မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 18 March 2013

အင်တာနက်ကို အကျိုးရှိရှိ

အင်တာနက်ကို အကျိုးရှိရှိ တွင်ကျယ်စွာ အသုံးပြုကြသည့် စင်္ကာပူ တပ်မတော်သားများ

စစ်မှုထမ်းတစ်ဦး ကိုယ်ပိုင် အကောင့်တစ်ခုဖြင့် ၀င်နိုင်သော စင်္ကာပူ စစ်မှုထမ်း web portal
အရှေ့တောင်အာရှ နိုင်ငံများရှိ စစ်တပ်များထဲတွင် အင်တာနက် အသုံးပြုမှု အတွင်ကျယ်ဆုံး နိုင်ငံမှာ စင်္ကာပူ ဖြစ်သည်။ စင်္ကာပူနိုင်ငံမှ စစ်မှုထမ်း တစ်ဦးနှင့် ပတ်သက်သည့် မည်သည့် အချက်ကို သိလိုသည် ဖြစ်စေ၊ အင်တာနက်ရှိ စင်္ကာပူ စစ်တပ် ၀က်ဆိုဒ်များမှ တစ်ဆင့် အလွယ်တကူ ရှာဖွေနိုင်လေသည်။ ကျန် သည့် နိုင်ငံ များတွင်တော့ အသေးစိတ် ဖော်ပြထားသည်များ မရှိသဖြင့် စင်္ကာပူ နိုင်ငံမှ တပ်မတော် သား များ ၏ အင်တာ နက်ကို အကျိုးရှိရှိ တွင်ကျယ်စွာ အသုံးပြုကြပုံအား လေ့လာမိတော့သည်။
အွန်လိုင်းပေါ်တွင် ရှိသော လေ့ကျင့်စခန်းမှ စစ်မှုထမ်းများ 
စင်္ကာပူ နိုင်ငံသည်ကား စစ်မှုမထမ်း မနေရ ကျင့်သုံးသော နိုင်ငံဖြစ်သည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော် ကာ ကွယ်ရေးအတွက် စစ်မှုထမ်းရမည်ဟု ယုံကြည်ပြီး စင်္ကာပူနိုင်ငံသားတို့ကလည်း စစ်သားဖြစ်ရခြင်း အ တွက် ဂုဏ်ယူကျေနပ်ကြသည်။ ဤတွင် မြန်မာနိုင်ငံမှ ကျောင်းသွားတက်ရင်း PR( အမြဲတမ်းနေထိုင်ခွင့်) ရထား သူ များလည်း စင်္ကာပူ စစ်မှုထမ်း စနစ်တွင် အကျုံးဝင်ပြီး စစ်မှုထမ်းရသည် ဖြစ်သည်။ ( မြန်မာနိုင်ငံ တွင် စစ်မှုမထမ်းမနေရ ကျင့်သုံးပါက PR ရထားသည့် စင်္ကာပူရောက် မြန်မာများ ထိုနိုင်ငံတွင် တစ်လှည့်၊ မြန်မာ နိုင်ငံတွင် တစ်လှည့် နှစ်နိုင်ငံ စစ်မှုထမ်းရနိုင်လေသည်။)
ကျောပိုးအိတ် သယ်ခိုင်းသည်ဟု ဆိုကာ ဝေဖန်သံများ ဆူညံစေခဲ့သော စင်္ကာပူ စစ်သား
စင်္ကာပူနိုင်ငံသားတို့သည် ၁၈ နှစ် မတိုင်ခင် ကာလတွင် စင်္ကာပူ စစ်မှုထမ်း ၀က်ဆိုဒ်တွင် မှတ်ပုံတင် အေ ကာင့် ပြုလုပ်ထားရသည်။ စစ်မှုထမ်းရမည့် ရက်များ၊ စစ်မှုထမ်းရမည့် ကာလ၊ သတင်းပို့ရမည့်နေရာ အ စ ရှိ သည်တို့ ကို အင်တာနက်မှ တစ်ဆင့်သာ အီးမေလ်းဖြင့် ပြုလုပ်သည်။ အချို့နေရာများတွင် ဖုန်း မက်ဆေ့ ခ်ျဖြင့် သတင်း ပေး ပို့သည်။
ဆေးလိပ်သောက်ပြီး စည်းကမ်းမဲ့ ပစ်သည့် စင်္ကာပူစစ်သား
