မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 20 March 2013

Facebook Fan Page



 ဖေ့ဘွတ်ဖန်ပေ့ထည့်နည်း
1.Facebook Fan Page တစ်ခုဖန်တီးတော့မယ်ဆိုရင်အရင်ဆုံးမိမိတို့ရဲ့Facebook အကောင့်ကိုဖွင့်ထား
   လိုက်ပါ..။ပြီးရင်  ဒီလင့်လေး   အတိုင်းသွားလိုက်ပါ.။နောက်ထပ်ဆက်လုပ်ရမဲ့အဆင့်တွေကိုတော့
   အောက်မှာပုံလေးတွေနဲ့အသေးစိတ်ဖော်ပြပေးထားပါတယ်....။

FaceBook ခေါ် မျက်နှာစာအုပ် လူမှုကွန်ယက်ကြီးမှာ မိမိ ရဲ့ Fan Page လုပ်ထားပြီးတော့ မိမိရဲ့ Blog လေးမှာပါ အဲဒီ့ Fan Page ကလေးကို ဖော်ပြချင်တဲ့သူတွေ အတွက် ရည်ရွယ်ပြီးရေးလိုက်ပါတယ်ခင်ဗျာ ... အဲဒီ့လိုလေး လုပ်ထားတဲ့ အတွက် မိမိ ဘလောဂ့် ကို မရောက်ဖြစ်ဘူး ဆိုရင်တောင်မှ ကိုယ့် ရဲ့ မျက်နှာစာအုပ်က Fan Page မှာ ဖတ်နိုင်အောင်အတွက် အဆင်ပြေတာပေါ့ ...ဒါဆိုရင် ကျွန်တော်တို့ မျက်နှာစာအုပ်က Fan Page ကို ဘယ်လို လုပ်မလဲ .... မျက်နှာစာအုပ်က Fan Page ကို လုပ်ဖို့ အတွက် ဒီအောက်က လင့် ကလေးကို အရင် သွားဖို့လိုပါတယ်
http://www.facebook.com/pages/create.php
အဲဒီ့ကိုရောက်ရင် ကိုယ်လုပ်မဲ့ ပုံစံ ကို အရင်ဆုံး ရွေးပါ့မယ် .. ရွေး ပြီး တော့ နောက်ထပ် ဆက်ပြီးတော့ လုပ်တာလေးတွေ ကိုတော့ ကျွန်တော် အသေးစိတ်မပြောတော့ပါဘူး .. အဲဒါ က သိပ်ပြီးတော့ အခက်အခဲ ကြီး မဟုတ်လို့ပါ ...
ပြီးရင် ဘာဆက်လုပ်မလဲ ...
ကျွန်တော်တို့ အဲဒီ့ Fan Page Gadget ကိုထည့်ဖို့ အတွက် မိမိရဲ့ Fan Page ကို သွားပါ့မယ် ..
အဲဒီ့မှာ Get Started ဆိုတာလေး ရှိပါ့မယ် ... အဲဒါ ကလေးကို နှိပ်လိုက်ပါ ...



နှိပ်လိုက်ပြီးပြီ ဆိုရင် အဲ့ဒီ့မှာ ပုံမှာ ပြထားသလိုလေး Like Box ဆိုတာလေးကို နှိပ်လိုက်ရင် နောက်ထပ် စာမျက်နှာတစ်ခု ကိုရောက်သွားမှာ ဖြစ်ပါတယ် ... ရောက်သွားပြီဆိုရင်တော့ Facebook Page URL ဆိုတဲ့ နေရာလေးမှာ ကိုယ့်ရဲ့ Fan Page ရဲ့ URL ကလေး ကို ထည့်ရမှာဖြစ်ပါတယ် .... အောက်ကပုံက ကျွန်တော့်ရဲ့ FB Fan Page ရဲ့ Url ပါ .. အဲဒီ့လို URL ကလေးကို ကူးပြီးရင် တော့ ....
ဒီအောက်က ပုံလေးထဲ မှာ လို Facebook Page URL မှာ စောစောက ကိုယ့်ရဲ့ FB Page URL ကို ထည့်ပေးလိုက်ရင် ဘေးဘက်မှာပေါ်လာပါ့မယ် ... အဲဒါကလေးကို မှ Get COde ဆိုပြီးတော့ ယူလိုက်ပါ ..


.ပြီးရင်တော့ အဲဒီ့ Code ကလေးကို ကိုယ့်ဘလောဂ့် ရဲ့
Design ==> Add Gadget => html/javascript
ဆိုပြီးတစ်ခုထည့် Paste ပေးလိုက်ရင် အားလုံး အဆင်ပြေသွားပါလိမ့်မယ် .... 

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်