမ့်မယ်။ လက်စားခြေလိုတဲ့စိတ်နဲ့ ပြောတာ မဟုတ်ဘူးဗျ။ ဘယ်အလုပ်မဆို တာဝန်ယူမှုရှိရလိမ့်မယ်။ အဲ့ဒီအပေါ်မှာ ထိုက်လျောက်တဲ့ အရေယူဆောင်ရွက်မှုရှိဖို့ လိုပါတယ်။ မဟုတ်ရင် နောင်တစ်ချိန်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို မီးခိုးဗုံးပဲခေါ်ခေါ်၊ မီးလောင်ဗုံးပဲ ခေါ်ခေါ်၊ ပစ်လိုက်ရင် လူကိုပါမီးလောင်တတ်တဲ့အရာတွေနဲ့ ဖြိုခွင်းမယ်ဆို ဘယ်လို လုပ်မလဲ။

********************************************
လွတ်လပ်သော အာရှအသံနှင့် ယနေ့ (သောကြာနေ့) [၁၅ရက် ၃လ ၂၀၁၃] မေးမြန်းခန်းမှ အဖြေစကားများအပေါ် ကိုးကားပါသည်။
Source>> https://soundcloud.com/burmeserfa/lapadaung-report-interview-min

Via- အတွင်းသတင်း
လက်ပန်းတောင်းတောင် အစီရင်ခံစာအပေါ် ကိုမင်းကိုနိုင်ရဲ့ သုံးသပ်ချက်များ
==============================
=

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်