ထို့ပြင် အဆိုပါ ၀က်ဆိုဒ်များတွင် ဆွေးနွေးခန်း(Forum) များလည်း ပြုလုပ်ထားပြီး စစ်မှုထမ်းနေသူများ၊ စစ် မှုမ ထမ်းရသေးသူများ ဆွေးနွေးပြောဆိုနိုင်သည့် အင်တာနက် ၀က်ဆိုဒ်များလည်း ရှိသည်။ စင်္ကာပူ စစ်မှု ထမ်း တစ်ဦး လိုအပ်သမျှ၊ သိလိုသမျှ အားလုံးအား အင်တာနက်တွင် အလွယ်တကူ ရနိုင်သဖြင့် ၄င်းတို့ အ တွက် အင်တာနက်ကို မသုံးရပါက ပို၍ အခက်တွေ့ကြရသည်။
တပ်မတော်နှင့် ပတ်သက်သော ကြေငြာချက်များ၊ စစ်ပစ္စည်းရောင်းချသည့် ဆိုင်များ၊ ကလပ်များ ကြော်ငြာ များ လည်း အင်တာနက်တွင် ရှိသည်။ နာမည်စာရင်းအလိုက် လူကို ရှာဖွေရန်လည်း  အင်တာနက်တွင် ရှိ သည်။ မိမိ ဘယ်အချိန်တွင် စပြီး စစ်မှုထမ်းရမည်ကိုလည်း အင်တာနက်တွင် ကြည့်နိုင်သည်။
ထိုမျှ အင်တာနက်ကို တွင်ကျယ်စွာ အသုံးပြုကြသော်လည်း စင်္ကာပူ စစ်သားတို့ကြောင့် အင်တာနက်တွင် သတင်းပေါက် ကြားသည် မရှိခဲ့ပေ။ စင်္ကာပူ စစ်သားတို့ ပြောဆိုကြသည်များမှာလည်း အစိုးရမှ တရားဝင် ကြေငြာ သည့် အပေါ်တွင် ဆွေးနွေးကြခြင်းမို့ မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။ အင်တာနက် တွင် စင်္ကာပူ စစ်သားများသည် သာမန်ပြည်သူနှင့် မခြား ပြောဆိုဆက်ဆံသဖြင့် စစ်သားနှင့် ပြည်သူ တစ် သား တည်း ဖြစ်နေသည်ကိုလည်း တွေ့ရသည်။
စင်္ကာပူ စစ်သားများ ပြုလုပ်သည့် ရာဇ၀တ်မှုများ၊ စင်္ကာပူ စစ်သားတို့၏ စစ်သားမဆန်သည့် အပြုအမူများ၊ မကောင်း သည့် အကျင့်စရိုက်များ၊ သိက္ခာမဲ့ အပြုအမူများကို အင်တာနက် ၀က်ဆိုဒ်များ၊ နိုင်ငံတွင်းရှိ သ တင်း စာများမှ ဖော်ထုတ်ရေးသားကြသည်။ သို့သော် ထိုနိုင်ငံတွင် ၀ါးလုံးရှည်နှင့် သိမ်းကျုံး ရမ်းတတ် သူ များ မရှိ။ လူတစ်ဦး ပြစ်မှုကျူးလွန်သည်ဟုသာ သဘောထားကာ ဆွေးနွေး ပြောဆိုကြသည်။ 
 ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ချိန်သည့် စင်္ကာပူ စစ်သား


 ရိုင်းပျသော စင်္ကာပူ စစ်သား
 ကျောပိုးအိတ် လွယ်ခိုင်းသဖြင့် ၀ိုင်းပြီး နောက်ပြောင်ကြ
 မိသားစုနှင့် အတူတကွ
ထိုသို့ အင်တာနက်ကို အကျိုးရှိရှိ အသုံြးု့ပုသည့် စင်္ကာပူ စစ်သားများကြောင့် စင်္ကာပူနိုင်ငံသားတို့သည် စစ်မှု ထမ်း ဖြစ်ရခြင်းကို ဂုဏ်ယူကြသည်။ ရင့်ကျက်မှု ရှိလာသည်ဟု ခံစားကြသည်။ ပြည်သူနှင့် တစ်သား တည်း ဖြစ်နေကြသည်ကိုလည်း တွေ့ရလေတော့သည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်