ဝရမ်းပြေးကြော်ငြာ ထားသော်လည်း ဖမ်းဆီးအရေး မယူပဲရှိနေသည့် တာချီလိတ်မြို့မှ လောဆန်
တာချီလိတ်မြို့  "ဟုန်ပန်း" ကုမ္ပဏီ ဟောင်း မှ ရှိကွယ်နှိပ် (ခ) လောဆန်
ဆိုသူသည် တပ်မတော်အငြိမ်း စား တစ်ဦးပိုင် လုပ်ငန်းဖော်ဆောင် ခဲ့သည့်
ရေကူးကန်ဟောင်းနှင့် နေအိမ်ဟောင်း တို့  ကို လူအင်အား (၁၃) ဦးဖြင့်
တရားမ၀င် သေနတ်ကိုင် ဆောင်ပြီး ၎င်းကိုယ်တိုင် ဦးဆောင်လျှက်
အိမ်စောင့်ဖြစ်သူအား ကြိမ်းေ မာင်း၊ ဆဲဆို၊ ခြိမ်းခြောက် အိမ်အပြင်
ထွက်ခိုင်းပြီး နေအိမ် တစ်ခုလုံး လူနေမရအောင် ဖျက်ဆီး လုယူခဲ့သည်။
အမှုဖြစ်စဉ် နှင့် ပတ်သတ်သူသည် တာချီလိတ်တရားရုံးမှ ပြစ်မှုကြီး အမှုအမှတ်၊
၃/၂၀၁၁ ပုဒ်မ၊ ၅၁၂ ဖြင့် ၀ရမ်းပြေးကြော်ငြာ ထားသူ တစ်ဦးဖြစ်ပြီး ၎င်းဝရမ်းပြေး
လောဆန် သည် ၂၀၁၃ခုနှစ်၊ တရုတ် နှစ်သစ်ကူး ချိန်တွင် အန်ဘောင်း ပေးသည်ဟုဆို
ကာ တာချီလိတ်စစ်ဗျူဟာနှင့် ဌာနဆိုင်ရာ အချို့  တို့  ကို လိုက်လံ ပေးကမ်း
လျှက်ရှိပြီး ယနေ့  အချိန် ထိ ၎င်းနေအိမ်နှင့် မြို့ လယ်ကောင် တို့  တွင်
ဗြောင်ကြကြ သွားလာ နေ ထိုင် နေသော် လည်း အရေးမယူပဲ ရှိနေသည်ဟု
သတင်းပေးပို့လာပါသည်။
တာဝန်ရှိသူများ ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ပါစေ။
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်