မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 22 March 2013

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်
======================================   
မိတ္ထီလာခရိုင်အား အရေးပေါ်အခြေအနေ ကြေညာရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါသည်။

ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်၊ စာပိုဒ်(၃)တွင် ဖော်ပြထားသည်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။" ဟူ၍ ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)မှာ လိုအပ်လျှင် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ခြင်းအတွက် ပြဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းပြဌာန်းချက်ပါ အခွင့်အာဏာကို ရယူကျင့်သုံးခြင်း မရှိသေးပါ။

ယခု နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်သည့် အမိန့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ အပ်နှင်းထားသည့် အခွင့်အာဏာကို ရယူခြင်းသာ ဖြစ်၍ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း သိစေအပ်ပါသည်။ အရေးပေါ်အခြေအနေ အဆင့်(၂)ဆင့်ရှိသည့်အနက် စစ်အုပ်ချုပ်ရေးမဟုတ်သော အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

အချုပ်အားဖြင့် ယခုထုတ်ပြန်သည့်အမိန့်မှာ "စစ်အုပ်ချုပ်ရေးအမိန့် Military Administrative Order ပါဝင်ခြင်း မရှိသော မိတ္ထီလာခရိုင်အား "State of Emergency ကြေညာခြင်း"သာ ဖြစ်ကြောင်း ရှင်းလင်းအပ်ပါသည်။

(မှတ်ချက်။ စစ်အုပ်ချုပ်ရေး ဖြစ်သွားပြီ ဟူ၍ နားလည်မှု လွဲမှားနေသူအချို့ ရှိနေခြင်းကြောင့် သိရှိစေရန် ရှင်းလင်းရခြင်း ဖြစ်ပါသည်။)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်