သူနေတဲ့မြို့မှာ တောင်မရှိဘူး သူနေလို့ရတယ်
သူနေတဲ့အိမ်မှာ မိသားစုဝင်တွေမရှိဘူး သူနေလို့ရတယ်
သူသောက်မယ့်ရေမှာ အဆိပ်သင့်မသင့် သူမစမ်းဖူးဘူး သူသောက်လို့ရတယ်
ဟေ့ ဒီမှာ ကမ္ဘာမကြေ တေးကို ရင်ထဲမှာထုံနေအောင်သူဆိုပီးသား
မင်းတို့ မိသားစုနဲ့ ပျော်ပါးမော်ကြွားနေချိန်မှာ သူဟာ အိမ်အိုပျက်ထဲက အထီးကျန်အကျဉ်းသမားဘဝ
မတရားတဲ့အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ
ပစ်မယ့်ဆဲဆဲ သေနတ်ပြောင်းရှေ့မှာ သူရဲကောင်းပီသလိုက်ပုံများ
မင်းတို့ဖီဆန်ခဲ့ကြလား ဒီပဲရင်းမှာ ဝိုင်းရိုက်တာခံရတော့ ဗွီဒီယိုရုံမှာ တခိခိ အကြည့်မှပျက်ရဲ့လား
အခုမှ
ကမ္ဘာမကြေအလွတ်ကျက်ပီ့း
နှလုံးသားတွေ သူ့ကိုသွားမရောင်းနဲ့ ရှိတဲ့နှလုံသားတောင်တိုင်းပြည်အ
လက်ပတောင်းတောင် အရိပ်ကို တပြည်လုံးကမခိုပါဘူး
သူ့အရိပ်ကိုတော့တပြည်လုံးကခိုနေ
သူ့မှာရစရာဘာမှမကျန်ဘူး ရှိတဲ့အိမ်စုတ်လေးလဲတချိန်မှာပြ
သူပြောတဲ့စကားတွေ ငါတို့အထပ်ထပ်ပြန်ရွတ်မယ်
ကမ္ဘာပေါ်လူပီသစွာနေထိုင်ပီး သူထွက်သွားမယ်
သူစိုက်တဲ့ အပင်က အသီးတွေ မင်းတို့ငါတို့မျိုးဆက်တွေ စားကြပေါ့
မင်းတို့ရွာမှာဆယ်နှစ်နေလို့ မင်တို့တိုက်ဆောက်ရမလား
ကားစီးရမလား ရွှေပုံကြီးဖင်ခုထိုင်ပီး ချီးတွင်းတွေပဲ တိုးလာမယ်မဟုတ်လား
တိုင်းပြည်အတွက် တိုင်းပြည်အတွက် ကဲ တိုင်းပြည်အတွက် မင်းယာခင်းကိုအလှုခံမယ်ကွာ တပြားမှမပေးဘူး ဘယ်လိုလဲ
တိုင်းပြည်အတွက် မင်းဆွဲကြိုးအလှုခံမယ် တပြားမှမပေးဘူး ဘယ်လိုလဲ
ကဲ ဘယ်သူ့လက်မှမအပ်ဘူး မင်းတို့ယုံကြည်တဲ့ဆရာလက်ပဲ အပ်မယ်ကွာ
ဘယ်လိုလဲ မင်းမိသားစုကို တိုင်းပြည်အတွက် သူ့လို ပေးမလား ရဲလား
အခုပဲ မင်းအိမ်ထိတော့ မင်းရင်ခုန်နေပီမလား
မှန်တယ် မှားတယ်ဝေဖန်လို့ရတယ်
အညာနေပူပူမှာ တိုင်းပြည်ကြီးကို ခါးမှာချီပီး ရုန်းကန်ဆွဲနေရတဲ့ အမယ်အိုတစ်ယောက် ကို လမ်းဆင်းလျှောက်ခိုင်းသတဲ့
ကမ္ဘာက လေးစားရတဲ့ အသက် ၆၈ အရွယ် မိခင်အိုတစ်ယောက်ကို
အော်ကြီးဟစ်ကျယ် ရန်တွေ့သတဲ့
အနားကပ်ဝိုင်းအော်တာများ တရုတ်ထောက်ခံသူတဲ့
သြော် ပညာမဲ့မဲံ့ ဥစ္စာမဲ့မဲ့
မင်းအသိတရားတော့မမဲ့စေနဲ့ကွဲ့
ဟောဒီ အမေကြီးဒီအချိန်မှာမတော်တဆ လဲပြိုသွားရင်
ငါတို့ဘယ်မျက်နှာနဲ့ ကမ္ဘာမှာ လူလုပ်မလဲ
ဘယ်မျက်နှာနဲ့ ကျည်ကွယ် မျက်ကွယ်မှာအေးဆေးအိပ်ရမလဲ
မင်းတို့သိတဲအသိတရားက အပြစ်ရှိတဲ့လူ အပြစ်ဒါဏ်ပြန်ခံရဖို့ပဲသိတာ
သူသိတဲ့အသိတရားက အပြစ်ရှိတဲ့လူ နောင်အပြစ်မလုပ်အောင်ပြင်တာ
သူဟာ သားသမီးကောင်းတွေရဲ့မိခင်သက်သက်
သားဆိုးသမီးတွေရဲ့မိခင်လဲဖြစ်တယ
သူလိုချင်တာ ဒီမိုကရေစီသက်သက်မဟုတ်ဘူး
သူလိုချင်တာ မျက်လုံးတစ်လုံးကိုဖောက်ရင် မျက်လုံးနှစ်လုံးလင်းစေချင်တာ
သူခံရတာတွေကို စာဖွဲ့ချင်တာမဟုတ်ဘူး လောင်စာအဖြစ်ထိုးကြွေး ပြာဖြစ်တာတောင် မြေသြဇာလုပ်ပေးချင်တာ
သူဟာ ဒီခေတ်ထဲ အိမ်ထောင်သားမွေးလုပ်ဖို့လာတာမဟ
ရောက်တုန်းအခိုက်ကမ္ဘာကြီးကိုလမ်
မင်းတို့က မင်းတို့အိမ်ကိုဆောက်တယ် သူက ခေတ်ကြီးကိုဆောက်နေတာ
သူ ခြေတလှမ်းကအစ အသက်တချက်ရှုတာအဆုံး
အုတ် တစ်ချပ် သဲတပွင့် ခင်းခင်းပေးသွားတာ
သူဟာအသုံးချပစ္စည်းတစ်ခုလိုပဲ အိမ်ရှေ့မှာထားထား အိမ်နောက်ဖေးထားထား
သူ့တန်ဖိုးကိုသူ ဆောင်နေတာ
မိဘမျက်ရေ တစ်စက် သားသမီးဆင်းရဲတသက်တဲ့
မိဘက သားသမီးကိုမညိုငြင်ဘူး သားသမီးကမိဘကိုပြန်ညိုငြင်တဲ့အခ
မင်းတို့စဉ်းစားကြည့်ပါ
(ဖတ်မိတဲ့ လူတွေရှိရင်တောင်းပန်ပါတယ်ဗျာ အခုတလောစာမျက်နှာရှုပ်ခဲ့ရင် မပြောပဲမနေနိုင်လို့ ပြောမိတယ်သာမှတ်ပါတော့)
သံလွင် ရရစ်
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်